လီဗာပူးဆေးရုံမှာ ၂လနီးပါးတက်ရမယ့် လူနာအသစ် ဂျိုတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးကတော့ ဂျိုတာမပါဝင်နိုင်တဲ့အကျိုးဆက်ကိုညက စတင်ခံစားလိုက်ရပါပြီ။ ဖူလ်ဟမ်ကိုသရေကျခဲ့တာကြောင့် စပါးကို ကျော်တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ကြားရက်မှာတော့ လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ ပရီမီးယားပွဲစဉ်ကို အိမ်ကွင်းအန်ဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆေးရုံပါပူးတွဲတည်ထောင်ထားသလားမှတ်ရပါတယ်။ ကစားသမားတွေခမျာ သူ့ထက်ငါဒဏ်ရာတွေရနေတာကြောင့် ပရိသတ်တွေမှာ ရင်တမမနဲ့ အားပေးနေရပါတယ်။

ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကနေ အစပြုလို့ အခုဆို လူနာအသစ် ဂျိုတာပါ ဆေးစာအုပ်တင်လာပါပြီ။ တစ်ဖက်ကနေပေါက်ပေါက်ရှာရှာ တွေးရရင် လီဗာပူးအသင်းများ ဒဏ်ရာကျိန်စာ အတိုက်ခံထားရသလား မှတ်ရပါတယ်။

အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ဒီယေဂို ဂျိုတာဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၂လခန့် အနားယူရတော့မယ်လို့ သိရပါတယ်။မစ်ဂျ်လန်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဲဒီဒူးဒဏ်ရာကိုရရှိခဲ့တာ ဖြစ်ပြီး၊ အဲဒီပွဲစဉ်မှာ ဂျိုတာတစ်ယောက်၈၇မိနစ်အထိ ပါဝင်ကစားခဲ့ပါတယ်။ အခုတော့ ဂျိုတာအနေနဲ့ အဲဒီဒဏ်ရာကြောင့် အနည်းဆုံး ဖေဖော်ဝါရီလမတိုင်ခင်အထိ အနားယူရနိုင်ပါတယ်။

ဂျိုတာဟာ ဖူလ်ဟမ်နဲ့ပွဲမှာပါဝင်ခဲ့ခြင်းမရှိသလို လာမယ့်နှစ်လအတွင်း ကစားသွားရမယ့် ပွဲစဉ်တွေအားလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဂျိုတာဟာ မစ်ဂျ်လန်းနဲ့ ပွဲမှာ ဒဏ်ရာရပြီးနောက် မာနေးနဲ့ လူစားလဲခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ၁၆သင်းအဆင့်တက်လှမ်းဖို့ နိုင်နိုင် ရှုံးရှုံး အရေးမပါတော့တဲ့ပွဲဖြစ်ပြီး၊ အဲဒီလိုပွဲမျိုးမှာ အမာခံကစားသမားတချို့ကို နည်းပြ ကလော့ ထုတ်သုံးခဲ့ပါတယ်။ အခုတော့အဓိက ကစားသမားတစ်ယောက်ဒဏ်ရာရသွားတာကြောင့် ပရိသတ်တွေက မကျေမနပ် ဖြစ်နေကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နည်းပြကလော့က “စီမီကတ်ရှက်နဲ့ ဂျိုတာတို့ကို စောင့်ကြည့်ရပါမယ်။ချိန်ဘာလိန်ပုံမှန်လေ့ကျင့်ခန်း ပြန်လုပ်နေရပါပြီ။သူ့ရဲ့ ကြံ့ခိုင်မှု ဘယ်လောက်ရနေပြီလဲဆိုတာနဲ့ အခြေ အနေတွေကို စောင့်ကြည့်ရပါမယ်။”လို့ ပြောဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ လီဗာပူး ဆေးရုံမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်၊သီယာဂိုလ်၊ဂျိမ်းစ်မီလ်နာ၊ ရှာကွီရီတို့ ရှိနေကြပါတယ်။

ဒီနှစ်ဘောလုံးရာသီကမှ ဝုလ်ဗ်အသင်းကနေ ပေါင် ၄၁သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အသက်(၂၄)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာဟာပြိုင်ပွဲစုံ ၁၇ပွဲမှာ အသင်းအတွက် ၉ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း(၅)ပွဲကို ဆင်နွှဲရမှာဖြစ်ပြီး ဖူလ်ဟမ် နဲ့ပွဲကတော့မထင်မှတ်ပဲသရေကျသွားခဲ့ပါတယ်။ ပွဲအများစုက သူတို့အသင်းအတွက် လွယ်ကူနိုင်ပေမယ့်လည်း ဒီရာသီမှာ ချန်ပီယံဆုအတွက် အဓိကစိန်ခေါ်နိုင်မယ့် အသင်းဖြစ်နေတဲ့ စပါးအသင်းနဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းမှာ ဆေးရုံလူနာ ပြဿနာများနေတာက စိတ်ပူစရာတော့ ကောင်းပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးေဆး႐ုံမွာ ၂လနီးပါးတက္ရမယ့္ လူနာအသစ္ ဂ်ိဳတာ

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ေဆး႐ုံပါပူးတြဲတည္ေထာင္ထားသလားမွတ္ရပါတယ္။ ကစားသမားေတြခမ်ာ သူ႔ထက္ငါဒဏ္ရာေတြရေနတာေၾကာင့္ ပရိသတ္ေတြမွာ ရင္တမမနဲ႔ အားေပးေနရပါတယ္။ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာကေန အစျပဳလို႔ အခုဆို လူနာအသစ္ ဂ်ိဳတာပါ ေဆးစာအုပ္တင္လာပါၿပီ။ တစ္ဖက္ကေနေပါက္ေပါက္ရွာရွာ ေတြးရရင္ လီဗာပူးအသင္းမ်ား ဒဏ္ရာက်ိန္စာ အတိုက္ခံထားရသလား မွတ္ရပါတယ္။

