လီဗာပူးကို နှိပ်ကွပ်နိုင်မယ့် လက်ဆောင်ကို ကံကောင်းပြီးရထားတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သိပ်မကြာခင်မှာ ဘောလုံးပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းရှိပါတယ်။အဲဒါကတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်မယ့် ပွဲပါ။ ဇယားထိပ်နေရာ အရယူရေးနဲ့ ဇယားထိပ်မှာ တည်မြဲရေးခေါင်းစဉ်တွေကြောင့် နှစ်သင်းအပြိုင်ကြဲကြမှာပါ။ အဝေးကွင်းမှာ ပြိုင်ရမယ့် ယူနိုက်တက်အတွက် ကံကောင်းပြီး လက်ဆောင်တစ်ခုရထားတယ်လို့ ပြောလို့ရပါတယ်။ လီဗာပူးကို နှိပ်ကွပ်နိုင်တဲ့ အရာကတော့ ဒိုင်လူကြီးပါပဲ။

ယူနိုက်တက်နဲ့ လီဗာပူး ပွဲကိုကွင်းလယ်ဒိုင်အဖြစ်ပေါလ်တီရာနေးက တာဝန်ယူမှာပါ။ တီရာနေးရဲ့ အတိတ်ကလုပ်ဆောင်ချက်ကို ကြည့်ရင် တီရာနေးတစ်ယောက်ယူနိုက်တက်ပွဲကို ကိုင်တွယ်ရင် သရဲနီတို့ ပင်နယ်တီ များများရပြီး လီဗာပူးအပေါ်မှာတော့ ပင်နယ်တီကန်ခွင့်မပေးခဲ့ပါဘူး။ တီရာနေးနဲ့ လီဗာပူးတွေ့ဆုံခဲ့တဲ့ ချဲလ်ဆီးပွဲနဲ့ နယူးကာဆယ် ပွဲတွေမှာဆိုရင် လီဗာပူး အခွင့်မသာခဲ့ပါဘူး။

တခြားအချက်တွေကြည့်မယ်ဆိုရင်လည်း သရဲနီတို့အတွက်အားတက်စရာပါ။ တီရာနေးကိုင်တွယ်ထားတဲ့ လီဗာပူး ရဲ့ နောက်ဆုံး ၁၃ပွဲမှာ ပင်နယ်တီတစ်လုံးမှ မရရှိခဲ့ပေမယ့်လည်း ၈ပွဲနိုင် ၃ပွဲသရေနဲ့ ၂ပွဲ ရှုံးထားတဲ့ ရလဒ်တော့ ပိုင်ဆိုင်ထားပါတယ်။ တစ်ဖက်မှာတော့ တီရာနေး ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ ယူနိုက်တက် ရဲ့ နောက်ဆုံး ၁၀ပွဲမှာတော့ ပင်နယ်တီ ၅ ကြိမ်အထိ ကန်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြ ကလော့ပ်က ယူနိုက်တက်ဟာ နှစ်နှစ်အတွင်းမှာ လီဗာပူးရဲ့ ငါးနှစ်ခွဲထက် ပင်နယ်တီ ပိုရခဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းမာ့ခ်ကလန်တန်ဘချ်ကတော့ ကလော့ပ်ကို ခုလို ပြန်လည်ဝေဖန်ထားပါတယ်။” ယူနိုက်တက်ကစားသမားတွေက ပင်နယ်တီရဖို့အတွက်ပဲ ကြိုးစားနေတယ်လို့ပြောတာဟာ သူ့ကိုယ်သူ ကိုယ်ရည်သွေး သူတော်ကောင်းယောင်ဆောင်နေတာပါ။”

“ပြီးခဲ့တဲ့ဘောလုံးရာသီက လီဗာပူး ပွဲတိုင်းနိုင်နေတော့ ကလော့ပ်အဲ ဒီလိုစကားမျိုး မပြောခဲ့ပါဘူး။ ယူနိုက်တက်ပင်နယ်တီရတာနဲ့ပတ်သက်ပြီး သူက အထင်မှားနေတာပါ။ ကျွန်တော်က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပြိုင်ဖက်အသင်းတွေကို ပင်နယ်တီ သုံးခါပေးခဲ့တဲ့ တစ်ဦးတည်းသော ဒိုင်လူကြီးပါ။ အဲ ဒါက လီဗာပူးကိုပေးခဲ့တာပါ။ ၂၀၁၄ ခုနှစ်တုန်းကပေါ့” ဆိုပြီး မာ့ခ်ကပြောပါတယ်။ လာမယ့် အင်္ဂလန်ဒါဘီပွဲစဉ်မှာ လီဗာပူးရှုံးနိမ့်ခဲ့ပါက ယူနိုက်တက် နဲ့ ၆မှတ်အထိ ကွာဟသွားမှာဖြစ်သလို အဆင့်အားဖြင့်လည်း ၂နေရာ ၃နေရာလောက်ထိ လျော့ကျသွားနိုင်ပါတယ်။ ဒိုင်ကူတာတွေ၊ ပင်နယ်တီကန်တာတွေကတော့ ကိုယ်မရဘဲ ပြိုင်ဘက်အသင်းရရင် တစ်ဖက်ဖက်ကတော့ အမြဲပဲ ဝေဖန်ထိုးနှက်နေကြပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သိပ္မၾကာခင္မွာ ေဘာလုံးပရိသတ္ေတြအတြက္ ပြဲႀကီးပြဲေကာင္းရွိပါတယ္။အဲဒါကေတာ့ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ ယွဥ္ၿပိဳင္မယ့္ ပြဲပါ။ ဇယားထိပ္ေနရာ အရယူေရးနဲ႔ ဇယားထိပ္မွာ တည္ၿမဲေရးေခါင္းစဥ္ေတြေၾကာင့္ ႏွစ္သင္းအၿပိဳင္ႀကဲၾကမွာပါ။ အေဝးကြင္းမွာ ၿပိဳင္ရမယ့္ ယူႏိုက္တက္အတြက္ ကံေကာင္းၿပီး လက္ေဆာင္တစ္ခုရထားတယ္လို႔ ေျပာလို႔ရပါတယ္။ လီဗာပူးကို ႏွိပ္ကြပ္ႏိုင္တဲ့ အရာကေတာ့ ဒိုင္လူႀကီးပါပဲ။

