လီဗာပူးနဲ့ပွဲအတွက် ပြိုင်ဘက်ကို စိတ်ဓါတ်ရေးရာအရ ထိုးနှက်လိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ မော်ရင်ဟိုက လီဗာပူးဟာ ဒဏ်ရာပြဿနာကြီးကြီးမားမား မရှိလို့ အကောင်းဆုံးခြေစွမ်းရလုနီးပါးဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါဟာ ပွဲစဉ် ဇယားနဲ့ ဒဏ်ရာပြဿနာအပေါ်ငြီးတွားခဲ့တဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့ စကားကိုတုံ့ပြန်ပြီး စိတ်ဓါတ်ရေးရာအရ ထိုးနှက်လိုက်တာဖြစ်ပါတယ်။

ဒီရာသီစပြီး သိပ်မကြာခင်မှာ လီဗာပူးဟာ ဒဏ်ရာပြဿနာကြီးကြီးမားမားကြုံတွေ့ခဲ့ရလို့ ချန်ပီယံကျိန်စာသင့်နေပြီလားလို့တောင် ထင်မှတ်ခဲ့ကြတာပါ။ ဗန်ဒစ်ချ်၊ အာနိုး၊ မာတစ်၊ ဖာဘင်ဟို တို့လိုအဓိက ကျတဲ့သူတွေ ဒဏ်ရာရခဲ့တာတောင် လီဗာပူးဟာရလဒ်တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ ကလော့ပ်ရဲ့ငြီးတွားမှုကို လက်မခံဘဲ လက်ရှိမှာလီဗာပူးရဲ့ဒဏ်ရာရသူတွေထဲမှာ အဓိကကျသူဆိုလို့ ဗန်ဒစ်ချ်ဘဲရှိတော့လို့ အင်ပြည့်အားပြည့်ဖြစ်လုနီးပါးအသင်းပါဘဲ လို့ဆိုသွားပါတယ်။ သူတို့နစ်သင်းဟာ ဒီကနေ့ည အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

 

မော်ရင်ဟိုက” အဲလစ်ဆန် လည်းနာမနေဘူးဗျာ။ အာနိုးလ်ကလည်းအကောင်းကြီး။ မာတစ်ကလည်း ကစားဖို့များတယ်။ ဖာဘင်ဟိုမှာလည်း ဒဏ်ရာမရှိဘူး။ ရောဘတ်ဆန်ကလည်း ဘာဒဏ်ရာမှ မရထားဘူး။ ဆာလာကလည်း အေးဆေးဘဲ။ ဖာမီနိုကလည်း ဘာမှမဖြစ်ဘူး။ မာနေးလည်း ကြံခိုင်နေတာဘဲ။ ဒီတော့ ဘယ်မှာလည်း သူတို့ရဲ့ဒဏ်ရာပြဿနာဆိုတာ။

ဗန်ဒစ်ချ်တစ်ယောက်ဘဲ နားနေရတာလေ။ သူကလီဗာပူးလ်မှာ သိပ်ကောင်းတဲ့ကစားသမား ဆိုတာအမှန်ဘဲ။ ဒါပေမယ့်လီဗာပူးက ဒဏ်ရာပြဿနာရှိနေတယ်ဆိုရင် အဲဒီ့စာရင်း ကျွန်တော့်ဆီယူလာခဲ့စမ်းပါ။ အကောင်းဆုံးဆိုတဲ့ လီဗာပူးအသင်းလူစာရင်းနဲ့ နှိုင်းယှဉ်ပြမယ်လေ။ ဒါဆို သိသွားကြမှာပေါ့။

ဒဏ်ရာရှိတယ်လို့ပြောကြေးဆို စပါးမှာလည်း ၁၀ ယောက်လောက်ရှိနေတယ်ဆိုတာကို ကျွန်တော်လည်း ပြလို့ရတာပေါ့။ ယူ ၁၆ အသင်းက ၂ ယောက်ဗျာ၊ ယူ ၂၁ အသင်းကလည်း ၂ ယောက်ဗျာ၊ ယူ ၂၃ အသင်းမှာ ၃ ယောက်ဗျာ။ အသင်းကြီးက လာမီလာနဲ့ တန်ဂါနာ တို့ပါပေါင်းမှ ၁၀ ယောက်လောက်ရှိမှာပေါ့။

လက်ရှိမှာ လိုရစ်၊ အယ်ဒါဝီရယ်၊ အဲရစ်ဒီယာနဲ့ ဟယ်ရီကိန်းတို့ ဘာမှမဖြစ်လို့ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာရှိနေတယ်ဆိုရင် ဘယ်သူယုံမှာလဲ။ ကလပ်တိုင်းဟာ ဒဏ်ရာပြဿနာကို အခုရော နောက်ပါကြုံရမှာပါဘဲ။

ဒီလိုဘဲ ရှေ့ဆက်နေရမှာပေါ့” လို့ပြောသွားပါတယ်။ သူတို့နှစ်သင်းဟာ ၂၅ မှတ်ဆီတူညီပြီး ထိပ်ဆုံးမှာရှိနေကြပေမယ့် စပါးက ဂိုးကွာခြားချက်နဲ့ အဆင့် ၁ နေရာကို ရယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးနဲ႔ပြဲအတြက္ ၿပိဳင္ဘက္ကို စိတ္ဓါတ္ေရးရာအရ ထိုးႏွက္လိုက္တဲ့ ေမာ္ရင္ဟို

