လီဗာပူးနဲ့ပွဲမတိုင်ခင် ယူနိုက်တက်ရဲ့ပစ်မှတ်သစ်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ပေါ့ဂ်ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာက အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိခဲ့ပေမယ့် အောင်ပွဲဝင်ပြီလို့ မသတ်မှတ်သင့်သေးကြောင်း အသင်းသားတွေကိုသတိပေးပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညက ဘန်လေကို ပေါ့ဂ်ဘာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိပြီး ၂၀၁၃ နောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာလည်း ယူနိုက်တက်ဟာ ဒုတိယနေရာက လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိပါက ၆ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာက ခရီးအရှည်ကြီးကျန်နေသေးတာကြောင့် အာရုံစိုက်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုခဲ့ပါတယ်။ “အနိုင်ရရှိခဲ့လို့ ပျော်နေတာမှန်ပါတယ်။


အကောင်းဆုံးကစားနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ခရီးအရှည်ကြီးဆက်သွားရဦးမှာပါ။ အဲ့အတွက် အာရုံစိုက်ဖို့ လိုအပ်နေပါသေးတယ်”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

အဆိုပါစကားလုံးတွေက ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ပေမယ့် ပေါ့ဂ်ဘာကတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲအပြီးမှာ ပေါ့ဂ်ဘာက ယူနိုက်တက်အသင်းဖော်တွေရဲ့ အာရုံစူးစိုက်မှုကို ချီးကျူးခဲ့ပါတယ်။ “ဘန်လေနဲ့ပွဲမှာ အားလုံးက အကောင်းဆုံးကစားခဲ့ကြပါတယ်။

အဲ့အတွက်လည်း အခုလိုအနိုင်ရရှိခဲ့တာပါ။ ဒီနေ့ပွဲက ထင်ထားတာထက်အရမ်းကိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ၃ မှတ်ပြည့်ရခဲ့တဲ့အတွက် အရမ်းကျေနပ်ပါတယ်”လို့ ပေါ့ဂ်ဘာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးနဲ႔ပြဲမတိုင္ခင္ ယူႏုိက္တက္ရဲ႕ပစ္မွတ္သစ္ကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ေပါ့ဂ္ဘာ

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာက အမွတ္ေပးဇယားထိပ္ဆံုးကိုေရာက္ရွိခဲ့ေပမယ့္ ေအာင္ပြဲ၀င္ျပီလို႔ မသတ္မွတ္သင့္ေသးေၾကာင္း အသင္းသားေတြကိုသတိေပးေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္ဟာ မေန႔ညက ဘန္ေလကို ေပါ့ဂ္ဘာရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိျပီး ၂၀၁၃ ေနာက္ပိုင္း အမွတ္ေပးဇယားထိပ္ဆံုးကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာလည္း ယူႏုိက္တက္ဟာ ဒုတိယေနရာက လီဗာပူးနဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး အႏိုင္ရရွိပါက ၆ မွတ္အထိ ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။

ဒါေပမဲ့ ေပါ့ဂ္ဘာက ခရီးအရွည္ၾကီးက်န္ေနေသးတာေၾကာင့္ အာရံုစိုက္ဖို႔ လိုအပ္ေနေသးတယ္လို႔ ဆိုခဲ့ပါတယ္။ “အႏိုင္ရရွိခဲ့လို႔ ေပ်ာ္ေနတာမွန္ပါတယ္။ အေကာင္းဆံုးကစားႏိုင္ခဲ့ျပီး အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏိုင္ခဲ့ပါျပီ။ ဒါေပမဲ့ ခရီးအရွည္ၾကီးဆက္သြားရဦးမွာပါ။ အဲ့အတြက္ အာရံုစိုက္ဖို႔ လိုအပ္ေနပါေသးတယ္”လို႔ ေပါ့ဂ္ဘာက ေျပာၾကားခဲ့ပါတယ္။

အဆိုပါစကားလံုးေတြက ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေက်နပ္စရာျဖစ္ေပမယ့္ ေပါ့ဂ္ဘာကေတာ့ ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲအျပီးမွာ ေပါ့ဂ္ဘာက ယူႏုိက္တက္အသင္းေဖာ္ေတြရဲ႕ အာရံုစူးစိုက္မႈကို ခ်ီးက်ဴးခဲ့ပါတယ္။ “ဘန္ေလနဲ႔ပြဲမွာ အားလံုးက အေကာင္းဆံုးကစားခဲ့ၾကပါတယ္။ အဲ့အတြက္လည္း အခုလိုအႏိုင္ရရွိခဲ့တာပါ။ ဒီေန႔ပြဲက ထင္ထားတာထက္အရမ္းကိုခက္ခဲခဲ့ပါတယ္။ ဒါေပမဲ့ ၃ မွတ္ျပည့္ရခဲ့တဲ့အတြက္ အရမ္းေက်နပ္ပါတယ္”လို႔ ေပါ့ဂ္ဘာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။