လိဒ်နဲ့ပွဲမှာ နည်းဗျူဟာ ဆရာကြီး ကို ဆိုလ်းရှား ဘယ်လိုရင်ဆိုင်မလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၀၄ခုနှစ် ပရီမီးယားလိဂ်ရာသီပြီးဆုံးချိန်မှာ အဆင့်(၁၉)နဲ့ တန်းဆင်းသွားခဲ့တဲ့ လိဒ်ကို ပရီမီးယားလိဂ်ပြိုင်ပွဲတစ်ပွဲ အနေနဲ့ ယူနိုက်တက်ဟာ အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမယ့်ပွဲဖြစ်ပါတယ်။ တစ်ချိန်က အင်္ဂလန်ရဲ့ နှင်းဆီပြိုင်ပွဲ လို့ နာမည်ကျော်ခဲ့ကြတဲ့ ဒီနှစ်သင်းရဲ့ ပြန်လည်တွေ့ဆုံမှုဟာဘယ်လိုဖြစ်လာမလဲ….ဆိုလ်ရှား ကတော့ ဒီအချိန်ရောက်လာဖို့ သူအကြာကြီး စောင့်ခဲ့ရတယ်လို ထုတ်ဖော်ပြောဆိုထားပါတယ်။

မန်ယူအသင်းမှာ ဝါရင့်တိုက်စစ်မှူး ကာဗာနီပြန်ကောင်းလာလို့ ဒဏ်ရာပြဿနာအသစ်မရှိတော့ပေမယ့် လိဒ်နဲ့ပွဲအတွက် နည်းပြဆိုးလ်ရှားက ဘယ်သူတွေကိုပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ကာဗာနီဟာ လူစာရင်းမှာ ပါလာမယ်ဆိုရင်လည်း ပွဲထွက်လူစာရင်းကနေပါဝင်ဖို့မရှိသလို ခရစ္စမတ်ကာလ ပွဲကျပ် ကလည်းနီးကပ်လာတာကြောင့် အပြောင်းအလဲရှိတဲ့ လူစာရင်းကိုပွဲထုတ်ရမှာ ဖြစ်လို့နောက်ပိုင်းသူ့ လူရွေးချယ်မှုတွေက ပိုပြီးစောင့်ကြည့်ချင်စရာ ဖြစ်လာတာပါ။

မနက်ဖြန် လိဒ်နဲ့ပွဲမှာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ လူစာရင်းမှာ မပါခဲ့တဲ့ ဒီဂီယာ၊ တွန်မီနေးနဲ့ လုခ်ရှော တို့အားလုံးပြန်ပါလာမှာဖြစ်ပါတယ်။

ရှက်ဖီးနဲ့ပွဲမှာ ပေါ့ဂ်ဘာ ခြေစွမ်းပြန်ပြခဲ့တဲ့အတွက် လိဒ်နဲ့ပွဲစဉ်မှာ သူ့ကိုပွဲထွက်စာရင်းကနေသုံးမှာ သေချာ သလောက်ရှိပါတယ်။ ဒါကြောင့် ကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့အတူ ကစားအားကောင်းမွန်တဲ့ တွန်မီနေး တို့ကို ဆိုးလ်ရှားက ပွဲထုတ်လာနိုင်ပါတယ်။

ခံစစ်မှာတော့ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဝမ်ဘစ်ဆာကာတို့သာ နေရာရလာမှာဖြစ်ပြီး နည်းဗျူဟာလိုအပ်ချက်ရှိမှသာ တဲလက်စ်က လူစားဝင်လာမှာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်အတွက်တော့ ဖာနန်ဒက်စ်က ထုံးစံအတိုင်း ကျောနံပါတ် ၁၀ နေရာမှာဘဲ ကစားမှာ ဖြစ်ပြီး တိုက်စစ်ကိုတော့ ရှက်ဖီးနဲ့ပွဲမှာ ဒီရာသီပထမဆုံးဂိုးရလို့ စိတ်အားတက်နေတဲ့ မာရှယ် ကဦးဆောင်လာမှာပါ။

တောင်ပံနှစ်ဖက်မှာတော့ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ ရှိနေပါလိမ့်မယ်။ ကွင်းလယ်ဗဟိုမှာ ပေါ့ဂ်ဘာနဲ့တွဲဖို့ တွန်မီနေးက ဦးစားပေးခံရမယ်ဆိုပေမယ့် ဆိုးလ်ရှားက ဘယ်လိုပုံစံနဲ့ လူအပြောင်းအလဲ လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ ဒဏ်ရာကြောင့် မန်ယူရဲ့နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့သူဖြစ်ပြီး သောကြာနေ့မနက်ကတည်းက လေ့ကျင့်ခန်းတွေပြုလုပ်နေလို့ လိဒ်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ဆိုးလ်ရှားကအတည်ပြုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိဒ္နဲ႔ပြဲမွာ နည္းဗ်ဴဟာ ဆရာၾကီး ကို ဆိုလ္းရွား ဘယ္လိုရင္ဆိုင္မလဲ…?

