
အေဒင်ဟာဇက်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မထင်
မှတ်ဘဲအသင်းဟောင်းလိုင်လီသို့ပြောင်းရွှေ့လာဖို့ရှိနေပါတယ်။
ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရီးရဲလ်
မက်ဒရစ်သို့ပေါင်၈၉သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်ဒဏ်ရာပြဿနာများနှင့်
ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။
သူဟာယခုရာသီမှာဒဏ်ရာကင်းစင်နေပေမယ့်လည်းဗီနီစီးယပ်စ်ဂျူနီယာ
ခြေစွမ်းပြနေမှုနဲ့အတူနေရာပျောက်နေပါတယ်။သူဟာယခုရာသီမှာ၁၂ပွဲ
ကစားထားရာမှာတစ်ဂိုးမျှသွင်းထားနိုင်ခြင်းမရှိပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာအသင်းရဲ့အသုံးစရိတ်လျှော့ချရန်အတွက်ဟာဇက်ကို
ဇန်နဝါရီအပြောင်းအရွှေ့တွင်ထွက်ခွာခွင့်ပေးသွားမယ်လို့သတင်းထွက်နေပါတယ်။
ယခုအခါလိုင်လီဥက္ကဌအိုလီဗာက “လိုင်လီသို့ဟာဇက်ပြန်လာမှာလားဆိုတော့
ဒါကမဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။လိုအပ်လာရင်စပိန်သို့ကျွန်တော်
ကိုယ်တိုင်သွားပါမယ်။မဖြစ်နိုင်ဘူးလို့အခြားသူတွေကထင်ကောင်း
ထင်ကြမှာပါ။ဟာဇက်ကအရည်အသွေးတွေအများကြီးရှိတဲ့ထိပ်တန်း
ကစားသမားတစ်ဦးပါ။အခုအချိန်မှာသူကရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦး
ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ရဲ့စာချုပ်အောက်မှာရှိနေတဲ့သူပါ”လို့
ပြောကြားခဲ့ပါတယ်။
ဟာဇက်ဟာ၂၀၀၇ခုနှစ်မှာလိုင်လီအတွက်ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲ
ကစားခွင့်ရရှိခဲ့ပြီး၂၀၁၂ခုနှစ်မှာချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပါတယ်။သူဟာ
လိုင်လီမှာကစားတဲ့ငါးနှစ်မှာဂိုး၅၀သွင်းနိုင်ခဲ့ပြီးလီဂူး၁ဖလားတစ်ကြိမ်နှင့်
ရှုံးထွက်ဖလားတစ်ကြိမ်ရရှိခဲ့ပါတယ်။
Zawgyi
လိုင္လီကို ျပန္ေရာက္သြားႏိုင္တဲ့ ဟာဇက္
ေအဒင္ဟာဇက္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မထင္
မွတ္ဘဲအသင္းေဟာင္းလိုင္လီသို႔ေျပာင္းေ႐ႊ႕လာဖို႔ရွိေနပါတယ္။
ဘယ္လ္ဂ်ီယံေတာင္ပံကစားသမားဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွရီးရဲလ္
မက္ဒရစ္သို႔ေပါင္၈၉သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္
႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။
သူဟာယခုရာသီမွာဒဏ္ရာကင္းစင္ေနေပမယ့္လည္းဗီနီစီးယပ္စ္ဂ်ဴနီယာ
ေျခစြမ္းျပေနမႈနဲ႔အတူေနရာေပ်ာက္ေနပါတယ္။သူဟာယခုရာသီမွာ၁၂ပြဲ
ကစားထားရာမွာတစ္ဂိုးမွ်သြင္းထားႏိုင္ျခင္းမရွိပါဘူး။
ရီးရဲလ္မက္ဒရစ္ဟာအသင္းရဲ႕အသုံးစရိတ္ေလွ်ာ့ခ်ရန္အတြက္ဟာဇက္ကို
ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ထြက္ခြာခြင့္ေပးသြားမယ္လို႔သတင္းထြက္ေနပါတယ္။
ယခုအခါလိုင္လီဥကၠဌအိုလီဗာက “လိုင္လီသို႔ဟာဇက္ျပန္လာမွာလားဆိုေတာ့
ဒါကမျဖစ္ႏိုင္တဲ့အရာေတာ့မဟုတ္ပါဘူး။လိုအပ္လာရင္စပိန္သို႔ကြၽန္ေတာ္
ကိုယ္တိုင္သြားပါမယ္။မျဖစ္ႏိုင္ဘူးလို႔အျခားသူေတြကထင္ေကာင္း
ထင္ၾကမွာပါ။ဟာဇက္ကအရည္အေသြးေတြအမ်ားႀကီးရွိတဲ့ထိပ္တန္း
ကစားသမားတစ္ဦးပါ။အခုအခ်ိန္မွာသူကရီးရဲလ္မက္ဒရစ္ကစားသမားတစ္ဦး
ျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္ရဲ႕စာခ်ဳပ္ေအာက္မွာရွိေနတဲ့သူပါ”လို႔
ေျပာၾကားခဲ့ပါတယ္။
ဟာဇက္ဟာ၂၀၀၇ခုႏွစ္မွာလိုင္လီအတြက္ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲ
ကစားခြင့္ရရွိခဲ့ၿပီး၂၀၁၂ခုႏွစ္မွာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။သူဟာ
လိုင္လီမွာကစားတဲ့ငါးႏွစ္မွာဂိုး၅၀သြင္းႏိုင္ခဲ့ၿပီးလီဂူး၁ဖလားတစ္ႀကိမ္ႏွင့္
ရႈံးထြက္ဖလားတစ္ႀကိမ္ရရွိခဲ့ပါတယ္။