လိဒ်ယူနိုက်တက်က ယူနိုက်တက်ထက် ပိုကောင်းခဲ့တာကို သတင်းစာရှင်းလင်းပွဲမှာ ၄၁ မိနစ်ကြာ ရှင်းပြခဲ့ ဘီယဲလ်ဆာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိဒ်ယူနိုက်တက်အသင်းနည်းပြ ဘီယဲလ်ဆာက ယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းက ဘာကြောင့် ယူနိုက်တက်ထက်ပိုကောင်းခဲ့သလဲဆိုတာကို ၄၁ မိနစ်ကြာရှင်းလင်းခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက ယူနိုက်တက် နဲ့ လိဒ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကာ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် ၉၀ မိနစ်အတွင်း ၂ သင်းပေါင်းကန်ချက် ၄၃ ချက်အထိ ရှိခဲ့ကာ မန်ချက်စတာဒါဘီပွဲထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေကြောင့် ချီးကျူးခံနေရပေမယ့် ဆိုးလ်ရှားရဲ့ယူနိုက်တက်ကိုနောက်တန်းက ၆ ဂိုးအထိပေးခဲ့ရပါတယ်။ အချို့ကတော့ ဘီယဲလ်ဆာအနေနဲ့ ရလဒ်တွေဆက်ကောင်းချင်တယ်ဆိုရင် ပွဲအပေါ်ချဉ်းကပ်မှုတွေကိုပြောင်းလဲရမယ်လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဘန်လေအသင်းနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းပွဲမှာတော့ ဘီယဲလ်ဆာက ယူနိုက်တက်အသင်းထက် မိမိအသင်းက ဘာကြောင့် ပိုကောင်းရသလဲဆိုတာကို ၄၁ မိနစ်ကြာရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် မာဆေးလ်နည်းပြဟောင်းက သူရဲ့အသင်းဟာ စတိုင်အသစ်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်

“ကျွန်တော်တို့ ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံးကစားခဲ့ပါတယ်။ အဓိကအချက်က စတိုင်အသစ်နဲ့ကစားခဲ့တာကြောင့် ဒီပွဲကို အရေးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကစားပုံက ယူနိုက်တက်ထက်ပိုကောင်းခဲ့ပါတယ်”လို့ ဘီယဲလ်ဆာက ပြောကြားခဲ့ပါတယ်။

“ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ ကျွန်တော်တို့က ပိုသာခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာတော့ ယူနိုက်တက်ပိုသာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရေးနိမ့်ခဲ့တာပါ”လို့ ဘီယဲလ်ဆာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘီယဲလ်ဆာဟာ ချန်ပီယံရှစ်မှာတုန်းကလည်း ဒါဘီအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို စပိုင်လုပ်ပြီး စောင့်ကြည့်ခဲ့သေးတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိဒ္ယူႏိုက္တက္က ယူႏိုက္တက္ထက္ ပိုေကာင္းခဲ့တာကို သတင္းစာရွင္းလင္းပြဲမွာ ၄၁ မိနစ္ၾကာ ရွင္းျပခဲ့ ဘီယဲလ္ဆာ

လိဒ္ယူႏိုက္တက္အသင္းနည္းျပ ဘီယဲလ္ဆာက ယူႏိုက္တက္ကို ၆-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ သူ႔အသင္းက ဘာေၾကာင့္ ယူႏိုက္တက္ထက္ပိုေကာင္းခဲ့သလဲဆိုတာကို ၄၁ မိနစ္ၾကာရွင္းလင္းခဲ့ပါတယ္။ တနဂၤေႏြေန႔တုန္းက ယူႏိုက္တက္ နဲ႔ လိဒ္ယူႏိုက္တက္တို႔ ယွဥ္ၿပိဳင္ကစားခဲ့ကာ အဆိုပါပြဲစဥ္မွာ ပြဲကစားခ်ိန္ ၉၀ မိနစ္အတြင္း ၂ သင္းေပါင္းကန္ခ်က္ ၄၃ ခ်က္အထိ ရွိခဲ့ကာ မန္ခ်က္စတာဒါဘီပြဲထက္ ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္ခဲ့တာျဖစ္ပါတယ္။

လိဒ္ယူႏိုက္တက္ဟာ ရလဒ္ေကာင္းေတြေၾကာင့္ ခ်ီးက်ဴးခံေနရေပမယ့္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္ကိုေနာက္တန္းက ၆ ဂိုးအထိေပးခဲ့ရပါတယ္။ အခ်ိဳ႕ကေတာ့ ဘီယဲလ္ဆာအေနနဲ႔ ရလဒ္ေတြဆက္ေကာင္းခ်င္တယ္ဆိုရင္ ပြဲအေပၚခ်ဥ္းကပ္မႈေတြကိုေျပာင္းလဲရမယ္လို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ဘန္ေလအသင္းနဲ႔ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းပြဲမွာေတာ့ ဘီယဲလ္ဆာက ယူႏိုက္တက္အသင္းထက္ မိမိအသင္းက ဘာေၾကာင့္ ပိုေကာင္းရသလဲဆိုတာကို ၄၁ မိနစ္ၾကာရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ မာေဆးလ္နည္းျပေဟာင္းက သူရဲ႕အသင္းဟာ စတိုင္အသစ္နဲ႔ ၿပိဳင္ဘက္ကို ရင္ဆိုင္ဖို႔ ျပင္ဆင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ ယူႏိုက္တက္နဲ႔ပြဲမွာ အေကာင္းဆုံးကစားခဲ့ပါတယ္။ အဓိကအခ်က္က စတိုင္အသစ္နဲ႔ကစားခဲ့တာေၾကာင့္ ဒီပြဲကို အေရးနိမ့္ခဲ့တာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ကစားပုံက ယူႏိုက္တက္ထက္ပိုေကာင္းခဲ့ပါတယ္”လို႔ ဘီယဲလ္ဆာက ေျပာၾကားခဲ့ပါတယ္။

“ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာ ကြၽန္ေတာ္တို႔က ပိုသာခဲ့ပါတယ္။ ဒါေပမဲ့ အဆုံးသတ္ပိုင္းမွာေတာ့ ယူႏိုက္တက္ပိုသာခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အေရးနိမ့္ခဲ့တာပါ”လို႔ ဘီယဲလ္ဆာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဘီယဲလ္ဆာဟာ ခ်န္ပီယံရွစ္မွာတုန္းကလည္း ဒါဘီအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကို စပိုင္လုပ္ၿပီး ေစာင့္ၾကည့္ခဲ့ေသးတာျဖစ္ပါတယ္။