လီဗာပူးကို ၆ မှတ်အထိ ဖြတ်နိုင်မယ့် အရေးကြီးပွဲတွေမှာ ပေါ့ဂ်ဘာပါဝင်နိုင်ဖို့ မသေမချာဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာကြောင့် စနေညက ဝက်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက အတည်ပြုပါတယ်။


အဲဒီပွဲကို နောက်ခံလူ လင်ဒီလော့ဖ်နဲ့ ဘယ်နောက်ခံလူ လုခ်ရှောတို့လည်း လွဲချော်ခဲ့ရပြီး ဝက်ဖို့ဒ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဘိုင်လီရဲ့အနေအထားကိုလည်း ဆိုးလ်ရှား စောင့်ကြည့်နေရပါတယ်။


ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏအနားယူခဲ့ရသလို ယခုရာသီမှာလည်း ပြင်သစ်အသင်းနဲ့အတူ ပါဝင်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ အနားယူခဲ့ရပါသေးတယ်။


ယူနိုက်တက်ဟာ မကြာခင် အရေးပါတဲ့ရက်သတ္တပတ်ကို ဖြတ်သန်းရမှာဖြစ်ပြီး ကြားရက်အတွင်းကစားရမယ့် ဘန်လေနဲ့ပွဲမှာ အနိုင်ရရင် လီဗာပူးကို ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဲဒီပွဲပြီးရင်လည်း လီဗာပူးနဲ့ရင်ဆိုင်ရမှာဖြစ်ရာ အများဆုံး ၆ မှတ်ဖြတ်နိုင်မယ့်အခွင့်အရေးကြောင့် ဆိုးလ်ရှားလည်း ဒဏ်ရာရကစားသမားတွေအကြာကြီးအနားမယူဖို့ မျှော်လင့်နေပါတယ်။


ယူနိုက်တက်ဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်မှာ စီးတီးကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် ဒီပွဲမှာ အပြောင်းအလဲအများအပြားပြုလုပ်ခဲ့ပြီး မက်တိုမီနေးရဲ့ခေါင်းတိုက်ဂိုးကြောင့် အနိုင်ရခဲ့ပေမယ့် ခြေစွမ်းကတော့ ပုံမှန်အောက်ရောက်ခဲ့ရပါတယ်။


၉ နေရာအပြောင်းအလဲပြုလုပ်ခဲ့တဲ့အနက် ဗန်ဒီဘိခ်၊ ဘရန်ဒန်ဝီလျံနဲ့ လင်ဂတ်တို့ ပါဝင်ခွင့်ရခဲ့ပြီး စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်နဲ့ ကွင်းလယ်လူမက်တိုမီနေးတို့ နှစ်ယောက်ပဲ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဆက်လက်ပါဝင်ခွင့်ရခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
လီဗာပူးကို ၆ မွတ္အထိ ျဖတ္ႏိုင္မယ့္ အေရးႀကီးပြဲေတြမွာ ေပါ့ဂ္ဘာပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေန
ယူႏုိက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ဒဏ္ရာျပႆနာေၾကာင့္ စေနညက ၀က္ဖို႔ဒ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားတတိယအဆင့္ပြဲမွာ မပါ၀င္ႏိုင္ခဲ့တာျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားက အတည္ျပဳပါတယ္။

အဲဒီပြဲကို ေနာက္ခံလူ လင္ဒီေလာ့ဖ္နဲ႔ ဘယ္ေနာက္ခံလူ လုခ္ေရွာတုိ႔လည္း လြဲေခ်ာ္ခဲ့ရၿပီး ၀က္ဖုိ႔ဒ္နဲ႔ပြဲမွာ ဦးေခါင္းဒဏ္ရာရခဲ့တဲ့ ေနာက္ခံလူ ဘုိင္လီရဲ႕အေနအထားကိုလည္း ဆုိးလ္ရွား ေစာင့္ၾကည့္ေနရပါတယ္။
ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ မၾကာခဏအနားယူခဲ့ရသလုိ ယခုရာသီမွာလည္း ျပင္သစ္အသင္းနဲ႔အတူ ပါ၀င္ကစားရင္း ေျခက်င္း၀တ္ဒဏ္ရာရခဲ့လုိ႔ အနားယူခဲ့ရပါေသးတယ္။
ယူႏုိက္တက္ဟာ မၾကာခင္ အေရးပါတဲ့ရက္သတၱပတ္ကို ျဖတ္သန္းရမွာျဖစ္ၿပီး ၾကားရက္အတြင္းကစားရမယ့္ ဘန္ေလနဲ႔ပြဲမွာ အႏိုင္ရရင္ လီဗာပူးကို ၃ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ အဲဒီပြဲၿပီးရင္လည္း လီဗာပူးနဲ႔ရင္ဆုိင္ရမွာျဖစ္ရာ အမ်ားဆုံး ၆ မွတ္ျဖတ္ႏိုင္မယ့္အခြင့္အေရးေၾကာင့္ ဆုိးလ္ရွားလည္း ဒဏ္ရာရကစားသမားေတြအၾကာႀကီးအနားမယူဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။
ယူႏုိက္တက္ဟာ ကာရာေဘာင္ဖလားဆီမီးဖုိင္နယ္မွာ စီးတီးကို ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ ဒီပြဲမွာ အေျပာင္းအလဲအမ်ားအျပားျပဳလုပ္ခဲ့ၿပီး မက္တုိမီေနးရဲ႕ေခါင္းတုိက္ဂုိးေၾကာင့္ အႏိုင္ရခဲ့ေပမယ့္ ေျခစြမ္းကေတာ့ ပုံမွန္ေအာက္ေရာက္ခဲ့ရပါတယ္။

၉ ေနရာအေျပာင္းအလဲျပဳလုပ္ခဲ့တဲ့အနက္ ဗန္ဒီဘိခ္၊ ဘရန္ဒန္၀ီလ်ံနဲ႔ လင္ဂတ္တုိ႔ ပါ၀င္ခြင့္ရခဲ့ၿပီး စီးတီးကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပါ၀င္ခြင့္ရခဲ့တဲ့ ဂိုးသမား ဟန္ဒါဆန္နဲ႔ ကြင္းလယ္လူမက္တုိမီေနးတုိ႔ ႏွစ္ေယာက္ပဲ ၀က္ဖုိ႔ဒ္နဲ႔ပြဲမွာ ဆက္လက္ပါ၀င္ခြင့္ရခဲ့တာပါ။