လိုအပ်တဲ့ ကစားသမားအင်အားတွေ ဖြည့်ဆည်းခဲ့တဲ့အပေါ် နည်းပြလမ်းပတ်ပြောစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ ဈေးကွက် အတွင်း ၊ ကစားသမား အင်အား ဖြည့်တင်းမှု အနေနဲ့ လိုချင်တဲ့သူတွေကို စိတ်ကြိုက် ခေါ်ယူနိုင်ခဲ့ပေမယ့် ၊ အသုံးမလိုတော့တဲ့ အသင်းသား တချို့ ကိုတော့ ရောင်းထုတ်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ကစားသမားအပြောင်းအရွှေ့ကိစ္စ နဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်ရဲ့ စကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။ လမ်းပတ်ဟာ ပိုက်ဆံ သုံးခွင့် မရှိခဲ့တဲ့ အချိန်တုန်းက ချဲလ်ဆီး အသင်း ကို အကယ်ဒမီထွက် ကစားသမားတွေနဲ့ အလှပဆုံး အစားထိုး ပြင်ဆင်ပေးထားနိုင်ခဲ့ပါတယ် ။

“အခုတော့ ကျွန်တော်တို့ဟာ ဝီလီယံ ၊ ပတ်ဒရို ၊ ဘတ်ရှူဝါရီ တို့ကို ဆုံးရှုံးထားပါတယ် ။ မနှစ်က အတိုင်း တိုက်စစ်ပိုင်း ပြိုင်ဆိုင်မှု ပြင်းထန်စေဖို့ ၊ ထိပ်တန်း ကစားသမား တချို့ ကိုလည်း ထပ်ဖြည့်ထားပါတယ် ။ အသင်း အတွက် အမှန်တကယ် လိုအပ်တဲ့ အရည်အသွေးမျိုး ပေးစွမ်းမယ့် တိုက်စစ် ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တာ လို့ ခံစားနေရပါတယ်။”

”ဒီနှစ် ဘောလုံး ရာသီ တစ်ခုလုံး လက်ရှိ ကစားသမား အင်အား ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ် ။ အရန်ခုံတန်း က ရွေးချယ်မှုတွေ အပါအဝင်ပေါ့ ။ အသင်းသားတိုင်း ဟာ ပွဲထွက် စာရင်းမှာ ပါဝင်ဖို့ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကြိုးစားပိုင်ခွင့် ရှိပါတယ် ။ ဒါဟာ ကစားသမားတိုင်း ရဲ့ လက်ထဲမှာ ရှိနေတဲ့ အရာ ဖြစ်ပြီး ၊ ဒီ ပုံစံ အတိုင်း ကျွန်တော် အသင်း ကို စီမံခန့်ခွဲနေတာပါ ။ နောက်ပြီး ကလပ် အတွက် အကောင်းဆုံး ဖြစ်စေမယ့် ပုံစံ ကို ကျွန်တော် လုပ်ပေးနေတာပါ။”

ဆက်လက်ပြီး လမ်းပတ် က လက်ရှိ သုံးစွဲထားတဲ့ ငွေကြေး ပမာဏ ရဲ့ ဖိအားကြောင့် သူ နစ်မြုပ်သွားမှာ မဟုတ်ကြောင်းကို “ဒါဟာ ဘောလုံး လောက ဖြစ်လို့ ၊ ဖိအားဒဏ် ကို ကျွန်တော် နားလည်ပါတယ် ။ ရှေ့ဆက် တိုးတက်ဖို့ အတွက်က အချိန်လည်း လိုပါတယ် ။ဒါပေမယ့် လိုချင်တဲ့ နေရာကို အမြန်ဆုံး ရောက်ဖို့ အတွက် က ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှု က အဓိက ကျပါတယ် ။ အများရဲ့ ကျွန်တော်တို့ အသင်း အပေါ် ကြီးကြီးမားမား မျှော်လင့်ချက် ထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘာ ပြဿနာ မှ မရှိသင့်ပါဘူး ။ “ဆိုပြီး ပြောဆိုထားပါတယ်။

