လာလီဂါမှာ ဆွာရက်ဇ်ထက်သာတာ ဘယ်သူလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းသစ်ကို ပြောင်းရွှေ့သွားတဲ့ ဆွာရက်ဇ်တစ်ယောက် စိတ်နာနာနဲ့ ခြေစွမ်းကောင်းပြနေသလားလို့တောင်ထင်ရပါတယ်။ မနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဆယ်လ်တာဗီဂိုအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အက်သလက်တီကို အသင်းတိုက်စစ်မှုး ဆွာရက်ဇ် တစ်ယောက် ဂိုးသွင်းယူပြီးနောက် လာလီဂါသွင်းဂိုး(၁၅၀)ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဆွာရက်ဇ်က သွင်းဂိုး(၁၅၀) ပြည့်မြောက်တာ ဒုတိယမြောက်ကစားသမားဖြစ်ပြီး၊ (၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲမှာ ဆွာရက်စ်ထက် အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ စီရော်နယ်ဒို တစ်ဦးထဲသာရှိပါတယ်။

အဲဒီဥရုဂွေးတိုက်စစ်မှူးဟာ ၂၀၁၄ခုနှစ် နွေရာသီက စပိန် ဘောလုံးလောကကို စတင် အခြေချခဲ့သူ တစ်ဦးဖြစ်ပြီး လာလီဂါအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လာလီဂါပွဲပေါင်း (၁၉၅)ပွဲကစားအပြီးမှာ (၁၅၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ထိပ်တန်းကစားသမား စီရော်နယ်ဒို ကတော့ (၁၄၀)ပွဲကစားအပြီးမှာ (၁၅၀)ဂိုးသွင်းယူကာ စံချိန်တင်ထားတာဖြစ်ပါတယ်။ဆွာရက်စ် ဟာ (၂၀၁၄) က လီဗာပူးလ် အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂိုးတွေအများအပြားသွင်းယူကာ ‌သက်သေပြနိုင်ခဲ့တာပါ။ဘာစီလိုနာဟာ ဆွာရက်ဇ်ကို လီဗာပူးလ်အသင်းကနေ မြင့်မားတဲ့ ပြောင်းရွေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ဆွာရက်စ် ဟာ ဘာစီလိုနာ အသင်းမှာ (၆)ရာသီကြာ ရှိခဲ့ပြီး၊ (၂၈၃)ပွဲပါဝင်ကစားကာ (၁၉၈)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။အဲဒီထဲက (၁၄၇)ဂိုးက လာလီဂါမှာ သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဘာစီလိုနာနည်းပြသစ် အဖြစ် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ကိုးမန်းကြောင့် ဆွာရက်ဇ်တစ်ယောက် သူချစ်ခင်နှစ်သက်ရတဲ့ ဘာစီလိုနာ အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

အခုရာသီမှာတော့ ဥရုဂွေးတိုက်စစ်မှူးဟာ စပိန်ပြိုင်ဘက် အက်သလက်တီကို အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဆွာရက်စ် ဟာ အက်သလက်တီကို အသင်းအတွက်(၄)ပွဲကစားပြီးချိန်မှာတော့ (၃)ဂိုးသွင်းယူကာခြေစွမ်းပြထားနိုင်ပါတယ်။

ဆွာရက်ဇ်ဟာ ဘာကာကသူချစ်လှစွာသောအသင်းဖော်ဟောင်း မက်ဆီကိုကျော်ဖြတ်ကာ လာလီဂါသွင်းဂိုး ၁၅၀ကို အမြန်ဆုံး ပြည့်မြောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါသွင်းဂိုး ၄၅၀ပြည့်မြောက်ဖို့အတွက် ဂိုးအနည်းငယ်သာ လိုအပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဆွာရက်စ်ရဲ့အက်သလက်တီကို အသင်းဟာ လာလီဂါပွဲစဉ်(၄)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင် (၂)ပွဲသရေကျထားတာဖြစ်ပါတယ်။အက်သလက်တီကို အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အဲဒီပွဲပြီးရင်တော့ လာလီဂါ ပွဲစဉ်အဖြစ် ဘက်တစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာလီဂါမွာ ဆြာရက္ဇ္ထက္သာတာ ဘယ္သူလဲ