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက လီဗာပူးဟာ ဒဏ္ရာျပႆနာႀကီးႀကီးမားမား မရွိလို႔ အေကာင္းဆုံးေျခစြမ္းရလုနီးပါးျဖစ္ေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဒါဟာ ပြဲစဥ္ ဇယားနဲ႔ ဒဏ္ရာျပႆနာအေပၚၿငီးတြားခဲ့တဲ့ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္ရဲ႕ စကားကိုတုံ႔ျပန္ၿပီး စိတ္ဓါတ္ေရးရာအရ ထိုးႏွက္လိုက္တာျဖစ္ပါတယ္။

ဒီရာသီစၿပီး သိပ္မၾကာခင္မွာ လီဗာပူးဟာ ဒဏ္ရာျပႆနာႀကီးႀကီးမားမားႀကဳံေတြ႕ခဲ့ရလို႔ ခ်န္ပီယံက်ိန္စာသင့္ေနၿပီလားလို႔ေတာင္ ထင္မွတ္ခဲ့ၾကတာပါ။ ဗန္ဒစ္ခ်္၊ အာႏိုး၊ မာတစ္၊ ဖာဘင္ဟို တို႔လိုအဓိက က်တဲ့သူေတြ ဒဏ္ရာရခဲ့တာေတာင္ လီဗာပူးဟာရလဒ္တည္ၿငိမ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေမာ္ရင္ဟိုကေတာ့ ကေလာ့ပ္ရဲ႕ၿငီးတြားမႈကို လက္မခံဘဲ လက္ရွိမွာလီဗာပူးရဲ႕ဒဏ္ရာရသူေတြထဲမွာ အဓိကက်သူဆိုလို႔ ဗန္ဒစ္ခ်္ဘဲရွိေတာ့လို႔ အင္ျပည့္အားျပည့္ျဖစ္လုနီးပါးအသင္းပါဘဲ လို႔ဆိုသြားပါတယ္။ သူတို႔နစ္သင္းဟာ ဒီကေန႔ည အန္ဖီးလ္ကြင္းမွာ ထိပ္တိုက္ေတြ႕ဆုံၾကမွာ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုက” အဲလစ္ဆန္ လည္းနာမေနဘူးဗ်ာ။ အာႏိုးလ္ကလည္းအေကာင္းႀကီး။ မာတစ္ကလည္း ကစားဖို႔မ်ားတယ္။ ဖာဘင္ဟိုမွာလည္း ဒဏ္ရာမရွိဘူး။ ေရာဘတ္ဆန္ကလည္း ဘာဒဏ္ရာမွ မရထားဘူး။ ဆာလာကလည္း ေအးေဆးဘဲ။ ဖာမီႏိုကလည္း ဘာမွမျဖစ္ဘူး။ မာေနးလည္း ႀကံခိုင္ေနတာဘဲ။ ဒီေတာ့ ဘယ္မွာလည္း သူတို႔ရဲ႕ဒဏ္ရာျပႆနာဆိုတာ။ ဗန္ဒစ္ခ်္တစ္ေယာက္ဘဲ နားေနရတာေလ။ သူကလီဗာပူးလ္မွာ သိပ္ေကာင္းတဲ့ကစားသမား ဆိုတာအမွန္ဘဲ။ ဒါေပမယ့္လီဗာပူးက ဒဏ္ရာျပႆနာရွိေနတယ္ဆိုရင္ အဲဒီ့စာရင္း ကြၽန္ေတာ့္ဆီယူလာခဲ့စမ္းပါ။ အေကာင္းဆုံးဆိုတဲ့ လီဗာပူးအသင္းလူစာရင္းနဲ႔ ႏႈိင္းယွဥ္ျပမယ္ေလ။ ဒါဆို သိသြားၾကမွာေပါ့။

ဒဏ္ရာရွိတယ္လို႔ေျပာေၾကးဆို စပါးမွာလည္း ၁၀ ေယာက္ေလာက္ရွိေနတယ္ဆိုတာကို ကြၽန္ေတာ္လည္း ျပလို႔ရတာေပါ့။ ယူ ၁၆ အသင္းက ၂ ေယာက္ဗ်ာ၊ ယူ ၂၁ အသင္းကလည္း ၂ ေယာက္ဗ်ာ၊ ယူ ၂၃ အသင္းမွာ ၃ ေယာက္ဗ်ာ။ အသင္းႀကီးက လာမီလာနဲ႔ တန္ဂါနာ တို႔ပါေပါင္းမွ ၁၀ ေယာက္ေလာက္ရွိမွာေပါ့။ လက္ရွိမွာ လိုရစ္၊ အယ္ဒါဝီရယ္၊ အဲရစ္ဒီယာနဲ႔ ဟယ္ရီကိန္းတို႔ ဘာမွမျဖစ္လို႔ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာျပႆနာရွိေနတယ္ဆိုရင္ ဘယ္သူယုံမွာလဲ။ ကလပ္တိုင္းဟာ ဒဏ္ရာျပႆနာကို အခုေရာ ေနာက္ပါႀကဳံရမွာပါဘဲ။ ဒီလိုဘဲ ေရွ႕ဆက္ေနရမွာေပါ့” လို႔ေျပာသြားပါတယ္။ သူတို႔ႏွစ္သင္းဟာ ၂၅ မွတ္ဆီတူညီၿပီး ထိပ္ဆုံးမွာရွိေနၾကေပမယ့္ စပါးက ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၁ ေနရာကို ရယူထားပါတယ္။