ဖရန့် လမ်းပတ်က ဟာဇတ် နေရာ ကို ဖြည့်တင်းဖို့ အတွက် ငွေကြေး ကြီးကြီးမားမား သုံးစွဲဖို့ လိုအပ်ခဲ့ကြောင်းကိုလည်း ခုလိုပြောဆိုထားပါတယ်။ “ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ကို ဆုံးရှုံးခဲ့ရတယ် လို့ ခံယူထားပါတယ် ။ ဒါ့အပြင် ကျွန်တော်တို့ဟာ သူ့နေရာကို ဖြည့်တင်းဖို့ ချက်ချင်း အလုပ်လုပ်ခွင့်လည်း မရှိခဲ့ပါဘူး။ ဖြည့်ဆည်းနိုင်တဲ့ အချိန်မှာတော့ အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ခဲ့ကြပါတယ်။”လို့ပြောဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ အီဒင် ဟာဇတ် ရဲ့ နေရာ ကို ဖြည့်တင်းဖို့ ၊ ပြီးခဲ့တဲ့ ရာသီမှာ အေဂျက်ဇ် ၊ လစ်ပ်ဇစ် ၊ လေဗာကူဆင် အသင်းတွေက အကောင်းဆုံး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဟာကင် ဇီယက်ချ် ၊ တီမို ဗာနာ ၊ ကိုင်ဟာဗက်ဇ် တို့ကို ခေါ်ယူခဲ့ပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိုအပ္တဲ့ ကစားသမားအင္အားေတြ ျဖည့္ဆည္းခဲ့တဲ့အေပၚ နည္းျပလမ္းပတ္ေျပာစကား

ခ်ဲလ္ဆီး အသင္း ဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္း ၊ ကစားသမား အင္အား ျဖည့္တင္းမႈ အေနနဲ႔ လိုခ်င္တဲ့သူေတြကို စိတ္ႀကိဳက္ ေခၚယူႏိုင္ခဲ့ေပမယ့္ ၊ အသုံးမလိုေတာ့တဲ့ အသင္းသား တခ်ိဳ႕ ကိုေတာ့ ေရာင္းထုတ္ႏိုင္ခဲ့ျခင္း မရွိပါဘူး ။ ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥ နဲ႔ပတ္သက္ၿပီး နည္းျပလမ္းပတ္ရဲ႕ စကားေတြကို တင္ဆက္ေပးလိုက္ပါတယ္။ လမ္းပတ္ဟာ ပိုက္ဆံ သုံးခြင့္ မရွိခဲ့တဲ့ အခ်ိန္တုန္းက ခ်ဲလ္ဆီး အသင္း ကို အကယ္ဒမီထြက္ ကစားသမားေတြနဲ႔ အလွပဆုံး အစားထိုး ျပင္ဆင္ေပးထားႏိုင္ခဲ့ပါတယ္ ။

“အခုေတာ့ ကြၽန္ေတာ္တို႔ဟာ ဝီလီယံ ၊ ပတ္ဒ႐ို ၊ ဘတ္ရႉဝါရီ တို႔ကို ဆုံးရႈံးထားပါတယ္ ။ မႏွစ္က အတိုင္း တိုက္စစ္ပိုင္း ၿပိဳင္ဆိုင္မႈ ျပင္းထန္ေစဖို႔ ၊ ထိပ္တန္း ကစားသမား တခ်ိဳ႕ ကိုလည္း ထပ္ျဖည့္ထားပါတယ္ ။ အသင္း အတြက္ အမွန္တကယ္ လိုအပ္တဲ့ အရည္အေသြးမ်ိဳး ေပးစြမ္းမယ့္ တိုက္စစ္ ကစားသမားေတြကို ကြၽန္ေတာ္တို႔ ေခၚယူႏိုင္ခဲ့တာ လို႔ ခံစားေနရပါတယ္။”