ယူႏိုက္တက္နဲ႔ လီဗာပူး ပြဲကိုကြင္းလယ္ဒိုင္အျဖစ္ေပါလ္တီရာေနးက တာဝန္ယူမွာပါ။ တီရာေနးရဲ႕ အတိတ္ကလုပ္ေဆာင္ခ်က္ကို ၾကည့္ရင္ တီရာေနးတစ္ေယာက္ယူႏိုက္တက္ပြဲကို ကိုင္တြယ္ရင္ သရဲနီတို႔ ပင္နယ္တီ မ်ားမ်ားရၿပီး လီဗာပူးအေပၚမွာေတာ့ ပင္နယ္တီကန္ခြင့္မေပးခဲ့ပါဘူး။ တီရာေနးနဲ႔ လီဗာပူးေတြ႕ဆုံခဲ့တဲ့ ခ်ဲလ္ဆီးပြဲနဲ႔ နယူးကာဆယ္ ပြဲေတြမွာဆိုရင္ လီဗာပူး အခြင့္မသာခဲ့ပါဘူး။ တျခားအခ်က္ေတြၾကည့္မယ္ဆိုရင္လည္း သရဲနီတို႔အတြက္အားတက္စရာပါ။ တီရာေနးကိုင္တြယ္ထားတဲ့ လီဗာပူး ရဲ႕ ေနာက္ဆုံး ၁၃ပြဲမွာ ပင္နယ္တီတစ္လုံးမွ မရရွိခဲ့ေပမယ့္လည္း ၈ပြဲႏိုင္ ၃ပြဲသေရနဲ႔ ၂ပြဲ ရႈံးထားတဲ့ ရလဒ္ေတာ့ ပိုင္ဆိုင္ထားပါတယ္။ တစ္ဖက္မွာေတာ့ တီရာေနး ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့တဲ့ ယူႏိုက္တက္ ရဲ႕ ေနာက္ဆုံး ၁၀ပြဲမွာေတာ့ ပင္နယ္တီ ၅ ႀကိမ္အထိ ကန္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ေဆာက္သမ္တန္ကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ နည္းျပ ကေလာ့ပ္က ယူႏိုက္တက္ဟာ ႏွစ္ႏွစ္အတြင္းမွာ လီဗာပူးရဲ႕ ငါးႏွစ္ခြဲထက္ ပင္နယ္တီ ပိုရခဲ့တယ္လို႔ ေဝဖန္​ေျပာဆိုခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္းမာ့ခ္ကလန္တန္ဘခ်္က​ေတာ့ က​​ေလာ့ပ္ကို ခုလို ျပန္လည္​ေ၀ဖန္ထားပါတယ္။” ယူႏိုက္တက္ကစားသမားေတြက ပင္နယ္တီရဖို႔အတြက္ပဲ ႀကိဳးစားေနတယ္လို႔​ေျပာတာဟာ သူ႔ကိုယ္သူ ကိုယ္ရည္​ေသြး သူေတာ္ေကာင္းေယာင္ေဆာင္ေနတာပါ။”

“ၿပီးခဲ့တဲ့ေဘာလုံးရာသီက လီဗာပူး ပြဲတိုင္းႏိုင္ေနေတာ့ ကေလာ့ပ္အဲ ဒီလိုစကားမ်ိဳး မေျပာခဲ့ပါဘူး။ ယူႏိုက္တက္ပင္နယ္တီရတာနဲ႔ပတ္သက္ၿပီး သူက အထင္မွား​ေနတာပါ။ ကြၽန္ေတာ္က အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ၿပိဳင္ဖက္အသင္းေတြကို ပင္နယ္တီ သုံးခါေပးခဲ့တဲ့ တစ္ဦးတည္းေသာ ဒိုင္လူႀကီးပါ။ အဲ ဒါက လီဗာပူးကိုေပးခဲ့တာပါ။ ၂၀၁၄ ခုႏွစ္တုန္းက​​ေပါ့” ဆိုၿပီး မာ့ခ္က​ေျပာပါတယ္။ လာမယ့္ အဂၤလန္ဒါဘီပြဲစဥ္မွာ လီဗာပူးရႈံးနိမ့္ခဲ့ပါက ယူႏိုက္တက္ နဲ႔ ၆မွတ္အထိ ကြာဟသြားမွာျဖစ္သလို အဆင့္အားျဖင့္လည္း ၂ေနရာ ၃ေနရာေလာက္ထိ ေလ်ာ့က်သြားႏိုင္ပါတယ္။ ဒိုင္ကူတာ​ေတြ၊ ပင္နယ္တီကန္တာ​ေတြက​ေတာ့ ကိုယ္မရဘဲ ၿပိဳင္ဘက္အသင္းရရင္ တစ္ဖက္ဖက္က​ေတာ့ အၿမဲပဲ ​ေ၀ဖန္ထိုးႏွက္​ေနၾကပါ။