အသင္းရဲ႕ ေပၚတူဂီတိုက္စစ္မႉး ဒီေယဂို ဂ်ိဳတာဟာ ဒူးဒဏ္ရာေၾကာင့္ အနည္းဆုံး ၂လခန႔္ အနားယူရေတာ့မယ္လို႔ သိရပါတယ္။မစ္ဂ်္လန္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အဲဒီဒူးဒဏ္ရာကိုရရွိခဲ့တာ ျဖစ္ၿပီး၊ အဲဒီပြဲစဥ္မွာ ဂ်ိဳတာတစ္ေယာက္၈၇မိနစ္အထိ ပါဝင္ကစားခဲ့ပါတယ္။ အခုေတာ့ ဂ်ိဳတာအေနနဲ႔ အဲဒီဒဏ္ရာေၾကာင့္ အနည္းဆုံး ေဖေဖာ္ဝါရီလမတိုင္ခင္အထိ အနားယူရႏိုင္ပါတယ္။

ဂ်ိဳတာဟာ ဖူလ္ဟမ္နဲ႔ပြဲမွာပါဝင္ခဲ့ျခင္းမရွိသလို လာမယ့္ႏွစ္လအတြင္း ကစားသြားရမယ့္ ပြဲစဥ္ေတြအားလုံးကို လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ ဂ်ိဳတာဟာ မစ္ဂ်္လန္းနဲ႔ ပြဲမွာ ဒဏ္ရာရၿပီးေနာက္ မာေနးနဲ႔ လူစားလဲခဲ့ပါတယ္။ အဲဒီပြဲစဥ္ဟာ ၁၆သင္းအဆင့္တက္လွမ္းဖို႔ ႏိုင္ႏိုင္ ရႈံးရႈံး အေရးမပါေတာ့တဲ့ပြဲျဖစ္ၿပီး၊ အဲဒီလိုပြဲမ်ိဳးမွာ အမာခံကစားသမားတခ်ိဳ႕ကို နည္းျပ ကေလာ့ ထုတ္သုံးခဲ့ပါတယ္။ အခုေတာ့အဓိက ကစားသမားတစ္ေယာက္ဒဏ္ရာရသြားတာေၾကာင့္ ပရိသတ္ေတြက မေက်မနပ္ ျဖစ္ေနၾကပါတယ္။ သတင္းစာရွင္းလင္းပြဲမွာ နည္းျပကေလာ့က “စီမီကတ္ရွက္နဲ႔ ဂ်ိဳတာတို႔ကို ေစာင့္ၾကည့္ရပါမယ္။ခ်ိန္ဘာလိန္ပုံမွန္ေလ့က်င့္ခန္း ျပန္လုပ္ေနရပါၿပီ။သူ႔ရဲ႕ ႀကံ့ခိုင္မႈ ဘယ္ေလာက္ရေနၿပီလဲဆိုတာနဲ႔ အေျခ အေနေတြကို ေစာင့္ၾကည့္ရပါမယ္။”လို႔ ေျပာဆိုထားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူး ေဆး႐ုံမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ဂ်ိဳးစ္ဂိုမက္ဇ္၊သီယာဂိုလ္၊ဂ်ိမ္းစ္မီလ္နာ၊ ရွာကြီရီတို႔ ရွိေနၾကပါတယ္။

ဒီႏွစ္ေဘာလုံးရာသီကမွ ဝုလ္ဗ္အသင္းကေန ေပါင္ ၄၁သန္းနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ အသက္(၂၄)ႏွစ္အ႐ြယ္ ေပၚတူဂီလက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဒီယိုဂိုဂ်ိဳတာဟာၿပိဳင္ပြဲစုံ ၁၇ပြဲမွာ အသင္းအတြက္ ၉ဂိုးအထိ သြင္းယူေပးထားႏိုင္ပါတယ္။ လီဗာပူးလ္အသင္းဟာ ဒီဇင္ဘာလအတြင္းမွာ ပရီးမီးယားလိဂ္ပြဲေပါင္း(၅)ပြဲကို ဆင္ႏႊဲရမွာျဖစ္ၿပီး ဖူလ္ဟမ္ နဲ႕ပြဲကေတာ့မထင္မွတ္ပဲသေရက်သြားခဲ့ပါတယ္။ ပြဲအမ်ားစုက သူတို႔အသင္းအတြက္ လြယ္ကူႏိုင္ေပမယ့္လည္း ဒီရာသီမွာ ခ်န္ပီယံဆုအတြက္ အဓိကစိန္ေခၚႏိုင္မယ့္ အသင္းျဖစ္ေနတဲ့ စပါးအသင္းနဲ႔လည္း ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။ ဒါ​ေၾကာင့္ အသင္းမွာ ​ေဆး႐ုံလူနာ ျပႆနာမ်ားေနတာက စိတ္ပူစရာ​ေတာ့ ​ေကာင္းပါတယ္။

လီဗာပူးကေတာ့ ဂ်ိဳတာမပါဝင္ႏိုင္တဲ့အက်ိဳးဆက္ကိုညက စတင္ခံစားလိုက္ရပါၿပီ။ ဖူလ္ဟမ္ကိုသေရက်ခဲ့တာေၾကာင့္ စပါးကို ေက်ာ္တက္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ၾကားရက္မွာေတာ့ လီဗာပူးအသင္းဟာ စပါးအသင္းနဲ႕ ပရီမီးယားပြဲစဥ္ကို အိမ္ကြင္းအန္ဖီးမွာ လက္ခံယွဥ္ျပိဳင္သြားရမွာလည္းျဖစ္ပါတယ္။