လိုက်ပ်ဇစ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ကာဗာနီတို့ရဲ့RMC တိုက်စစ်အတွဲကို မြင်ရတော့မှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့လို ထိပ်တန်းပြိုင်ဘက်တွေကို မတူညီတဲ့ ပွဲထွက်စာရင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ပြင်ဆင်မှုကို စိတ်ဝင်တစားစောင့်ကြည့်လာကြာရာမှာ ဒီည ရက်ဘူးလ်လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာရော ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲကို ရင်ခုန်နေကြပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲတုန်းက ၃-၄-၁-၂ပုံစံ သုံးခဲ့ပြီး ခံစစ်မှာ တွမ်ဇန်ဘီနဲ့ လုခ်ရောတို့ကို လင်ဒီလော့ဖ်နဲ့ တွဲသုံးခဲ့တာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာတော့ သူ သုံးနေကြ ၄-၂-၃-၁ ပုံစံကိုပဲ ဆိုးလ်ရှား ပြန်သုံးခဲ့ပါတယ်။

ကစားကွက်တွေ အမျိုးမျိုး စမ်းသုံးနေပေမယ့် ယူနိုက်တက်ပရိသတ်တွေ အားမရတဲ့အချက်ကတော့ ကာဗာနီနဲ့ ဗန်ဒီဘိခ်တို့လို ကစားသမားတွေကို ဆိုးလ်ရှား နေရာမပေးတဲ့အချက်ပါပဲ။

အခုည ရက်ဘူးလ်လိုက်ပ်ဇစ်နဲ့ပွဲမှာရော သူတို့နှစ်ယောက်ကို ဆိုးလ်ရှား သုံးမလား၊ သုံးရင် ဘယ်လိုကစားကွက်နဲ့ ချဉ်းကပ်လာမှာလဲ၊ ဒါမှမဟုတ် အရင် ကစားသမားတွေနဲ့ပဲ ၄-၂-၃-၁ပုံစံဟောင်းကိုပဲ သူ ဆက်သံးမလား စသဖြင့် မေးခွန်းများစွာနဲ့ စောင့်ကြည့်နေကြပါတယ်။

ရက်ဘူးလိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အကြိုဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့အသင်းပါ။

ဒီရာသီနောက်ဆုံး ၇ပွဲစလုံးမရှုံးခဲ့ဘဲ ၆ပွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်မှာ ဒဏ်ရာပြဿနာများနေပါတယ်။
ခံစစ်မှာ ဟက်စတန်ဘာ့ဂ်၊ ကလော့စတာမန်နဲ့ မူကီလီတို့ ဒဏ်ရာကြောင့်ပါနိုင်မှာမဟုတ်ပါဘူး။

ကွင်းလယ်မှာလည်း ကွန်နာ့ဒ်လိုင်နာ၊ ဟိုင်ဒါရာနဲ့ တိုင်လာအဒမ်စ်တို့ ဒဏ်ရာရနေပါတယ်။ ဒါကြောင့် ဆိုးလ်ရှားဟာ ပီအက်စ်ဂျီနဲ့ပွဲကလို ခံစစ်အားပြုတဲ့ ကစားဟန်မဟုတ်ဘဲ တိုက်စစ်ဦးစားပေးကစားဟန်နဲ့ ပွဲထုတ်သင့်တယ်လို့ သုံးသပ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မာရှယ် ပြန်လည်ပါဝင်ကစားဖို့ရှိပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ကာဗာနီတို့ ၃ယောက်တွဲတိုက်စစ်ကို ယူနိုက်တက်ပရိသတ်တွေ မြင်ချင်နေကြသလို လက်ရှိအခြေအနေအရပ်ရပ်ကလည်း RMC တိုက်စစ်အတွဲကို ပွဲထုတ်လို့ရနိုင်ခြေရှိနေပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက တိုက်စစ်မှူး ၃ဦးစလုံး ကြံ့ခိုင်မှုပြည့်နေတဲ့အကြောင်း ပြောထားပါတယ်။

