လီဗာပူးကိုအနိုင်ရရှိဖို့ ခံစစ်ကို ဘယ်လို ပြောင်းးလဲရမယ်ဆိုတာ ဆိုးလ်ရှားကို နဗီးလ်အကြံပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးကို အနိုင်ရရှိချင်တယ်ဆိုရင် ဆိုးလ်ရှားအနေနဲ့ နောက်တန်းမှာ မက်ဂါွရီ နဲ့ ဘိုင်လီတို့အတွဲကို ပွဲထုတ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဒုတိယနေရာက လီဗာပူးကို အန်ဖီးလ်မှာ အဝေးကွင်းပွဲစဉ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကြားရက်တုန်းက ယူနိုက်တက်ဟာ ဘန်လေကိုအနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲအထိ အနိုင်ရရှိထားပြီး ချန်ပီယံဆုအတွက် ရေပန်းစားလာခဲ့ပါတယ်။

ဒါပေမဲ့ နဗီးလ်ကတော့ တနင်္ဂနွေနေ့မှာ ယူနိုက်တက်အနေနဲ့ လီဗာပူးကို အနိုင်ရရှိချင်တယ်ဆိုရင် ခံစစ်မှာ မက်ဂွါရီ နဲ လင်ဒီလော့ဖ်တို့ကို တွဲပေးဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

အိုင်ဗရီကို့စ်သားဟာ လင်ဒီလော့ဖ်ဒဏ်ရာရရှိပြီးနောက် ယူနိုက်တက်ခံစစ်မှာ အားထားရတဲ့နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။

ဘိုင်လီဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် နဗီးလ်ကလည်း လီဗာပူးနဲ့ပွဲမှာ ပွဲထုတ်စေချင်နေတာဖြစ်ပါတယ်။

တွစ်တာကအမေးအဖြေမှာ နဗီးလ်က ဆိုးလ်ရှားအနေနဲ့ နောက်တန်းနေရာအတွက် မက်ဂွါရီ နဲ့ ဘိုင်လီတို့အတွဲကို ရွေးချယ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

လီဗာပူးဟာ အိမ်ကွင်းမှာ ၂၀၁၇ နောက်ပိုင်း လိဂ်ပွဲစဉ်တွေကို အရေးနိမ့်ထားခြင်းမရှိသေးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲကိုအနိုင်မရရှိထားတာကြောင့် ဆိုးလ်ရှားရဲ့ယူနိုက်တက်အနေနဲ့ အခွင့်အရေးရယူနိုင်လိမ့်မယ်လို့ နဗီးလ်က ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့ရာသီကိုကြည့်ရင် ယူနိုက်တက်အတွက် စိတ်ပျက်စရာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ ယူနိုက်တက်ကအကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ လီဗာပူးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးကိုအႏုိင္ရရွိဖို႔ ခံစစ္ကို ဘယ္လို ေျပာင္းလဲရမယ္ဆုိတာ ဆိုးလ္ရွားကို နဗီးလ္အၾကံျပဳ

ယူႏိုက္တက္အေနနဲ႔ တနဂၤေႏြေန႔မွာ လီဗာပူးကို အႏိုင္ရရွိခ်င္တယ္ဆုိရင္ ဆိုးလ္ရွားအေနနဲ႔ ေနာက္တန္းမွာ မက္ဂါြရီ နဲ႔ ဘိုင္လီတို႔အတြဲကို ပြဲထုတ္သင့္တယ္လုိ႔ အၾကံေပးလိုက္ပါတယ္။ ယူႏိုက္တက္ဟာ တနဂၤေနြေန႔မွာ ဒုတိယေနရာက လီဗာပူးကို အန္ဖီးလ္မွာ အေ၀းကြင္းပြဲစဥ္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ၾကားရက္တုန္းက ယူႏိုက္တက္ဟာ ဘန္ေလကိုအႏုိင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆံုးကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၁၁ ပြဲမွာ ၉ ပြဲအထိ အႏိုင္ရရွိထားျပီး ခ်န္ပီယံဆုအတြက္ ေရပန္းစားလာခဲ့ပါတယ္။

ဒါေပမဲ့ နဗီးလ္ကေတာ့ တနဂၤေႏြေန႔မွာ ယူႏိုက္တက္အေနနဲ႔ လီဗာပူးကို အႏုိင္ရရွိခ်င္တယ္ဆိုရင္ ခံစစ္မွာ မက္ဂြါရီ နဲ လင္ဒီေလာ့ဖ္တို႔ကို တြဲေပးဖို႔ လိုအပ္တယ္လို႔ ဆိုခဲ့ပါတယ္။ အိုင္ဗရီကို႔စ္သားဟာ လင္ဒီေလာ့ဖ္ဒဏ္ရာရရွိျပီးေနာက္ ယူႏုိက္တက္ခံစစ္မွာ အားထားရတဲ့ေနာက္ခံလူ ျဖစ္လာခဲ့ပါတယ္။ ဘိုင္လီဟာ စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတာေၾကာင့္ နဗီးလ္ကလည္း လီဗာပူးနဲ႔ပြဲမွာ ပြဲထုတ္ေစခ်င္ေနတာျဖစ္ပါတယ္။ တြစ္တာကအေမးအေျဖမွာ နဗီးလ္က ဆိုးလ္ရွားအေနနဲ႔ ေနာက္တန္းေနရာအတြက္ မက္ဂြါရီ နဲ႔ ဘိုင္လီတို႔အတြဲကို ေရြးခ်ယ္သင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။

လီဗာပူးဟာ အိမ္ကြင္းမွာ ၂၀၁၇ ေနာက္ပိုင္း လိဂ္ပြဲစဥ္ေတြကို အေရးနိမ့္ထားျခင္းမရွိေသးတဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၃ ပြဲကိုအႏိုင္မရရွိထားတာေၾကာင့္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္အေနနဲ႔ အခြင့္အေရးရယူႏိုင္လိမ့္မယ္လို႔ နဗီးလ္က ယံုၾကည္ေနပါတယ္။ “ျပီးခဲ့တဲ့ရာသီကိုၾကည့္ရင္ ယူႏုိက္တက္အတြက္ စိတ္ပ်က္စရာပါ။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ယူႏုိက္တက္ကအေကာင္းဆံုးအေနအထားမွာ ရွိေနပါတယ္။ လီဗာပူးကို အႏိုင္ယူႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္”လို႔ နဗီးလ္က ေျပာၾကားခဲ့ပါတယ္။