လီဗာပူးနဲ့ပွဲမတိုင်ခင် ကစားသမား ၃ဦး ဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကစားသမားတွေဖြစ်တဲ့ မာရှယ် နဲ့ မာတစ်တို့ဟာ ဘန်လေအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မာရှယ်ရဲ့ကစားပုံကို သဘောမကျဖြစ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုဖြစ်နေမလား… လီဗာပူးနဲ့ကစားမယ့် ပွဲမတိုင်ခင်မှာ ဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းရဲ့  ကစားသမား ၃ဦး ထဲမှာ မာရှယ်ပါဝင်နေတာကြောင့် လီဗာပူးနဲ့ ပွဲမှာ ပါဝင်ကစားခွင့်လွဲချော်နိုင်နေပါတယ်။ ဂိုးရှေ့မှာ အပိုင်အခွင့်အရေးတွေရတိုင်း ဖြုန်းတီးတတ်လွန်းပြီး မနေ့ညကပွဲမှာလည်း ပွဲပြီးခါနီးမှာ ကာဗာနီအပိုင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ မာရှယ်ရဲ့ ခြေစွမ်းကို ယူနိုက်တက် ပရိသတ်တွေကစိတ်ပျက်နေကြပါပြီ။

မာရှယ်ကြံခိုင်မှုရှိနေရင် ဆိုလ်းရှားကလည်း ပွဲထွက်ကစားခွင့်တွေပေးနေတာကလည်း ယူနိုက်တက်ကို သွင်းဂိုးတွေရရှိဖို့ခက်ခဲစေတဲ့အကြောင်းတွေထဲကတစ်ခုပါပဲ။

ယူနိုက်တက်ဟာ ကလော့ပ်ရဲ့လီဗာပူးအသင်းနဲ့ တနင်္ဂနွေနေ့ အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အင်္ဂါနေ့ ဘန်လေအသင်းကို ပေါ့ဂ်ဘာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘန်လေကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ပေးဆပ်မှုတွေကြီးမားခဲ့ပြီး ကစားသမား ၂ ယောက်လောက်အထိ ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

မာရှယ်ကတော့ ဘန်လေနဲ့ပွဲပြီးခါနီးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး တွမ်ဇီဘီနဲ့ လူစားလဲခံခဲ့ရပါတယ်။

မာတစ်ကလည်းဘန်လေနဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ကာ လီဗာပူးနဲ့ပွဲအတွက် မသေချာတဲ့အနေအထားဖြစ်လာပါတယ်။

လင်ဒီလော့ဖ်ကတော့ နောက်ကျောဒဏ်ရာအခြေအနေကြောင့် နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။

