လိဒ်ကို ဂိုးဒါဇင်ဝက်သွင်းယူပြီး အမှတ်ပေးဇယားရဲ့တတိယနေရာ ရောက်လာတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပွဲမတိုင်ခင် လိဂ်အိမ်ကွင်း ၆ပွဲမှာ စုစုပေါင်း ၃ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာတော့ တိုက်စစ်ပိုင်းအစွမ်းပြမှုနဲ့အတူ တိုက်စစ်ဖွင့်ကစားလာတဲ့ လိဒ်ယူနိုက်တက်ကို ၆-၂ ဂိုးနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့တတိယနေရာအထိ တက်ရောက်လာခဲ့ပါတယ်။


ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅ မှတ်ကွာဟနေဆဲဖြစ်ပေမယ့် တစ်ပွဲလျော့ကစားထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၁ သြဂုတ်လက အာဆင်နယ်ကို ၈-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ၆ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီလိုပြန်သွင်းနိုင်ဖို့ ၁၇၆ပွဲအထိ လိုအပ်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်နည်းပြ မာဆယ်လိုဘီယဲလ်ဆာအတွက်ကတော့ ၁၉၉၂ ဖေဖော်ဝါရီလက ကိုပါလီဘာတေးဒိုးဖလားပြိုင်ပွဲမှာ သူ့အသင်း နယူးဝဲလ်အိုးဘွိုင်းအသင်းက ဆန်လော်ရန်ဇိုအသင်းကို ၆-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၆ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်က ထုံးစံအတိုင်း ယူနိုက်တက်ကို တိုက်စစ်အပြိုင်ဖွင့်ကစားသွားခဲ့ပြီး ပထမပိုင်းမှာကတည်းက ၄-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာဖြစ်သလို ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပိုင်အခွင့်အရေးတွေအများကြီးထပ်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်ဘက်က တယ်လက်စ်၊ ကာဗာနီ၊ ဒန်နီရယ်ဂျိမ်းစ်နဲ့ မာရှယ်တို့ရဲ့ကန်သွင်းချက်တွေ ဂိုးမရခဲ့သလို တစ်ဘက်မှာလည်း လိဒ်ယူနိုက်တက်က အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာ လက်စွမ်းပြနိုင်ခဲ့သလို သူတို့ကိုယ်တိုင်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိခဲ့ပါတယ်။

လိဒ်ယူနိုက်တက်က တိုက်စစ်အားကောင်းပေမယ့် ခံစစ်ပိုင်းအားနည်းချက်တွေရှိပြီး အထူးသဖြင့် ပင်နယ်တီဧရိယာထိပ်မှာ ယူနိုက်တက်အတွက် နေရာလွတ်တွေအများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်က စုစုပေါင်းဂိုးပေါက်ကန်သွင်းမှု ၂၁ကြိမ်အထိရှိခဲ့သလို ဂိုးပေါက်တည့်မှုကလည်း ၁၄ကြိမ်အထိရှိခဲ့ပြီး လိဒ်ယူနိုက်တက်က စုစုပေါင်းဂိုပေါက်ကန်သွင်းမှု ၁၂ကြိမ်မှာ ၆ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ဘက်ကို ပွဲအစ ၂မိနစ်နဲ့ ၃မိနစ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ မက်တိုမီနေးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး ၂ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်တင်သွားပါတယ်။


ပွဲစဉ် ၄တုန်းက စပါးကို ၁-၆ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ပွဲစဉ် ၁၄ မှာ လိဒ်ယူနိုက်တက်ကို ၆-၂ ဂိုးနဲ့အနိုင်ရခဲ့သလို အဲဒီတုန်းက အက်စတွန်ဗီလာကို ၇-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လီဗာပူးကလည်း ပွဲစဉ် ၁၄ မှာပဲ ပဲလေ့စ်ကို ဝ-၇ဂိုးနဲ့ အနိုင်ယူသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိဒ္ကို ဂိုးဒါဇင္၀က္သြင္းယူၿပီး အမွတ္ေပးဇယားရဲ႕တတိယေနရာ ေရာက္လာတဲ့ ယူႏုိက္တက္