၂၀၀၄ခုႏွစ္ ပရီမီးယားလိဂ္ရာသီၿပီးဆံုးခ်ိန္မွာ အဆင့္(၁၉)နဲ႔ တန္းဆင္းသြားခဲ့တဲ့ လိဒ္ကို ပရီမီးယားလိဂ္ျပိဳင္ပြဲတစ္ပြဲ အေနနဲ႕ ယူႏိုက္တက္ဟာ အိမ္ကြင္းအိုးထရက္ဖိုဒ္မွာ ပထမဆံုးအၾကိမ္ ျပန္လည္ရင္ဆိုင္ရမယ့္ပြဲျဖစ္ပါတယ္။ တစ္ခ်ိန္က အဂၤလန္ရဲ႕ ႏွင္းဆီၿပိဳင္ပြဲ လို႕ နာမည္ေက်ာ္ခဲ့ၾကတဲ့ ဒီႏွစ္သင္းရဲ႕ ျပန္လည္ေတြ႕ဆံုမႈဟာဘယ္လိုျဖစ္လာမလဲ….ဆိုလ္ရွား ကေတာ့ ဒီအခ်ိန္ေရာက္လာဖို႕ သူအၾကာၾကီး ေစာင့္ခဲ့ရတယ္လို ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

မန္ယူအသင္းမွာ ဝါရင့္တိုက္စစ္မႉး ကာဗာနီျပန္ေကာင္းလာလို႔ ဒဏ္ရာျပႆနာအသစ္မရွိေတာ့ေပမယ့္ လိဒ္နဲ႔ပြဲအတြက္ နည္းျပဆိုးလ္ရွားက ဘယ္သူေတြကိုပြဲထုတ္မလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ ကာဗာနီဟာ လူစာရင္းမွာ ပါလာမယ္ဆိုရင္လည္း ပြဲထြက္လူစာရင္းကေနပါဝင္ဖို႔မရွိသလို ခရစၥမတ္ကာလ ပြဲက်ပ္ ကလည္းနီးကပ္လာတာေၾကာင့္ အေျပာင္းအလဲရွိတဲ့ လူစာရင္းကိုပြဲထုတ္ရမွာ ျဖစ္လို႔ေနာက္ပိုင္းသူ႔ လူေ႐ြးခ်ယ္မႈေတြက ပိုၿပီးေစာင့္ၾကည့္ခ်င္စရာ ျဖစ္လာတာပါ။ မနက္ျဖန္ လိဒ္နဲ႔ပြဲမွာ ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ လူစာရင္းမွာ မပါခဲ့တဲ့ ဒီဂီယာ၊ တြန္မီေနးနဲ႔ လုခ္ေရွာ တို႔အားလုံးျပန္ပါလာမွာျဖစ္ပါတယ္။

ရွက္ဖီးနဲ႔ပြဲမွာ ေပါ့ဂ္ဘာ ေျခစြမ္းျပန္ျပခဲ့တဲ့အတြက္ လိဒ္နဲ႔ပြဲစဥ္မွာ သူ႔ကိုပြဲထြက္စာရင္းကေနသုံးမွာ ေသခ်ာ သေလာက္ရွိပါတယ္။ ဒါေၾကာင့္ ကြင္းလယ္မွာ ေပါ့ဂ္ဘာနဲ႔အတူ ကစားအားေကာင္းမြန္တဲ့ တြန္မီေနး တို႔ကို ဆိုးလ္ရွားက ပြဲထုတ္လာႏိုင္ပါတယ္။ ခံစစ္မွာေတာ့ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဝမ္ဘစ္ဆာကာတို႔သာ ေနရာရလာမွာျဖစ္ၿပီး နည္းဗ်ဴဟာလိုအပ္ခ်က္ရွိမွသာ တဲလက္စ္က လူစားဝင္လာမွာျဖစ္ပါတယ္။

ကြင္းလယ္တိုက္စစ္အတြက္ေတာ့ ဖာနန္ဒက္စ္က ထုံးစံအတိုင္း ေက်ာနံပါတ္ ၁၀ ေနရာမွာဘဲ ကစားမွာ ျဖစ္ၿပီး တိုက္စစ္ကိုေတာ့ ရွက္ဖီးနဲ႔ပြဲမွာ ဒီရာသီပထမဆုံးဂိုးရလို႔ စိတ္အားတက္ေနတဲ့ မာရွယ္ ကဦးေဆာင္လာမွာပါ။ ေတာင္ပံႏွစ္ဖက္မွာေတာ့ ရက္ရွ္ဖို႔ဒ္ နဲ႔ ဂရင္းဝုဒ္တို႔ ရွိေနပါလိမ့္မယ္။ ကြင္းလယ္ဗဟိုမွာ ေပါ့ဂ္ဘာနဲ႔တြဲဖို႔ တြန္မီေနးက ဦးစားေပးခံရမယ္ဆိုေပမယ့္ ဆိုးလ္ရွားက ဘယ္လိုပုံစံနဲ႔ လူအေျပာင္းအလဲ လုပ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီဟာ ဒဏ္ရာေၾကာင့္ မန္ယူရဲ႕ေနာက္ဆုံး ၃ ပြဲကိုလြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ေသာၾကာေန႔မနက္ကတည္းက ေလ့က်င့္ခန္းေတြျပဳလုပ္ေနလို႔ လိဒ္နဲ႔ပြဲမွာ ပါဝင္ႏိုင္မယ္လို႔ ဆိုးလ္ရွားကအတည္ျပဳထားပါတယ္။