လိုက်ပ်ဇစ်အသင်းသွင်းယူသွားတဲ့ အဆုံးအဖြတ်ဂိုးအတွက် ဒီဂီယာကို ပေါလ်စခိုးလ် ပြင်းထန်စွာဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးလ်က လိုက်ပ်ဇစ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ တတိယမြောက်ဂိုးပေးလိုက်ရမှုအတွက် ဂိုးသမားပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူအဖြစ် ဂိုးသမားဒီဂီယာကို ပြင်းထန်စွာဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်ဟာ ၃ဂိုးပြတ်အရေးနိမ့်နေပြီးမှ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတု့ိကချေပဂိုးတွေ လိုက်သွင်းခဲ့တာဖြစ်ပြီး ယူနိုက်တက်လည်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။

လိုက်ပ်ဇစ်အတွက် တတိယမြောက်ဂိုးကို နယ်သာလန်နိုင်ငံသား ဂျက်စတင်းကလွိုက်ဗက်က သွင်းယူခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုရဲ့ လူထိဖြတ်တင်ဘောကို ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားရော ဂိုးသမား ဒီဂီယာပါ မတားဆီးခဲ့ရာကနေ ကလွိုက်ဗက်က အသာလေးမတင်ကန်သွင်းသွားတာပါ။

ကွင်းလယ်လူဟောင်း စခိုးလ်က ဒီဂီယာအနေနဲ့ ဒဏ်ရာရမှာကို စိုးရိမ်နေခဲ့ကြောင်း၊ ဒီအတွက်ကြောင့်ပဲ ထောင့်ဖြတ်ဘောကို ထွက်တားဆီးဖို့ ယုံကြည်ချက်မရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

”လိုက်ပ်ဇစ်အသင်းသွင်းယူသွားတဲ့ တတိယမြောက်ဂိုးအတွက် ဒီဂီယာမှာ တာဝန်ရှိပါတယ်။ သူက ဒဏ်ရာရမှာ ကြောက်နေတာလေ။ အဲဒီထောင့်ဖြတ်ဘောက အခုလိုပုံစံအတိုင်း ပင်နယ်တီစည်းထဲ ဘယ်လိုမှရောက်မလာသင့်ပါဘူး”

”ဂိုးသမားတစ်ယောက်အနေနဲ့ ရှေ့ထွက် ဖမ်းရမှာဖြစ်ပြီး ကိုယ်တတ်နိုင်သလောက်ကာကွယ်ရမှာဖြစ်ပါတယ်။ အဲဒီလိုတားဆီးရာမှာ မျက်နှာကို အကန်ခံရနိုင်တယ်၊ ဒဏ်ရာလည်း ရနိုင်တယ်။ ဒါပေမဲ့ ဒီဂီယာကတော့ အဲဒီလိုမလုပ်ခဲ့ပါဘူး”

”ဒီဂီယာက သူဒဏ်ရာရနိုင်ခြေရှိတဲ့ကိစ္စကိုရှောင်လွှဲလိုက်သလိုပါပဲ၊ သူ့လိုအတွေ့အကြုံရင့်ဂိုးသမားတစ်ဦးအတွက် ဒီဂီယာရဲ့လုပ်ရပ်က ပြစ်မှုကျူးလွန်လိုက်တာပါပဲ”လို့ ပြောပါတယ်။

ဒ့ါအပြင် စခိုးလ်က နောက်ခံလူ မက်ဂွိုင်းယားကိုလည်း ပြင်းထန်စွာဝေဖန်သွားခဲ့ပြီး ကိုယ့်အရှေ့ကနေ ထွက်လာတာကို မတားဆီးနိုင်ခဲ့မှုအတွက် သူ့ရဲ့လှုပ်ရှားမှုကို ဝေဖန်သွားခဲ့ကာ သစ်သားတုံးကြီးအဖြစ် ကင်ပွန်းတပ်သွားပါတယ်။

နောက်ပြီး စခိုးလ်ဟာ ပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မက်ဂွိုင်းယားရဲ့ အင်တာဗျူးကိုလည်း ဝေဖန်သွားခဲ့ပြီး အဲဒီမှာ မက်ဂွိုင်းယားက မိမိတို့အသင်းအနေနဲ့ ပွဲအစမိနစ် ၂၀ အထိ အဆင်သင့်မဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိုက္ပ္ဇစ္အသင္းသြင္းယူသြားတဲ့ အဆုံးအျဖတ္ဂိုးအတြက္ ဒီဂီယာကို ေပါလ္စခိုးလ္ ျပင္းထန္စြာေဝဖန္

