
ရီးရဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုရဲ့သား အန်ဇို ဟာလူငယ်ပြိုင်ပွဲတစ်ခုမှာ
ရီးရဲလ်အတွက်ခြေစွမ်းပြပြီး လီဗာပူးဘက်ကိုဂိုးသွင်းခဲ့ပြီးနောက်
စီရော်နယ်ဒိုရဲ့ နာမည်ကျော် ‘Siuuu’ ပုံစံနဲ့အောင်ပွဲခံသွားတယ်လို့ သိရပါတယ်။
ဒီလူငယ်ပြိုင်ပွဲကိုယူ-၁၂ အသင်းတွေသာပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပြီး
LaLiga Promises ပြိုင်ပွဲလို့လည်းခေါ်ဆိုပါတယ်။
စပိန်မှာကျင်းပနေတဲ့ဒီပြိုင်ပွဲဟာကမ္ဘာ့ဘောလုံးလောကရဲ့
ကလပ်အဆင့်လူငယ်ပြိုင်ပွဲတွေထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ပြိုင်ပွဲဖြစ်ပြီး
လီဗာပူး၊ဂျူဗင်တပ်နဲ့ဒေါ့မန်တို့လို့နာမည်ကျော်အကယ်ဒမီကအသင်းတွေလည်း
ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။
သောကြာနေ့တုန်းက လီဗာပူးနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ရီးရဲလ်လူငယ်အသင်းက
၆-၀ နဲ့နိုင်ခဲ့ပြီး အန်ဇိုက ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
သူ့ဖခင်မာဆယ်လိုဟာ နာမည်ကျော်ဘယ်နောက်ခံလူဖြစ်ပေမယ့်
အန်ဇိုကတော့ တိုက်စစ်မှူးကောင်းဖြစ်လာမယ့်အရည်အသွေးတွေကိုပြသနေတာပါ။
သူ့ရဲ့ပထမဂိုးဟာ လီဗာပူးနောက်ခံလူနှစ်ဦးကိုဖြတ်ကျော်ကာ
ဂိုးတိုင်ရဲ့ဘယ်ဘက်ခြမ်းကိုအနိမ့်ဘောကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဂိုးသွင်းပြီးနောက် အသက် ၁၂ နှစ်အရွယ်ရှိတဲ့ အန်ဇိုဟာအဝေးကိုပြေးသွားပြီး
သူ့ဖခင်ရဲ့မိတ်ဆွေလည်းဖြစ်၊ ကစားဖော်ဟောင်းလည်းဖြစ်တဲ့ စီရော်နယ်ဒိုရဲ့
နာမည်ကျော်အောင်ပွဲခံမှုပုံစံဖြစ်တဲ့ ‘Siuuu ပုံစံကိုလုပ်ပြခဲ့တာပါ။
ဒီအချိန်မှာသူ့ဖခင် မာဆယ်လိုကလည်း ပွဲကြည့်စင်ပေါ်ကနေ
သူ့သားအတွက်အောင်ပွဲခံနေခဲ့တာပါ။
အန်ဇိုဟာ သူ့ဖအေလိုဘဲ ဘယ်ခြမ်းမှာကစားသူဖြစ်ပေမယ့်
နောက်ခံလူတော့မဟုတ်ဘဲ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ်ကစားတဲ့သူဖြစ်ပါတယ်။
ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ အန်ဇိုဟာနောက်တစ်ဂိုးကိုလည်း
ကစားဖော်တွေနဲ့အပေးအယူလုပ်ပြီး သွင်းယူနိုင်ခဲ့သူပါ။
မာဆယ်လိုဟာအသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး
ရာသီကုန်ရင်ရီးရဲလ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
သူကတော့ အသင်းမှာဆက်နေပြီး အန်ဇိုကြီးလာရင် ရီးရဲလ်စီနီယာအသင်းမှာ
သားဖြစ်သူနဲ့အတူတွဲကစားလိုကြောင်းပြောကြားထားပေမယ့်
ကလပ်ဘက်ကစာချုပ်သစ်ကမ်းလှမ်းမှုမလုပ်သေးပါဘူး။
ရီးရဲလ်မှာ ၁၆ နှစ်ကြာကစားခဲ့တဲ့ မာဆယ်လိုက” ကျွန်တော်ဘက်က
တည်တည်ငြိမ်ငြိမ်ပါဘဲ။ ရီးရဲလ်ဟာကျွန်တော့်ရဲ့ကလပ်ပါ။
သားလေးကြီးလာတဲ့အထိ ဆက်နေပြီးကစားဖို့တော့ စိတ်ကူးထားပါတယ်။
ဒါမှသာဒီမှာသူနဲ့အတူတွဲကစားနိုင်မှာလေ။ လက်ရှိမှာတော့အသင်းအတွက်ဘဲ
အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့မှာအရေးပါတဲ့ပွဲတွေရှိနေသေးပြီး
ကျွန်တော်ကလည်းကမ္ဘာ့အကောင်းဆုံးကလပ်ရဲ့ ကပ္ပတိန်လေ”လို့ပြောခဲ့ပါတယ်။