”ဒီႏွစ္ ေဘာလုံး ရာသီ တစ္ခုလုံး လက္ရွိ ကစားသမား အင္အား ကို ျပည့္ျပည့္ဝဝ အသုံးခ်ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္ ။ အရန္ခုံတန္း က ေ႐ြးခ်ယ္မႈေတြ အပါအဝင္ေပါ့ ။ အသင္းသားတိုင္း ဟာ ပြဲထြက္ စာရင္းမွာ ပါဝင္ဖို႔ ကိုယ့္နည္းကိုယ့္ဟန္ နဲ႔ ႀကိဳးစားပိုင္ခြင့္ ရွိပါတယ္ ။ ဒါဟာ ကစားသမားတိုင္း ရဲ႕ လက္ထဲမွာ ရွိေနတဲ့ အရာ ျဖစ္ၿပီး ၊ ဒီ ပုံစံ အတိုင္း ကြၽန္ေတာ္ အသင္း ကို စီမံခန႔္ခြဲေနတာပါ ။ ေနာက္ၿပီး ကလပ္ အတြက္ အေကာင္းဆုံး ျဖစ္ေစမယ့္ ပုံစံ ကို ကြၽန္ေတာ္ လုပ္ေပးေနတာပါ။”

ဆက္လက္ၿပီး လမ္းပတ္ က လက္ရွိ သုံးစြဲထားတဲ့ ေငြေၾကး ပမာဏ ရဲ႕ ဖိအားေၾကာင့္ သူ နစ္ျမဳပ္သြားမွာ မဟုတ္ေၾကာင္းကို “ဒါဟာ ေဘာလုံး ေလာက ျဖစ္လို႔ ၊ ဖိအားဒဏ္ ကို ကြၽန္ေတာ္ နားလည္ပါတယ္ ။ ေရွ႕ဆက္ တိုးတက္ဖို႔ အတြက္က အခ်ိန္လည္း လိုပါတယ္ ။ဒါေပမယ့္ လိုခ်င္တဲ့ ေနရာကို အျမန္ဆုံး ေရာက္ဖို႔ အတြက္ က ကိုယ့္ရဲ႕ ႀကိဳးစား အားထုတ္မႈ က အဓိက က်ပါတယ္ ။ အမ်ားရဲ႕ ကြၽန္ေတာ္တို႔ အသင္း အေပၚ ႀကီးႀကီးမားမား ေမွ်ာ္လင့္ခ်က္ ထားတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာ ဘာ ျပႆနာ မွ မရွိသင့္ပါဘူး ။ “ဆိုၿပီး ေျပာဆိုထားပါတယ္။

ဖရန႔္ လမ္းပတ္က ဟာဇတ္ ေနရာ ကို ျဖည့္တင္းဖို႔ အတြက္ ေငြေၾကး ႀကီးႀကီးမားမား သုံးစြဲဖို႔ လိုအပ္ခဲ့ေၾကာင္းကိုလည္း ခုလိုေျပာဆိုထားပါတယ္။ “ၿပီးခဲ့တဲ့ ေဘာလုံး ရာသီတုန္းက ကြၽန္ေတာ္တို႔ဟာ ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမား ကို ဆုံးရႈံးခဲ့ရတယ္ လို႔ ခံယူထားပါတယ္ ။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ဟာ သူ႔ေနရာကို ျဖည့္တင္းဖို႔ ခ်က္ခ်င္း အလုပ္လုပ္ခြင့္လည္း မရွိခဲ့ပါဘူး။ ျဖည့္ဆည္းႏိုင္တဲ့ အခ်ိန္မွာေတာ့ အေကာင္းဆုံး ကစားသမားေတြကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။”လို႔ေျပာဆိုပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အီဒင္ ဟာဇတ္ ရဲ႕ ေနရာ ကို ျဖည့္တင္းဖို႔ ၊ ၿပီးခဲ့တဲ့ ရာသီမွာ ေအဂ်က္ဇ္ ၊ လစ္ပ္ဇစ္ ၊ ေလဗာကူဆင္ အသင္းေတြက အေကာင္းဆုံး တိုက္စစ္ ကစားသမားေတြ ျဖစ္ၾကတဲ့ ဟာကင္ ဇီယက္ခ်္ ၊ တီမို ဗာနာ ၊ ကိုင္ဟာဗက္ဇ္ တို႔ကို ေခၚယူခဲ့ပါတယ္ ။