လိုက်ပ်ဇစ် နည်းပြဟောင်းက မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေ

လီဗာပူးလ် ၊ မန်စီးတီး တို့ လို မဟာပြိုင်ဘက်အသင်းတွေကို အိမ်ကွင်းမှာ

ဆက်တိုက်ဆိုသလို အရေးနိမ့်ပြီးနောက်မှာတော့ မန်ယူအသင်းနည်းပြဆိုးလ်ရှားရဲ့

အနာဂါတ်က အတော်လေးမေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေကို

ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့

ဆိုးလ်ရှားကို ဘုတ်အဖွဲ့က ဆက်လက် အချိန်ပေးထားဦးမှာဖြစ်တယ်လို့သိရပြီး

မန်စီးတီးကို အရေးနိမ့်တဲ့ပွဲအပြီးမှာလည်း ဆိုးလ်ရှားက ပရိသတ်တွေနဲ့

အချိန် (၂) နာရီခန့် ဓာတ်ပုံ တွဲရိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါဟာ မန်ယူအသင်းရဲ့ ပရိသတ်တွေထဲမှာကို ဆိုးလ်ရှားကို ဆက်လက်

ထောက်ခံသူတွေ ရှိနေဆဲဆိုတာကိုလည်းပြသနေပါတယ်။

မန်ယူအသင်းနဲ့ သတင်းမွှေးခဲ့တဲ့ နည်းပြ ကွန်တီက တော့ စပါးအသင်းကို

တရားဝင် ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဟောင်း

ရန်းနစ်ဟာ မန်ယူ နည်းပြရာထူးအတွက် သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။

ရန်းနစ်ဟာ (၂၀၁၅) ကနေ (၂၀၁၉) ခုနှစ်အတွင်း လိုက်ပ်ဇစ်အသင်းကို

ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိမှာတော့ လိုကိုမိုးတစ် မော်စကို အသင်းမှာ

အားကစားဖွံ့ဖြိုးရေး ဒါရိုက်တာအဖြစ်လုပ်ဆောင်နေသူဖြစ်ပါတယ်။

ရန်းနစ်ကိုယ်တိုင်ကလည်း မန်ယူအသင်းရဲ့ နည်းပြရာထူးကို စိတ်ဝင်စားနေပြီး

ကမ်းလှမ်းမှုတွေအတွက် လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။

zawgyi

လိုက္ပ္ဇစ္ နည္းျပေဟာင္းက မန္ယူနည္းျပရာထူးကို စိတ္ဝင္စားေန

လီဗာပူးလ္ ၊ မန္စီးတီး တို႔ လို မဟာၿပိဳင္ဘက္အသင္းေတြကို အိမ္ကြင္းမွာ

ဆက္တိုက္ဆိုသလို အေရးနိမ့္ၿပီးေနာက္မွာေတာ့ မန္ယူအသင္းနည္းျပဆိုးလ္ရွားရဲ႕

အနာဂါတ္က အေတာ္ေလးေမးခြန္းထုတ္စရာေကာင္းတဲ့ အေျခအေနကို

ေရာက္ရွိေနၿပီျဖစ္ပါတယ္။ လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရေတာ့

ဆိုးလ္ရွားကို ဘုတ္အဖြဲ႕က ဆက္လက္ အခ်ိန္ေပးထားဦးမွာျဖစ္တယ္လို႔သိရၿပီး

မန္စီးတီးကို အေရးနိမ့္တဲ့ပြဲအၿပီးမွာလည္း ဆိုးလ္ရွားက ပရိသတ္ေတြနဲ႔

အခ်ိန္ (၂) နာရီခန႔္ ဓာတ္ပုံ တြဲ႐ိုက္ခဲ့တယ္လို႔သိရပါတယ္။

ဒါဟာ မန္ယူအသင္းရဲ႕ ပရိသတ္ေတြထဲမွာကို ဆိုးလ္ရွားကို ဆက္လက္

ေထာက္ခံသူေတြ ရွိေနဆဲဆိုတာကိုလည္းျပသေနပါတယ္။

မန္ယူအသင္းနဲ႔ သတင္းေမႊးခဲ့တဲ့ နည္းျပ ကြန္တီက ေတာ့ စပါးအသင္းကို

တရားဝင္ ကိုင္တြယ္ခဲ့ၿပီးေနာက္မွာေတာ့ လိုက္ပ္ဇစ္အသင္းရဲ႕ နည္းျပေဟာင္း

ရန္းနစ္ဟာ မန္ယူ နည္းျပရာထူးအတြက္ သတင္းေတြထြက္လာခဲ့ျပန္ပါတယ္။

ရန္းနစ္ဟာ (၂၀၁၅) ကေန (၂၀၁၉) ခုႏွစ္အတြင္း လိုက္ပ္ဇစ္အသင္းကို

ကိုင္တြယ္ခဲ့ဖူးၿပီး လက္ရွိမွာေတာ့ လိုကိုမိုးတစ္ ေမာ္စကို အသင္းမွာ

အားကစားဖြံ႕ၿဖိဳးေရး ဒါ႐ိုက္တာအျဖစ္လုပ္ေဆာင္ေနသူျဖစ္ပါတယ္။

ရန္းနစ္ကိုယ္တိုင္ကလည္း မန္ယူအသင္းရဲ႕ နည္းျပရာထူးကို စိတ္ဝင္စားေနၿပီး

ကမ္းလွမ္းမႈေတြအတြက္ လမ္းဖြင့္ေပးထားတယ္လို႔ သိရပါတယ္။