လီဗာပူးနဲ့ပွဲက ယူနိုက်တက်အတွက် အချိန်ကောင်းမှာ ရောက်လာတာဆိုပြီး ဆိုးလ်ရှား စိန်ခေါ်စကားဆို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၁၃ ခုနှစ်နောက်ပိုင်း နှစ်သစ်မှာ ဇယားထိပ်ဆုံးနေရာကို ပြန်လည်ရပ်တည်နိုင်လာခဲ့ပြီးနောက် ဆိုးလ်ရှားက မိမိတို့အသင်းဟာ လီဗာပူးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရမှာဖြစ်ပေမယ့် ဆိုးလ်ရှားက သူ့ရဲ့အသင်းဟာ အဆိုပါပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။
ဆိုးလ်ရှားက ယူနိုက်တက်ဟာ ဘန်လေနဲ့ပွဲမှာ အနိုင် ၃ မှတ်ရရှိခဲ့တာကြောင့် လီဗာပူးနဲ့ပွဲမှာလည်း ရလဒ်ကောင်းရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“တကယ့်ကိုအကောင်းဆုံးအဆင့်ရပ်တည်မှုပါ။ လီဗာပူးနဲ့ပွဲက ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး စိတ်လှုပ်ရှားနေပါပြီ။
လီဗာပူးကို ရင်ဆိုင်ဖို့အကောင်းဆုံးအချိန်လို့ ထင်ပါတယ်။ နိုင်ပွဲအတွက်လည်း ဆာလောင်နေပါပြီ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားက ဘန်လေကို အနိုင်ရရှိခဲ့တာကလည်း ယုံကြည်မှုပိုကောင်းလာစေလိမ့်မယ်လို့ ယုံြက်ည်နေပါတယ်။
ယူနိုက်တက်ဟာ ဘန်လေကို ပေါ့ဂ်ဘာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက ဘန်လေနဲ့ပွဲက ခက်ခဲခဲ့တယ်လို့ ဆိုခဲ့သလို ဘန်လေနည်းပြ ရှောင်ဒိုက်ကိုလည်း ချီးကျူးခဲ့ပါတယ်။
“ဘန်လေက စုဖွဲ့မှုကောင်းကောင်းနဲ့ တုံ့ပြန်ခဲ့ပြီး နေရာလွတ်တွေအများကြီးမပေးခဲ့ပါဘူး။ ကျွန်တော်တို့အတွက် အနိုင် ၃ မှတ်ရဖို့ တော်တော်လေးခက်ခဲခဲ့ပါတယ်”လို့ ဆိုးလ်ရှားက ထပ်လောင်းပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi