ကိုဗစ်ကူးစက်မှုသစ်၁၄ဦးအထိရှိလာမှုနှင့်အတူ အာဆင်နယ်နှင့်ပွဲကိုရွှေ့ဆိုင်းပေးရန်တောင်းဆိုခဲ့
အာဆင်နယ်ရဲ့လီဗာပူးနှင့်ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို
ရွှေ့ဆိုင်းမှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။လီဗာပူးအသင်းတွင်
ကိုဗစ်ကူးစက်မှုများစွာရှိနေမှုနှင့်အတူ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲကို
ရွှေ့ဆိုင်းလိုက်ရတာလည်းဖြစ်ပါတယ်။
လီဗာပူးဟာအသင်းတွင်းကိုဗစ်ကူးစက်မှုအမြောက်အမြားရှိနေမှုကြောင့်
အာဆင်နယ်နှင့်ပွဲအားရွှေ့ဆိုင်းပေးရန် EFL ကိုတောင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်တွင်ဂျာမန်လူမျိုးနည်းပြကလော့ပ်ကိုယ်တိုင်မှာလည်း
ကိုဗစ်ကူးစက်ခံရကာကွာရန်တင်းဝင်နေရပြီး တနင်္ဂနွေနေ့တုန်းက
ချဲလ်ဆီးနှင့်နှစ်ဂိုးစီသရေကျနေတဲ့ပွဲကိုကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။
စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်ကို လက်ထောက်နည်းပြပက်လင်ဒါက
ကြီးကြပ်ခဲ့ပါတယ်။လက်ရှိအချိန်တွင်ပက်လင်ဒါမှာလည်း
ကိုဗစ်ကူးစက်ခံနေရကာ ကွာရန်တင်းဝင်နေရပါတယ်။လီဗာပူးဟာ
အသင်းအတွက် ကိုဗစ်ကူးစက်မှုသစ်၁၄ဦးအထိရှိလာမှုနှင့်အတူ
အာဆင်နယ်နှင့်ပွဲကိုရွှေ့ဆိုင်းပေးရန်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးဟာကိုဗစ်ကူးစက်မှုမြင့်မားနေခြင်းကြောင့်
အသင်းရဲ့လေ့ကျင့်ရေးကွင်းကို၄၈နာရီပိတ်လိုက်ပြီဖြစ်ကြောင်းလည်း
ကြေညာထားပါတယ်။ယခုအခါ အာဆင်နယ်နှင့်လီဗာပူးတို့ရဲ့
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲများကိုတစ်ပတ်စီနောက်ဆုတ်လိုက်ပြီလည်း
ဖြစ်ပါတယ်။ဒါကြောင့် လီဗာပူး-အာဆင်နယ်(အန်ဖီးလ်)
ပထမအကျော့ပွဲစဉ်ကို ဇန်နဝါရီလ၁၃ရက်နေ့တွင်လည်းကောင်း၊
အာဆင်နယ်-လီဗာပူး(အမ်းမရိတ်)ဒုတိယအကျော့ပွဲစဉ်ကို
ဇန်နဝါရီလ၂၀ရက်နေ့တွင်လည်းကောင်းကစားသွားပါမယ်။
zawgyi
စတမ်းဖို့ဒ်ဘရစ်ခ်ျပွဲစဉ်ကို လက်ထောက်နည်းပြပက်လင်ဒါက