ဆိုးလ်ရှားဟာ စည်းကမ်းပိုင်းအားနည်းတဲ့ ဂရင်းဝုဒ်ကို နေရာမပေးဘဲ ချန်လှပ်ထားချိန်မှာ ကာဗာနီကိုယ်တိုင်ကလည်း ကြံ့ခိုင်မှုပြည့်နေတာကြောင့် ခံစစ်ကစားသမားအများစု ဒဏ်ရာရနေတဲ့ လိုက်ပ်ဇစ်ကို တိုက်စစ်မှူး ၃ယောက်ပြိုင်သုံးပြီး တိုက်စစ်ဖွင့်မလားလို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် Football-talk ဝက်ဘ်ဆိုက်မှ ဖရေဆာကရောဖို့ဒ်ကတော့ ဆိုးလ်ရှားဟာ စွန့်စားမှုဆန်တာကို ရှောင်ချင်တာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကလိုပဲ ဘစ်ဆာကာနဲ့ အဲလက်စ်တဲလစ်တို့ကို wing-backsတွေအဖြစ်သုံးနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သူ့ရဲ့သုံးသပ်မှုအရ တောင်ပံတိုက်စစ်ဖျောက်ပြီး အထေင်တိုက်စစ်မှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို တိုက်စစ်မှူးအဖြစ်ဆက်သုံးနိုင်တယ်လို့ ပြောထားသလို ဖာနန်ဒက်စ်ကိုလည်း နောက်ချန်တိုက်စစ်မှူးအဖြစ် ဆက်ကစားခိုင်းမယ်လို့ ဆိုပါတယ်။

ကွင်းလယ်မှာတော့ မက်တွန်မီနေးနဲ့ ပေါ့ဘာတို့အတွဲကို သုံးနိုင်ကြောင်း သုံးသပ်ထားပါတယ်။
သူသုံးသပ်ထားတဲ့အတိုင်း ဆိုးလ်ရှားပွဲထွက်လာမလား ဒါမှမဟုတ် ဖိအားပေးမှုတွေကြောင့် ဗန်ဒီဘိခ်နဲ့ ကာဗာနီတို့လို ကစားသမားသစ်တွေကို သုံးမလားကို ပရိသတ်တွေ စိတ်ဝင်စားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိုက္ပ္ဇစ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ ကာဗာနီတုိ႔ရဲ႕RMC တိုက္စစ္အတြဲကို ျမင္ရေတာ့မွာလား

ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔လို ထိပ္တန္းၿပိဳင္ဘက္ေတြကို မတူညီတဲ့ ပြဲထြက္စာရင္းေတြနဲ႔ ရင္ဆိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ ျပင္ဆင္မႈကို စိတ္၀င္တစားေစာင့္ၾကည့္လာၾကာရာမွာ

ဒီည ရက္ဘူးလ္လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာေရာ ဘယ္လိုပံုစံနဲ႔ ပြဲထြက္လာမလဲကို ရင္ခုန္ေနၾကပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းက ၃-၄-၁-၂ပံုစံ သံုးခဲ့ၿပီး ခံစစ္မွာ တြမ္ဇန္ဘီနဲ႔ လုခ္ေရာတို႔ကို လင္ဒီေလာ့ဖ္နဲ႔ တြဲသံုးခဲ့တာေၾကာင့္ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာေတာ့ သူ သံုးေနၾက ၄-၂-၃-၁ ပံုစံကိုပဲ ဆိုးလ္ရွား ျပန္သံုးခဲ့ပါတယ္။

ကစားကြက္ေတြ အမ်ိဳးမ်ိဳး စမ္းသံုးေနေပမယ့္ ယူႏိုက္တက္ပရိသတ္ေတြ အားမရတဲ့အခ်က္ကေတာ့ ကာဗာနီနဲ႔ ဗန္ဒီဘိခ္တို႔လို ကစားသမားေတြကို ဆိုးလ္ရွား ေနရာမေပးတဲ့အခ်က္ပါပဲ။

အခုည ရက္ဘူးလ္လိုက္ပ္ဇစ္နဲ႔ပြဲမွာေရာ သူတို႔ႏွစ္ေယာက္ကို ဆိုးလ္ရွား သံုးမလား၊ သံုးရင္ ဘယ္လိုကစားကြက္နဲ႔ ခ်ဥ္းကပ္လာမွာလဲ၊ ဒါမွမဟုတ္ အရင္ ကစားသမားေတြနဲ႔ပဲ ၄-၂-၃-၁ပံုစံေဟာင္းကိုပဲ သူ ဆက္သံးမလား စသျဖင့္ ေမးခြန္းမ်ားစြာနဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။

ရက္ဘူးလိုက္ပ္ဇစ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ အႀကိဳဗိုလ္လုပြဲအထိ ေရာက္ခဲ့တဲ့အသင္းပါ။