ယူႏိုက္တက္အသင္းဂႏၴဝင္ကစားသမားႀကီး ေပါလ္စခိုးလ္က လိုက္ပ္ဇစ္ကို ၃-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ တတိယေျမာက္ဂိုးေပးလိုက္ရမႈအတြက္ ဂိုးသမားပိုင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္သူအျဖစ္ ဂိုးသမားဒီဂီယာကို ျပင္းထန္စြာေဝဖန္လိုက္ပါတယ္။ ယူႏိုက္တက္ဟာ ၃ဂိုးျပတ္အေရးနိမ့္ေနၿပီးမွ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတု႔ိကေခ်ပဂိုးေတြ လိုက္သြင္းခဲ့တာျဖစ္ၿပီး ယူႏိုက္တက္လည္း ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရပါတယ္။

လိုက္ပ္ဇစ္အတြက္ တတိယေျမာက္ဂိုးကို နယ္သာလန္ႏိုင္ငံသား ဂ်က္စတင္းကလြိဳက္ဗက္က သြင္းယူခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံလူ အိန္ဂ်ယ္လီႏိုရဲ႕ လူထိျဖတ္တင္ေဘာကို ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားေရာ ဂိုးသမား ဒီဂီယာပါ မတားဆီးခဲ့ရာကေန ကလြိဳက္ဗက္က အသာေလးမတင္ကန္သြင္းသြားတာပါ။ ကြင္းလယ္လူေဟာင္း စခိုးလ္က ဒီဂီယာအေနနဲ႔ ဒဏ္ရာရမွာကို စိုးရိမ္ေနခဲ့ေၾကာင္း၊ ဒီအတြက္ေၾကာင့္ပဲ ေထာင့္ျဖတ္ေဘာကို ထြက္တားဆီးဖို႔ ယုံၾကည္ခ်က္မရွိခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။ ”လိုက္ပ္ဇစ္အသင္းသြင္းယူသြားတဲ့ တတိယေျမာက္ဂိုးအတြက္ ဒီဂီယာမွာ တာဝန္ရွိပါတယ္။ သူက ဒဏ္ရာရမွာ ေၾကာက္ေနတာေလ။ အဲဒီေထာင့္ျဖတ္ေဘာက အခုလိုပုံစံအတိုင္း ပင္နယ္တီစည္းထဲ ဘယ္လိုမွေရာက္မလာသင့္ပါဘူး”

”ဂိုးသမားတစ္ေယာက္အေနနဲ႔ ေရွ႕ထြက္ ဖမ္းရမွာျဖစ္ၿပီး ကိုယ္တတ္ႏိုင္သေလာက္ကာကြယ္ရမွာျဖစ္ပါတယ္။ အဲဒီလိုတားဆီးရာမွာ မ်က္ႏွာကို အကန္ခံရႏိုင္တယ္၊ ဒဏ္ရာလည္း ရႏိုင္တယ္။ ဒါေပမဲ့ ဒီဂီယာကေတာ့ အဲဒီလိုမလုပ္ခဲ့ပါဘူး” ”ဒီဂီယာက သူဒဏ္ရာရႏိုင္ေျခရွိတဲ့ကိစၥကိုေရွာင္လႊဲလိုက္သလိုပါပဲ၊ သူ႔လိုအေတြ႕အႀကဳံရင့္ဂိုးသမားတစ္ဦးအတြက္ ဒီဂီယာရဲ႕လုပ္ရပ္က ျပစ္မႈက်ဴးလြန္လိုက္တာပါပဲ”လို႔ ေျပာပါတယ္။

ဒ့ါအျပင္ စခိုးလ္က ေနာက္ခံလူ မက္ဂြိဳင္းယားကိုလည္း ျပင္းထန္စြာေဝဖန္သြားခဲ့ၿပီး ကိုယ့္အေရွ႕ကေန ထြက္လာတာကို မတားဆီးႏိုင္ခဲ့မႈအတြက္ သူ႔ရဲ႕လႈပ္ရွားမႈကို ေဝဖန္သြားခဲ့ကာ သစ္သားတုံးႀကီးအျဖစ္ ကင္ပြန္းတပ္သြားပါတယ္။ ေနာက္ၿပီး စခိုးလ္ဟာ ပြဲအၿပီးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ မက္ဂြိဳင္းယားရဲ႕ အင္တာဗ်ဴးကိုလည္း ေဝဖန္သြားခဲ့ၿပီး အဲဒီမွာ မက္ဂြိဳင္းယားက မိမိတို႔အသင္းအေနနဲ႔ ပြဲအစမိနစ္ ၂၀ အထိ အဆင္သင့္မျဖစ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။