လိဂ်ပြိုင်ပွဲရဲ့အမြန်ဆုံးအဝါကတ်ပိုင်ရှင် မာနေး

လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါနာမည်ကျော်တိုက်စစ်ကစားသမားမာနေးဟာ

ချယ်လ်ဆီးအသင်းနဲ့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပွဲအစ(၁၅)စက္ကန့်မှာပဲ

အဝါကတ်ပြသခံခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမြန်ဆုံးအဝါကတ်ပိုင်ရှင်

ဖြစ်လာခဲ့ပါတယ်။ မာနေးဟာ ပွဲစစချင်းမှာ ပြိုင်ဘက်နောက်ခံလူ

အက်ဇ်ပီလီကွယ်တာနဲ့အပြိုင်ဘောလုံးကိုခေါင်းတိုက်ဖို့ကြိုးစားတာကနေ

သူ့လက်မောင်းက အက်ဇ်ပီလီကွယ်တာမျက်နှာကို သွားရိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် ကွင်းလယ်ဒိုင်လူကြီးအန်သိုနီတေလာက မာနေးကို အဝါကတ်ပြသခဲ့ပြီး

ဒါက ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ

အမြန်ဆုံးအပြခံခဲ့ရတဲ့အဝါကတ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ နာမည်ကျော်

ဘောလုံးသမားဟောင်းတချို့ကတော့ မာနေးဟာ

အနီကတ်နဲ့အထုတ်ခံရသင့်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်က

“မာနေးရဲ့လုပ်ရပ်က သိပ်တော့အဆင်မပြေပါဘူး။ ပွဲစလို့ (၆)စက္ကန့်ပဲ

ရှိသေးတာက မာနေး အနီကတ်နဲ့မထုတ်ခံရအောင် ကူညီပေးလိုက်တာပါပဲ”လို့

ဆိုခဲ့သလို ချယ်လ်ဆီးနာမည်ကျော်တိုက်စစ်မှူးဟောင်း

ဟက်ဆယ်လ်ဘိန့်ခ်က “ဒါက မဆင်မခြင်ကျူးလွန်ခဲ့တဲ့အပြုအမူလို့ထင်မိပြီး

သေချာပေါက် အနီကတ်ပြသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။

မာနေးဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ တံတောင်အသုံးပြုတာလဲဆိုတာ

ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်”လို့ ဝေဖန်ခဲ့ပါတယ်။

မာနေးဟာ ဆောက်သမ်တန်အသင်းမှာကစားခဲ့ချိန်က ၂၀၁၄-၁၅ ရာသီ၊

အက်စတွန်ဗီလာအသင်းကို (၆-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ (၂)မိနစ်(၅၆)စက္ကန့်အတွင်း

ဟက်ထရစ်သွင်းယူခဲ့လို့ ပရီးမီးယားလိဂ်အမြန်ဆုံးဟက်ထရစ်ပိုင်ရှင်ဆိုတဲ့

ဂုဏ်ပုဒ်ရရှိခဲ့ရုံနဲ့တင်အားမရဘဲ အခုဆိုရင် ပရီးမီးယားလိဂ်ရဲ့

အမြန်ဆုံးအဝါကတ်ပိုင်ရှင်ပါဖြစ်လာခဲ့ပါပြီ။

zawgyi

လိဂ္ၿပိဳင္ပြဲရဲ႕အျမန္ဆုံးအဝါကတ္ပိုင္ရွင္ မာေနး

လီဗာပူးလ္အသင္းရဲ႕ ဆီနီေဂါနာမည္ေက်ာ္တိုက္စစ္ကစားသမားမာေနးဟာ

ခ်ယ္လ္ဆီးအသင္းနဲ႔(၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ပြဲအစ(၁၅)စကၠန႔္မွာပဲ

အဝါကတ္ျပသခံခဲ့ရၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕အျမန္ဆုံးအဝါကတ္ပိုင္ရွင္

ျဖစ္လာခဲ့ပါတယ္။ မာေနးဟာ ပြဲစစခ်င္းမွာ ၿပိဳင္ဘက္ေနာက္ခံလူ

အက္ဇ္ပီလီကြယ္တာနဲ႔အၿပိဳင္ေဘာလုံးကိုေခါင္းတိုက္ဖို႔ႀကိဳးစားတာကေန

သူ႔လက္ေမာင္းက အက္ဇ္ပီလီကြယ္တာမ်က္ႏွာကို သြား႐ိုက္မိခဲ့တာျဖစ္ပါတယ္။

အဲဒီအတြက္ ကြင္းလယ္ဒိုင္လူႀကီးအန္သိုနီေတလာက မာေနးကို အဝါကတ္ျပသခဲ့ၿပီး

ဒါက ၂၀၀၆-၀၇ ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ

အျမန္ဆုံးအျပခံခဲ့ရတဲ့အဝါကတ္အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြနဲ႔ ေဘာလုံးပြဲေဝဖန္သုံးသပ္သူ နာမည္ေက်ာ္

ေဘာလုံးသမားေဟာင္းတခ်ိဳ႕ကေတာ့ မာေနးဟာ

အနီကတ္နဲ႔အထုတ္ခံရသင့္တယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္က

“မာေနးရဲ႕လုပ္ရပ္က သိပ္ေတာ့အဆင္မေျပပါဘူး။ ပြဲစလို႔ (၆)စကၠန႔္ပဲ

ရွိေသးတာက မာေနး အနီကတ္နဲ႔မထုတ္ခံရေအာင္ ကူညီေပးလိုက္တာပါပဲ”လို႔

ဆိုခဲ့သလို ခ်ယ္လ္ဆီးနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း

ဟက္ဆယ္လ္ဘိန႔္ခ္က “ဒါက မဆင္မျခင္က်ဴးလြန္ခဲ့တဲ့အျပဳအမူလို႔ထင္မိၿပီး

ေသခ်ာေပါက္ အနီကတ္ျပသင့္တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။

မာေနးဟာ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ တံေတာင္အသုံးျပဳတာလဲဆိုတာ

ကြၽန္ေတာ္ေကာင္းေကာင္းနားလည္ပါတယ္”လို႔ ေဝဖန္ခဲ့ပါတယ္။

မာေနးဟာ ေဆာက္သမ္တန္အသင္းမွာကစားခဲ့ခ်ိန္က ၂၀၁၄-၁၅ ရာသီ၊

အက္စတြန္ဗီလာအသင္းကို (၆-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ (၂)မိနစ္(၅၆)စကၠန႔္အတြင္း

ဟက္ထရစ္သြင္းယူခဲ့လို႔ ပရီးမီးယားလိဂ္အျမန္ဆုံးဟက္ထရစ္ပိုင္ရွင္ဆိုတဲ့

ဂုဏ္ပုဒ္ရရွိခဲ့႐ုံနဲ႔တင္အားမရဘဲ အခုဆိုရင္ ပရီးမီးယားလိဂ္ရဲ႕

အျမန္ဆုံးအဝါကတ္ပိုင္ရွင္ပါျဖစ္လာခဲ့ပါၿပီ။