လိုကိုမိုးတစ်နဲ့ပွဲမှာ လီဝန်ဒေါစကီး ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သတင်းထွက်ပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စဉ်ဆက်မပြတ်ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ယနေ့ညကစားရမယ့် လိုကိုမိုးတစ်မော်စကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားဖွယ်မရှိကြောင်း သိရပါတယ်။


ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ယန်အသင်းနည်းပြ ဖလစ်က ‘ကျွန်တော်တို့အနေနဲ့ ဒီပွဲကို သေချာပေါက်အနိုင်ရယူချင်ပြီး ကိုယ့်အသင်းရဲ့အင်အားကို ချဲ့ထွင်လိုပါတယ်”လို့ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းဟာ အုပ်စုပထမနေရာ သေချာသွားတာ ပြီးခဲ့တဲ့ပွဲစဉ် ၅မတိုင်ခင်ကတည်းကဖြစ်ပေမယ့် ရုရှားကလပ်နဲ့ပွဲမှာ အားထည့်ကစားသွားမယ်လို့ ဖလစ်က ပြောပါတယ်။


အသက် ၅၅နှစ်အရွယ်ရှိ ဖလစ်ဟာ အက်သလက်တီကိုနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲတုန်းကလို ဒီညအိမ်ကွင်းပွဲမှာ အသင်းကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်ဖို့မရှိဘူးလို့ အခိုင်အမာပြောထားပေမယ့် သတင်းတွေကတော့ ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးပါဝင်နိုင်မှာမဟုတ်ဘူးလို့ ရေးသားဖော်ပြနေပါတယ်။

ဖလစ်ရဲ့ဖွင့်ဟချက်အရ ဘိုင်ယန်အသင်းသားတွေအနက် နောက်ခံလူ ကင်မစ်ချ်နဲ့ ကွင်းလယ်လူ တိုလစ်ဆိုတို့ကလွဲလို့ ကျန်ကစားသမားအားလုံး လိုကိုမိုးတစ်မော်စကိုနဲ့ပွဲအတွက် အသင့်ရှိနေပြီလို့ သိရပါတယ်။

ဒါပေမဲ့ ပိုလန်သတင်းဌာနတွေကတော့ အသက် ၃၂နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ စနေညက လိုက်ပ်ဇစ်နဲ့ ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ဒီညပွဲကို လွဲချော်ရလိမ့်မယ်လို့ ရေးသားဖော်ပြနေပါတယ်။


ဒီလိုဆိုရင် လီဝန်ဒေါစကီးလည်း ချန်ပီယံလိဂ်နောက်ဆုံး ၂ပွဲဆက် လွဲချော်ရမှာဖြစ်ပြီး အက်သလက်တီကိုနဲ့ပွဲမှာလည်း ဖလစ်က လီဝန်ဒေါစကီးအပါအဝင် အဓိကကစားသမားအများစုကို မက်ဒရစ်ခေါ်မသွားဘဲ မြူးနစ်မှာသာ ချန်ထားခဲ့ကာ အပြည့်အဝအနားပေးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ ၁၅ပွဲဆက်ရှုံးပွဲမရှိကစားထားပေမယ့် နောက်ဆုံး ၅ပွဲအနက် ၃ပွဲအထိ နိုင်ပွဲပျောက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိုကိုမိုးတစ္နဲ႔ပြဲမွာ လီ၀န္ေဒါစကီး ပါ၀င္ႏိုင္ဖြယ္မရွိဘူးလုိ႔ သတင္းထြက္ေပၚ
စဥ္ဆက္မျပတ္ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘုိင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးဟာ ယေန႔ညကစားရမယ့္ လိုကိုမိုးတစ္ေမာ္စကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားဖြယ္မရွိေၾကာင္း သိရပါတယ္။
ယမန္ေန႔က ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဘုိင္ယန္အသင္းနည္းျပ ဖလစ္က ‘ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီပြဲကို ေသခ်ာေပါက္အႏုိင္ရယူခ်င္ၿပီး ကိုယ့္အသင္းရဲ႕အင္အားကို ခ်ဲ႕ထြင္လုိပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။
ဘုိင္ယန္ျမဴးနစ္အသင္းဟာ အုပ္စုပထမေနရာ ေသခ်ာသြားတာ ၿပီးခဲ့တဲ့ပြဲစဥ္ ၅မတုိင္ခင္ကတည္းကျဖစ္ေပမယ့္ ႐ုရွားကလပ္နဲ႔ပြဲမွာ အားထည့္ကစားသြားမယ္လုိ႔ ဖလစ္က ေျပာပါတယ္။
အသက္ ၅၅ႏွစ္အရြယ္ရွိ ဖလစ္ဟာ အက္သလက္တီကိုနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲတုန္းကလုိ ဒီညအိမ္ကြင္းပြဲမွာ အသင္းကို ႀကီးႀကီးမားမားအေျပာင္းအလဲျပဳလုပ္ဖို႔မရွိဘူးလုိ႔ အခုိင္အမာေျပာထားေပမယ့္ သတင္းေတြကေတာ့ ပိုလန္လက္ေရြးစင္ လီ၀န္ေဒါစကီးပါ၀င္ႏိုင္မွာမဟုတ္ဘူးလုိ႔ ေရးသားေဖာ္ျပေနပါတယ္။

ဖလစ္ရဲ႕ဖြင့္ဟခ်က္အရ ဘုိင္ယန္အသင္းသားေတြအနက္ ေနာက္ခံလူ ကင္မစ္ခ်္နဲ႔ ကြင္းလယ္လူ တုိလစ္ဆိုတို႔ကလြဲလုိ႔ က်န္ကစားသမားအားလုံး လုိကိုမိုးတစ္ေမာ္စကိုနဲ႔ပြဲအတြက္ အသင့္ရွိေနၿပီလုိ႔ သိရပါတယ္။
ဒါေပမဲ့ ပိုလန္သတင္းဌာနေတြကေတာ့ အသက္ ၃၂ႏွစ္အရြယ္ရွိ လီ၀န္ေဒါစကီးဟာ စေနညက လုိက္ပ္ဇစ္နဲ႔ ၃-၃ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ အေသးစားဒဏ္ရာရရွိခဲ့တာေၾကာင့္ ဒီညပဲြကို လြဲေခ်ာ္ရလိမ့္မယ္လုိ႔ ေရးသားေဖာ္ျပေနပါတယ္။
ဒီလိုဆုိရင္ လီ၀န္ေဒါစကီးလည္း ခ်န္ပီယံလိဂ္ေနာက္ဆုံး ၂ပဲြဆက္ လြဲေခ်ာ္ရမွာျဖစ္ၿပီး အက္သလက္တီကိုနဲ႔ပြဲမွာလည္း ဖလစ္က လီ၀န္ေဒါစကီးအပါအ၀င္ အဓိကကစားသမားအမ်ားစုကို မက္ဒရစ္ေခၚမသြားဘဲ ျမဴးနစ္မွာသာ ခ်န္ထားခဲ့ကာ အျပည့္အ၀အနားေပးခဲ့ပါတယ္။
ဘုိင္ယန္ျမဴးနစ္က ၿပိဳင္ပြဲစုံ ၁၅ပြဲဆက္႐ံႈးပြဲမရွိကစားထားေပမယ့္ ေနာက္ဆုံး ၅ပြဲအနက္ ၃ပြဲအထိ ႏိုင္ပြဲေပ်ာက္ေနပါတယ္။