
ရေးလ်ရန်နစ်ခ်ဟာလိုက်ဇစ်အသင်းကိုကိုင်တွယ်တုန်းကကစားသမားကို
ပြစ်ဒဏ်ပေးရာတွင်လှည့်ဘီးကိုအသုံးပြုကာဆုံးဖြတ်ခဲ့ဖူးပါတယ်။
ရန်နစ်ခ်ဟာပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့တုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရတဲ့
အိုလီဂန်းနားဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြနေရာတွင်အစားထိုး
ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဂျာမန်လူမျိုးနည်းပြဟာမန်ယူကိုခြောက်လကြာ
တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးယခုအခါမန်ချက်စတာသို့
ရောက်နေပြီဖြစ်ပါတယ်။ရန်နစ်ခ်ဟာဂျာမနီတွင်စတုဂတ်၊ဟန်နိုဗာ၊
ဟော်ဖန်ဟိမ်း၊ရှော်လ်ကေးနှင့်လိုက်ဇစ်တို့ကိုကိုင်တွယ်ခဲ့ဖူးကာ
နည်းဗျူဟာဆန်းသစ်တီထွင်မှုကြောင့်ပရော်ဖက်ဆာအဖြစ်
တင်စားခြင်းခံရသူလည်းဖြစ်ပါတယ်။
အသက်၆၃နှစ်ရှိနည်းပြဟာ Gegenpressing စတိုင်ရဲ့ Godfather အဖြစ်
သတ်မှတ်ခြင်းခံရသူလည်းဖြစ်ပါတယ်။
ဒါ့အပြင်သူဟာစည်းကမ်းပိုင်းတင်းကြပ်သူအဖြစ်လည်းနာမည်ကြီးသူဖြစ်ပါတယ်။
သူဟာလိုက်ဇစ်အသင်းကိုကိုင်တွယ်တုန်းကစားသမားကိုအပြစ်ပေးရာမှာ
လှည့်ဘီးကိုသုံးပြီးကံစီရာအတိုင်းအပြစ်ပေးခံရတဲ့စနစ်ကိုသုံးခဲ့ပါတယ်။
သူ့ရဲ့အပြစ်ပေးမှုများတွင်ကလပ်ဆိုင်တွင်အလုပ်လုပ်ရန်ပါဝင်သလို
အသင်းကန်တိန်းတွင်အစားအသောက်ဝန်ဆောင်မှုပေးတဲ့အလုပ်ကဲ့သို့
ရယ်စရာကောင်းတဲ့အလုပ်လည်းပါဝင်ပါတယ်။ရန်နစ်ခ်ဟာမန်ယူကို
ယာယီနည်းပြအဖြစ်ခြောက်လကိုင်တွယ်ရန်ချုပ်ဆိုထားတဲ့စာချုပ်တွင်
နောက်ထပ်၂နှစ်ကလပ်ရဲ့အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နိုင်မယ့်
အချက်လည်းပါဝင်ပါတယ်။ ဒါကိုကြည့်ရင်မန်ယူဟာရန်နစ်ခ်ကို
အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန်အစီအစဉ်မရှိဘဲသူတို့ရဲ့နံပါတ်တစ်
ပစ်မှတ်ဖြစ်တဲ့ပိုချက်တီနိုကိုခန့်အပ်ရေးလက်မလျှော့သေးတာမြင်နိုင်ပါတယ်။
zawgyi
လိုက္ဇစ္မွာ သုံးခဲ့တဲ့လွည့္ဘီး ယူႏိုက္တက္အသင္းဆီ ယူေဆာင္လာမွာလား ရန္နစ္ခ္
ေရးလ္ရန္နစ္ခ္ဟာလိုက္ဇစ္အသင္းကိုကိုင္တြယ္တုန္းကကစားသမားကို
ျပစ္ဒဏ္ေပးရာတြင္လွည့္ဘီးကိုအသုံးျပဳကာဆုံးျဖတ္ခဲ့ဖူးပါတယ္။
ရန္နစ္ခ္ဟာၿပီးခဲ့တဲ့အပတ္တနဂၤေႏြေန႔တုန္းကရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရတဲ့
အိုလီဂန္းနားဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပေနရာတြင္အစားထိုး
ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ဂ်ာမန္လူမ်ိဳးနည္းျပဟာမန္ယူကိုေျခာက္လၾကာ
တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီးယခုအခါမန္ခ်က္စတာသို႔
ေရာက္ေနၿပီျဖစ္ပါတယ္။ရန္နစ္ခ္ဟာဂ်ာမနီတြင္စတုဂတ္၊ဟန္ႏိုဗာ၊
ေဟာ္ဖန္ဟိမ္း၊ေရွာ္လ္ေကးႏွင့္လိုက္ဇစ္တို႔ကိုကိုင္တြယ္ခဲ့ဖူးကာ
နည္းဗ်ဴဟာဆန္းသစ္တီထြင္မႈေၾကာင့္ပေရာ္ဖက္ဆာအျဖစ္
တင္စားျခင္းခံရသူလည္းျဖစ္ပါတယ္။
အသက္၆၃ႏွစ္ရွိနည္းျပဟာ Gegenpressing စတိုင္ရဲ႕ Godfather အျဖစ္
သတ္မွတ္ျခင္းခံရသူလည္းျဖစ္ပါတယ္။
ဒါ့အျပင္သူဟာစည္းကမ္းပိုင္းတင္းၾကပ္သူအျဖစ္လည္းနာမည္ႀကီးသူျဖစ္ပါတယ္။
သူဟာလိုက္ဇစ္အသင္းကိုကိုင္တြယ္တုန္းကစားသမားကိုအျပစ္ေပးရာမွာ
လွည့္ဘီးကိုသုံးၿပီးကံစီရာအတိုင္းအျပစ္ေပးခံရတဲ့စနစ္ကိုသုံးခဲ့ပါတယ္။
သူ႔ရဲ႕အျပစ္ေပးမႈမ်ားတြင္ကလပ္ဆိုင္တြင္အလုပ္လုပ္ရန္ပါဝင္သလို
အသင္းကန္တိန္းတြင္အစားအေသာက္ဝန္ေဆာင္မႈေပးတဲ့အလုပ္ကဲ့သို႔
ရယ္စရာေကာင္းတဲ့အလုပ္လည္းပါဝင္ပါတယ္။ရန္နစ္ခ္ဟာမန္ယူကို
ယာယီနည္းျပအျဖစ္ေျခာက္လကိုင္တြယ္ရန္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္တြင္
ေနာက္ထပ္၂ႏွစ္ကလပ္ရဲ႕အႀကံေပးအျဖစ္တာဝန္ထမ္းေဆာင္ႏိုင္မယ့္
အခ်က္လည္းပါဝင္ပါတယ္။ ဒါကိုၾကည့္ရင္မန္ယူဟာရန္နစ္ခ္ကို
အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ရန္အစီအစဥ္မရွိဘဲသူတို႔ရဲ႕နံပါတ္တစ္
ပစ္မွတ္ျဖစ္တဲ့ပိုခ်က္တီႏိုကိုခန႔္အပ္ေရးလက္မေလွ်ာ့ေသးတာျမင္ႏိုင္ပါတယ္။