zawgyi
လီဗာပူးကို ၆-၀ နဲ႔ႏိုင္တဲ့ပြဲမွာ ရီးရဲလ္အတြက္ေျခစြမ္းျပၿပီး စီေရာ္နယ္ဒိုပုံစံေအာင္ပြဲခံသြားတဲ့ မာဆယ္လိုရဲ႕သား
ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ မာဆယ္လိုရဲ႕သား အန္ဇို ဟာလူငယ္ၿပိဳင္ပြဲတစ္ခုမွာ
ရီးရဲလ္အတြက္ေျခစြမ္းျပၿပီး လီဗာပူးဘက္ကိုဂိုးသြင္းခဲ့ၿပီးေနာက္
စီေရာ္နယ္ဒိုရဲ႕ နာမည္ေက်ာ္ ‘Siuuu’ ပုံစံနဲ႔ေအာင္ပြဲခံသြားတယ္လို႔ သိရပါတယ္။
ဒီလူငယ္ၿပိဳင္ပြဲကိုယူ-၁၂ အသင္းေတြသာပါဝင္ယွဥ္ၿပိဳင္ၾကရတာျဖစ္ၿပီး
LaLiga Promises ၿပိဳင္ပြဲလို႔လည္းေခၚဆိုပါတယ္။
စပိန္မွာက်င္းပေနတဲ့ဒီၿပိဳင္ပြဲဟာကမာၻ႔ေဘာလုံးေလာကရဲ႕
ကလပ္အဆင့္လူငယ္ၿပိဳင္ပြဲေတြထဲမွာ ဂုဏ္သိကၡာႀကီးမားတဲ့ၿပိဳင္ပြဲျဖစ္ၿပီး
လီဗာပူး၊ဂ်ဴဗင္တပ္နဲ႔ေဒါ့မန္တို႔လို႔နာမည္ေက်ာ္အကယ္ဒမီကအသင္းေတြလည္း
ပါဝင္ယွဥ္ၿပိဳင္ေနၾကတာျဖစ္ပါတယ္။
ေသာၾကာေန႔တုန္းက လီဗာပူးနဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲမွာ ရီးရဲလ္လူငယ္အသင္းက
၆-၀ နဲ႔ႏိုင္ခဲ့ၿပီး အန္ဇိုက ၂ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
သူ႔ဖခင္မာဆယ္လိုဟာ နာမည္ေက်ာ္ဘယ္ေနာက္ခံလူျဖစ္ေပမယ့္
အန္ဇိုကေတာ့ တိုက္စစ္မႉးေကာင္းျဖစ္လာမယ့္အရည္အေသြးေတြကိုျပသေနတာပါ။
သူ႔ရဲ႕ပထမဂိုးဟာ လီဗာပူးေနာက္ခံလူႏွစ္ဦးကိုျဖတ္ေက်ာ္ကာ
ဂိုးတိုင္ရဲ႕ဘယ္ဘက္ျခမ္းကိုအနိမ့္ေဘာကန္သြင္းယူခဲ့တာျဖစ္ပါတယ္။
ဂိုးသြင္းၿပီးေနာက္ အသက္ ၁၂ ႏွစ္အ႐ြယ္ရွိတဲ့ အန္ဇိုဟာအေဝးကိုေျပးသြားၿပီး
သူ႔ဖခင္ရဲ႕မိတ္ေဆြလည္းျဖစ္၊ ကစားေဖာ္ေဟာင္းလည္းျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕
နာမည္ေက်ာ္ေအာင္ပြဲခံမႈပုံစံျဖစ္တဲ့ ‘Siuuu ပုံစံကိုလုပ္ျပခဲ့တာပါ။
ဒီအခ်ိန္မွာသူ႔ဖခင္ မာဆယ္လိုကလည္း ပြဲၾကည့္စင္ေပၚကေန
သူ႔သားအတြက္ေအာင္ပြဲခံေနခဲ့တာပါ။
အန္ဇိုဟာ သူ႔ဖေအလိုဘဲ ဘယ္ျခမ္းမွာကစားသူျဖစ္ေပမယ့္
ေနာက္ခံလူေတာ့မဟုတ္ဘဲ ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ကစားတဲ့သူျဖစ္ပါတယ္။
ေက်ာနံပါတ္ ၉ ဝတ္ဆင္တဲ့ အန္ဇိုဟာေနာက္တစ္ဂိုးကိုလည္း
ကစားေဖာ္ေတြနဲ႔အေပးအယူလုပ္ၿပီး သြင္းယူႏိုင္ခဲ့သူပါ။
မာဆယ္လိုဟာအသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ၿပီး
ရာသီကုန္ရင္ရီးရဲလ္နဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။
သူကေတာ့ အသင္းမွာဆက္ေနၿပီး အန္ဇိုႀကီးလာရင္ ရီးရဲလ္စီနီယာအသင္းမွာ
သားျဖစ္သူနဲ႔အတူတြဲကစားလိုေၾကာင္းေျပာၾကားထားေပမယ့္
ကလပ္ဘက္ကစာခ်ဳပ္သစ္ကမ္းလွမ္းမႈမလုပ္ေသးပါဘူး။
ရီးရဲလ္မွာ ၁၆ ႏွစ္ၾကာကစားခဲ့တဲ့ မာဆယ္လိုက” ကြၽန္ေတာ္ဘက္က
တည္တည္ၿငိမ္ၿငိမ္ပါဘဲ။ ရီးရဲလ္ဟာကြၽန္ေတာ့္ရဲ႕ကလပ္ပါ။
သားေလးႀကီးလာတဲ့အထိ ဆက္ေနၿပီးကစားဖို႔ေတာ့ စိတ္ကူးထားပါတယ္။
ဒါမွသာဒီမွာသူနဲ႔အတူတြဲကစားႏိုင္မွာေလ။ လက္ရွိမွာေတာ့အသင္းအတြက္ဘဲ
အာ႐ုံစိုက္ထားပါတယ္။ ကြၽန္ေတာ္တို႔မွာအေရးပါတဲ့ပြဲေတြရွိေနေသးၿပီး
ကြၽန္ေတာ္ကလည္းကမာၻ႔အေကာင္းဆုံးကလပ္ရဲ႕ ကပၸတိန္ေလ”လို႔ေျပာခဲ့ပါတယ္။