အသင္းသစ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ ဆြာရက္ဇ္တစ္ေယာက္ စိတ္နာနာနဲ႔ ေျခစြမ္းေကာင္းျပေနသလားလို႔ေတာင္ထင္ရပါတယ္။ မေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဆယ္လ္တာဗီဂိုအသင္းကို ၂ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ အက္သလက္တီကို အသင္းတိုက္စစ္မႈး ဆြာရက္ဇ္ တစ္ေယာက္ ဂိုးသြင္းယူၿပီးေနာက္ လာလီဂါသြင္းဂိုး(၁၅၀)ျပည့္ေျမာက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဆြာရက္ဇ္က သြင္းဂိုး(၁၅၀) ျပည့္ေျမာက္တာ ဒုတိယေျမာက္ကစားသမားျဖစ္ၿပီး၊ (၂၁)ရာစုအတြင္း လာလီဂါၿပိဳင္ပြဲမွာ ဆြာရက္စ္ထက္ အျမန္ဆုံးသြင္းယူႏိုင္တဲ့ ကစားသမားဆိုလို႔ စီေရာ္နယ္ဒို တစ္ဦးထဲသာရွိပါတယ္။အဲဒီဥ႐ုေဂြးတိုက္စစ္မႉးဟာ ၂၀၁၄ခုႏွစ္ ေႏြရာသီက စပိန္ ေဘာလုံးေလာကကို စတင္ အေျခခ်ခဲ့သူ တစ္ဦးျဖစ္ၿပီး လာလီဂါအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ လာလီဂါပြဲေပါင္း (၁၉၅)ပြဲကစားအၿပီးမွာ (၁၅၀)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ထိပ္တန္းကစားသမား စီေရာ္နယ္ဒို ကေတာ့ (၁၄၀)ပြဲကစားအၿပီးမွာ (၁၅၀)ဂိုးသြင္းယူကာ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။ဆြာရက္စ္ ဟာ (၂၀၁၄) က လီဗာပူးလ္ အသင္းကေန ဘာစီလိုနာ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ဂိုးေတြအမ်ားအျပားသြင္းယူကာ ‌သက္ေသျပႏိုင္ခဲ့တာပါ။ဘာစီလိုနာဟာ ဆြာရက္ဇ္ကို လီဗာပူးလ္အသင္းကေန ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူထားခဲ့တာျဖစ္ပါတယ္။

ဆြာရက္စ္ ဟာ ဘာစီလိုနာ အသင္းမွာ (၆)ရာသီၾကာ ရွိခဲ့ၿပီး၊ (၂၈၃)ပြဲပါဝင္ကစားကာ (၁၉၈)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။အဲဒီထဲက (၁၄၇)ဂိုးက လာလီဂါမွာ သြင္းခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဘာစီလိုနာနည္းျပသစ္ အျဖစ္ ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္ကိုးမန္းေၾကာင့္ ဆြာရက္ဇ္တစ္ေယာက္ သူခ်စ္ခင္ႏွစ္သက္ရတဲ့ ဘာစီလိုနာ အသင္းနဲ႔ လမ္းခြဲခဲ့ရပါတယ္။ အခုရာသီမွာေတာ့ ဥ႐ုေဂြးတိုက္စစ္မႉးဟာ စပိန္ၿပိဳင္ဘက္ အက္သလက္တီကို အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ဆြာရက္စ္ ဟာ အက္သလက္တီကို အသင္းအတြက္(၄)ပြဲကစားၿပီးခ်ိန္မွာေတာ့ (၃)ဂိုးသြင္းယူကာေျခစြမ္းျပထားႏိုင္ပါတယ္။

ဆြာရက္ဇ္ဟာ ဘာကာကသူခ်စ္လွစြာေသာအသင္းေဖာ္ေဟာင္း မက္ဆီကိုေက်ာ္ျဖတ္ကာ လာလီဂါသြင္းဂိုး ၁၅၀ကို အျမန္ဆုံး ျပည့္ေျမာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ လာလီဂါသြင္းဂိုး ၄၅၀ျပည့္ေျမာက္ဖို႔အတြက္ ဂိုးအနည္းငယ္သာ လိုအပ္ေနတဲ့ အေျခအေနကို ေရာက္ရွိေနပါတယ္။

ဆြာရက္စ္ရဲ႕အက္သလက္တီကို အသင္းဟာ လာလီဂါပြဲစဥ္(၄)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲႏိုင္ (၂)ပြဲသေရက်ထားတာျဖစ္ပါတယ္။အက္သလက္တီကို အသင္းဟာ ၾကားရက္ထဲမွာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။အဲဒီပြဲၿပီးရင္ေတာ့ လာလီဂါ ပြဲစဥ္အျဖစ္ ဘက္တစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။