ဒီရာသီေနာက္ဆံုး ၇ပြဲစလံုးမရႈံးခဲ့ဘဲ ၆ပြဲႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ လိုက္ပ္ဇစ္မွာ ဒဏ္ရာျပႆနာမ်ားေနပါတယ္။
ခံစစ္မွာ ဟက္စတန္ဘာ့ဂ္၊ ကေလာ့စတာမန္နဲ႔ မူကီလီတို႔ ဒဏ္ရာေၾကာင့္ပါႏိုင္မွာမဟုတ္ပါဘူး။

ကြင္းလယ္မွာလည္း ကြန္နာ့ဒ္လိုင္နာ၊ ဟိုင္ဒါရာနဲ႔ တိုင္လာအဒမ္စ္တို႔ ဒဏ္ရာရေနပါတယ္။ ဒါေၾကာင့္ ဆိုးလ္ရွားဟာ ပီအက္စ္ဂ်ီနဲ႔ပြဲကလို ခံစစ္အားျပဳတဲ့ ကစားဟန္မဟုတ္ဘဲ တိုက္စစ္ဦးစားေပးကစားဟန္နဲ႔ ပြဲထုတ္သင့္တယ္လို႔ သံုးသပ္ထားပါတယ္။

မန္ခ်က္စတာယူႏုိက္တက္တိုက္စစ္မွဴး မာရွယ္ ျပန္လည္ပါ၀င္ကစားဖို႔ရွိၿပီး ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ ကာဗာနီတို႔ ၃ေယာက္တြဲတိုက္စစ္ကို ယူႏုိက္တက္ပရိသတ္ေတြ ျမင္ခ်င္ေနၾကသလို လက္ရွိအေျခအေနအရပ္ရပ္ကလည္း RMC တိုက္စစ္အတြဲကို ပြဲထုတ္လို႔ရႏိုင္ေျခရွိေနပါတယ္။

ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားက တိုက္စစ္မွဴး ၃ဦးစလံုး ႀကံ့ခိုင္မႈျပည့္ေနတဲ့အေၾကာင္း ေျပာထားပါတယ္။

ဆိုးလ္ရွားဟာ စည္းကမ္းပိုင္းအားနည္းတဲ့ ဂရင္း၀ုဒ္ကို ေနရာမေပးဘဲ ခ်န္လွပ္ထားခ်ိန္မွာ ကာဗာနီကိုယ္တိုင္ကလည္း ႀကံ့ခိုင္မႈျပည့္ေနတာေၾကာင့္ ခံစစ္ကစားသမားအမ်ားစု ဒဏ္ရာရေနတဲ့ လိုက္ပ္ဇစ္ကို တိုက္စစ္မွဴး ၃ေယာက္ၿပိဳင္သံုးၿပီး တိုက္စစ္ဖြင့္မလားလို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ဒါေပမယ့္ Football-talk ၀က္ဘ္ဆိုက္မွ ဖေရဆာကေရာဖို႔ဒ္ကေတာ့ ဆိုးလ္ရွားဟာ စြန္႔စားမႈဆန္တာကို ေရွာင္ခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔ပြဲကလိုပဲ ဘစ္ဆာကာနဲ႔ အဲလက္စ္တဲလစ္တို႔ကို wing-backsေတြအျဖစ္သံုးႏိုင္တယ္လို႔ သံုးသပ္ထားပါတယ္။

သူ႔ရဲ႕သံုးသပ္မႈအရ ေတာင္ပံတုိက္စစ္ေဖ်ာက္ၿပီး အေထင္တိုက္စစ္မွာ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို တိုက္စစ္မွဴးအျဖစ္ဆက္သံုးႏိုင္တယ္လို႔ ေျပာထားသလို ဖာနန္ဒက္စ္ကိုလည္း ေနာက္ခ်န္တိုက္စစ္မွဴးအျဖစ္ ဆက္ကစားခိုင္းမယ္လို႔ ဆိုပါတယ္။

ကြင္းလယ္မွာေတာ့ မက္တြန္မီေနးနဲ႔ ေပါ့ဘာတို႔အတြဲကို သုံးႏိုင္ေၾကာင္း သံုးသပ္ထားပါတယ္။
သူသံုးသပ္ထားတဲ့အတိုင္း ဆိုးလ္ရွားပြဲထြက္လာမလား ဒါမွမဟုတ္ ဖိအားေပးမႈေတြေၾကာင့္ ဗန္ဒီဘိခ္နဲ႔ ကာဗာနီတို႔လို ကစားသမားသစ္ေတြကို သံုးမလားကို ပရိသတ္ေတြ စိတ္၀င္စားေနပါတယ္။