ဒီပြဲမတုိင္ခင္ လိဂ္အိမ္ကြင္း ၆ပြဲမွာ စုစုေပါင္း ၃ဂိုးပဲ သြင္းယူႏုိင္ခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီပြဲမွာေတာ့ တုိက္စစ္ပိုင္းအစြမ္းျပမႈနဲ႔အတူ တုိက္စစ္ဖြင့္ကစားလာတဲ့ လိဒ္ယူႏိုက္တက္ကို ၆-၂ ဂုိးနဲ႔အႏိုင္ယူၿပီး အမွတ္ေပးဇယားရဲ႕တတိယေနရာအထိ တက္ေရာက္လာခဲ့ပါတယ္။ ယူႏုိက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၅ မွတ္ကြာဟေနဆဲျဖစ္ေပမယ့္ တစ္ပြဲေလ်ာ့ကစားထားတာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ၂၀၁၁ ၾသဂုတ္လက အာဆင္နယ္ကို ၈-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမွာ ၆ဂုိးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး အဲဒီလုိျပန္သြင္းႏုိင္ဖို႔ ၁၇၆ပြဲအထိ လုိအပ္ခဲ့ပါတယ္။ လိဒ္ယူႏုိက္တက္နည္းျပ မာဆယ္လုိဘီယဲလ္ဆာအတြက္ကေတာ့ ၁၉၉၂ ေဖေဖာ္၀ါရီလက ကိုပါလီဘာေတးဒိုးဖလားၿပိဳင္ပြဲမွာ သူ႕အသင္း နယူး၀ဲလ္အုိးဘြိဳင္းအသင္းက ဆန္ေလာ္ရန္ဇုိအသင္းကို ၆-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၆ဂိုးေပးလုိက္ရတာျဖစ္ပါတယ္။

လိဒ္ယူႏုိက္တက္က ထုံးစံအတုိင္း ယူႏိုက္တက္ကို တုိက္စစ္အၿပိဳင္ဖြင့္ကစားသြားခဲ့ၿပီး ပထမပိုင္းမွာကတည္းက ၄-၁ ဂိုးနဲ႔ အေရးနိမ့္ေနခဲ့တာျဖစ္သလုိ ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး အပိုင္အခြင့္အေရးေတြအမ်ားႀကီးထပ္ရခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ယူႏုိက္တက္ဘက္က တယ္လက္စ္၊ ကာဗာနီ၊ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ မာရွယ္တို႔ရဲ႕ကန္သြင္းခ်က္ေတြ ဂိုးမရခဲ့သလုိ တစ္ဘက္မွာလည္း လိဒ္ယူႏုိက္တက္က အပိုင္အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့ေပမယ့္ ဂိုးသမား ဒီဂီယာ လက္စြမ္းျပႏိုင္ခဲ့သလုိ သူတုိ႔ကိုယ္တုိင္လည္း အဆုံးသတ္ပိုင္း လိုအပ္ခ်က္ေတြရွိခဲ့ပါတယ္။

လိဒ္ယူနုိက္တက္က တုိက္စစ္အားေကာင္းေပမယ့္ ခံစစ္ပိုင္းအားနည္းခ်က္ေတြရွိၿပီး အထူးသျဖင့္ ပင္နယ္တီဧရိယာထိပ္မွာ ယူႏုိက္တက္အတြက္ ေနရာလြတ္ေတြအမ်ားအျပား ျဖစ္ေပၚခဲ့ပါတယ္။
ယူႏုိက္တက္က စုစုေပါင္းဂိုးေပါက္ကန္သြင္းမႈ ၂၁ႀကိမ္အထိရွိခဲ့သလို ဂိုးေပါက္တည့္မႈကလည္း ၁၄ႀကိမ္အထိရွိခဲ့ၿပီး လိဒ္ယူႏုိက္တက္က စုစုေပါင္းဂိုေပါက္ကန္သြင္းမႈ ၁၂ႀကိမ္မွာ ၆ႀကိမ္ ဂိုးေပါက္တည့္ခဲ့ပါတယ္။ လိဒ္ယူႏိုက္တက္ဘက္ကို ပြဲအစ ၂မိနစ္နဲ႔ ၃မိနစ္ေတြမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူ မက္တိုမီေနးဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံး ၂ဂိုးသြင္းယူႏိုင္သူအျဖစ္ စံခ်ိန္တင္သြားပါတယ္။

ပြဲစဥ္ ၄တုန္းက စပါးကို ၁-၆ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ယူႏုိက္တက္ဟာ ပြဲစဥ္ ၁၄ မွာ လိဒ္ယူႏုိက္တက္ကို ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့သလို အဲဒီတုန္းက အက္စတြန္ဗီလာကို (၇-၂) ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ လီဗာပူးကလည္း ပြဲစဥ္ ၁၄ မွာပဲ ပဲေလ့စ္ကို ၀-၇ဂိုးနဲ႔ အႏိုင္ယူသြားပါတယ္။