
လိုင်ယွန်နှင့်ပဲရစ်အက်ဖ်စီတို့ဟာပရိသတ်ဆူပူသောင်းကျန်းမှုကြောင့်ပွဲကို
ရပ်ဆိုင်းလိုက်ရပြီးနောက်ပြင်သစ်ဖလားပြိုင်ပွဲမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒီဇင်ဘာလ၁၇ရက်နေ့တုန်းကပဲရစ်အက်ဖ်စီကဧည့်ခံကစားရတဲ့
ယင်းပွဲတွင်ပွဲကြည့်စင်တွင်ပရိသတ်များခိုက်ရန်ဖြစ်ပွားခဲ့တဲ့အပြင်
မီးရှူးများပစ်ပေါက်ခြင်း၊ကွင်းအတွင်းသို့ပရိသတ်များ ဝင်ရောက်မှုများဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်းတစ်ဂိုးစီသရေကျတဲ့ပထမပိုင်းတွင်ပွဲကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။
ယခုအခါပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာပဲရစ်အက်ဖ်စီကိုယူရို၁၀၀၀၀နှင့်
လိုင်ယွန်ကိုယူရို၅၂၀၀၀ဒဏ်ရိုက်မှုပြုလုပ်ခဲ့ပါတယ်။
လိုင်ယွန်ဟာမာဆေးလ်နှင့်ရင်ဆိုင်ကစားရတဲ့လီဂူး၁အိမ်ကွင်းပွဲစဉ်တွင်လည်း
ပရိသတ်ဆူပူသောင်းကျန်းမှုကြောင့်ရမှတ်တစ်မှတ်လျှော့ချခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။
ယင်းပွဲတွင်လည်းပရိသတ်တစ်ဦးကဒီမီထရီပါယက်ကိုရေဗူးဖြင့်
ပစ်ပေါက်မှုကြောင့်ပွဲကိုရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။
ယခုရာသီတွင်ပြင်သစ်ဘောလုံးလောကတွင်
ပရိသတ်ဆူပူသောင်းကျန်းမှုများစွာဖြစ်ပေါ်နေပြီးအာဏာပိုင်များကလည်း
တင်းကြပ်စွာအရေးယူများဆက်တိုက်ပြုလုပ်နေပါတယ်။
zawgyi
လိုင္ယြန္ႏွင့္ပဲရစ္တို႔ ပရိသတ္ဆူပူေသာင္းက်န္းခဲ့မႈေၾကာင့္ ျပင္သစ္ဖလားမွထုတ္ပယ္ျခင္းခံရ
လိုင္ယြန္ႏွင့္ပဲရစ္အက္ဖ္စီတို႔ဟာပရိသတ္ဆူပူေသာင္းက်န္းမႈေၾကာင့္ပြဲကို
ရပ္ဆိုင္းလိုက္ရၿပီးေနာက္ျပင္သစ္ဖလားၿပိဳင္ပြဲမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ဒီဇင္ဘာလ၁၇ရက္ေန႔တုန္းကပဲရစ္အက္ဖ္စီကဧည့္ခံကစားရတဲ့
ယင္းပြဲတြင္ပြဲၾကည့္စင္တြင္ပရိသတ္မ်ားခိုက္ရန္ျဖစ္ပြားခဲ့တဲ့အျပင္
မီးရႉးမ်ားပစ္ေပါက္ျခင္း၊ကြင္းအတြင္းသို႔ပရိသတ္မ်ား ဝင္ေရာက္မႈမ်ားျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းတစ္ဂိုးစီသေရက်တဲ့ပထမပိုင္းတြင္ပြဲကိုရပ္ဆိုင္းမႈျပဳလုပ္ခဲ့ပါတယ္။
ယခုအခါျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာပဲရစ္အက္ဖ္စီကိုယူ႐ို၁၀၀၀၀ႏွင့္
လိုင္ယြန္ကိုယူ႐ို၅၂၀၀၀ဒဏ္႐ိုက္မႈျပဳလုပ္ခဲ့ပါတယ္။
လိုင္ယြန္ဟာမာေဆးလ္ႏွင့္ရင္ဆိုင္ကစားရတဲ့လီဂူး၁အိမ္ကြင္းပြဲစဥ္တြင္လည္း
ပရိသတ္ဆူပူေသာင္းက်န္းမႈေၾကာင့္ရမွတ္တစ္မွတ္ေလွ်ာ့ခ်ျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။
ယင္းပြဲတြင္လည္းပရိသတ္တစ္ဦးကဒီမီထရီပါယက္ကိုေရဗူးျဖင့္
ပစ္ေပါက္မႈေၾကာင့္ပြဲကိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ရပါတယ္။
ယခုရာသီတြင္ျပင္သစ္ေဘာလုံးေလာကတြင္
ပရိသတ္ဆူပူေသာင္းက်န္းမႈမ်ားစြာျဖစ္ေပၚေနၿပီးအာဏာပိုင္မ်ားကလည္း
တင္းၾကပ္စြာအေရးယူမ်ားဆက္တိုက္ျပဳလုပ္ေနပါတယ္။