လင်ဒီလော့ခ် ဟာ ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့အတူ တွဲဖက်ပြီး ခြေစွမ်းကောင်းတွေပြသနေပေမယ့် ဝက်ဖို့ဒ်ကိုအနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“သူက ကစားချင်နေပါတယ်။ အဆင်သင့်လည်းဖြစ်နေပါတယ်။ မနေ့က လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် ဗစ်တာတစ်ယောက် မသေချာသေးပါဘူး”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းမှာလည်း အဓိကကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်ဇ် နဲ့ မာတစ်တို့ ဒဏ်ရာရရရှိနေကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးနဲ႔ပြဲမတိုင္ခင္ ကစားသမား ၃ဦး ဒဏ္ရာျပႆနာ ၾကံဳေတြ႕ေနရတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းကစားသမားေတြျဖစ္တဲ့ မာရွယ္ နဲ႔ မာတစ္တို႔ဟာ ဘန္ေလအသင္းကိုအႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဒဏ္ရာအသီးသီးရရွိခဲ့ၾကတယ္လို႔ သိရပါတယ္။ မာရွယ္ရဲ႕ကစားပုံကို သေဘာမက်ျဖစ္ေနတဲ့ ယူႏိုက္တက္ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုျဖစ္ေနမလား… လီဗာပူးနဲ႔ကစားမယ့္ ပြဲမတိုင္ခင္မွာ ဒဏ္ရာျပႆနာ ႀကဳံေတြ႕ေနရတဲ့ ယူႏိုက္တက္အသင္းရဲ႕ ကစားသမား ၃ဦး ထဲမွာ မာရွယ္ပါဝင္ေနတာေၾကာင့္ လီဗာပူးနဲ႔ ပြဲမွာ ပါဝင္ကစားခြင့္လြဲေခ်ာ္ႏိုင္ေနပါတယ္။ ဂိုးေ႐ွ႕မွာ အပိုင္အခြင့္အေရးေတြရတိုင္း ျဖဳန္းတီးတတ္လြန္းၿပီး မေန႕ညကပြဲမွာလည္း ပြဲၿပီးခါနီးမွာ ကာဗာနီအပိုင္ေပးလိုက္တဲ့ ေဘာလံုးကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္စြမ္းမရွိတဲ့ မာရွယ္ရဲ႕ ေျခစြမ္းကို ယူႏိုက္တက္ ပရိသတ္ေတြကစိတ္ပ်က္ေနၾကပါၿပီ။ မာရွယ္ၾကံခိုင္မႈရွိေနရင္ ဆိုလ္းရွားကလည္း ပြဲထြက္ကစားခြင့္ေတြေပးေနတာကလည္း ယူႏိုက္တက္ကို သြင္းဂိုးေတြရရွိဖို႕ခက္ခဲေစတဲ့အေၾကာင္းေတြထဲကတစ္ခုပါပဲ။

ယူႏိုက္တက္ဟာ ကေလာ့ပ္ရဲ႕လီဗာပူးအသင္းနဲ႔ တနဂၤေႏြေန႔ အန္ဖီးလ္မွာ သြားေရာက္ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ အဂၤါေန႔ ဘန္ေလအသင္းကို ေပါ့ဂ္ဘာရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆံုးကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဘန္ေလကိုအႏိုင္ရရွိခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ဟာ ေပးဆပ္မႈေတြၾကီးမားခဲ့ျပီး ကစားသမား ၂ ေယာက္ေလာက္အထိ ဒဏ္ရာရရွိခဲ့ၾကတာျဖစ္ပါတယ္။

မာရွယ္ကေတာ့ ဘန္ေလနဲ႔ပြဲျပီးခါနီးမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ျပီး တြမ္ဇီဘီနဲ႔ လူစားလဲခံခဲ့ရပါတယ္။ မာတစ္ကလည္းဘန္ေလနဲ႔ပြဲမွာ ေပါင္ျခံဒဏ္ရာရရွိခဲ့တာျဖစ္ကာ လီဗာပူးနဲ႔ပြဲအတြက္ မေသခ်ာတဲ့အေနအထားျဖစ္လာပါတယ္။ လင္ဒီေလာ့ဖ္ကေတာ့ ေနာက္ေက်ာဒဏ္ရာအေျခအေနေၾကာင့္ ေနာက္ဆံုး ၇ ပြဲမွာ ၂ ပြဲသာ ပါ၀င္ကစားခြင့္ရရွိထားခဲ့ပါတယ္။

လင္ဒီေလာ့ခ္ ဟာ ဗဟိုခံစစ္မွာ မက္ဂြိဳင္းယားနဲ႔အတူ တြဲဖက္ျပီး ေျခစြမ္းေကာင္းေတြျပသေနေပမယ့္ ၀က္ဖို႔ဒ္ကိုအႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ “သူက ကစားခ်င္ေနပါတယ္။ အဆင္သင့္လည္းျဖစ္ေနပါတယ္။ မေန႔က ေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ ဗစ္တာတစ္ေယာက္ မေသခ်ာေသးပါဘူး”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ လီဗာပူးအသင္းမွာလည္း အဓိကကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္ ၊ ဂိုးမက္ဇ္ နဲ႔ မာတစ္တို႔ ဒဏ္ရာရရရွိေနၾကတာျဖစ္ပါတယ္။