လီဗာပူးနဲ့ပွဲအပြီး ဥမင်ထဲအထိလိုက်ပြီး ဖာဘင်ဟိုထံကနေ အင်္ကျီပြန်လည်တောင်းယူခဲ့တဲ့ လူဝီဘယ်ရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာအသင်းလူငယ်ကစားသမားလေး လူဝီဘယ်ရီကတော့ သောကြာနေ့က အက်ဖ်အေဖလားပွဲအပြီးမှာ လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုရဲ့အပြုအမူအတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်မှာ ဗီလာအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းဟာ စီနီယာကစားသမားတွေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် လီဗာပူးကို လူငယ်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သို့ပေမယ့် ဗီလာအသင်းဟာ လီဗာပူးအသင်းကို ပထမပိုင်းအပြီးမှာ ၁-၁ ဂိုးအထိ သရေကျအောင် ကစားထားနိုင်ခဲ့ပါတယ်။လီဗာပူးအတွက် မာနေးက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဆယ်ကျော်ကစားသမား ဘယ်ရီက ဗီလာအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ဝှစ်ချ်နယ်ဒန် ၊ မာနေး ၊ ဆာလက်တို့ရဲ့ဂိုးတွေနဲ့အတူ ဗီလာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးကို အရေးနိမ့်ခဲ့ပေမယ့် အသက် ၁၇ နှစ်အရွယ်ကစားသမားလေး နဲ့ အသင်းဖော်တွေအတွက် ဒီနေ့ညက အမှတ်တရညတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဘယ်ရီက ဖာဘင်ဟိုထံကနေ အကျီချင်းလဲခဲ့ပေမယ့် သူနဲ့ရင်းနှီးတဲ့ ဗီလာ အသင်းရဲ့ဝန်ထမ်းက သူ့ကို အင်္ကျီနဲ့ပတ်သက်လို့ သတိပေးလိုက်ချိန်မှာ သူ့ရဲ့ပထမဆုံးပွဲဦးထွက် ဗီလာအသင်းအကျီဖြစ်နေတာ ကို သိတရသွားခဲ့ပြီး ဥမင်ထဲအထိ လိုက်သွားပြီး ဖာဘင်ဟိုကို ပြန်လည်ရှင်းပြကာ ဗီလာအသင်းအကျီကိုပါ ပြန်လည်တောင်းယူခဲ့ပါတယ်။

ဖာဘင်ဟိုကလည်း အကျီချင်းလဲထားပေမယ့် ဘယ်ရီရဲ့အကျီကို ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အကျီကို ပေးလိုက်ဖို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအကျီက ကျွန်တော့်ရဲ့ပွဲဦးထွက်အကျီဆိုတာကို သတိရသွားခဲ့တာကြောင့် ဖာဘင်ဟိုထံကနေ ပြန်လည်တောင်းယူခဲ့ပြီး သူက ကျွန်တော့်ကို အသာတကြည်ပြန်ပေးခဲ့တာကြောင့် အကျီ ၂ခုစလုံးကို ရရှိခဲ့ပါတယ်”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကလည်း ပွဲအပြီးမှာပြုလုပ်ခဲ့တဲ့ ဖာဘင်ဟိုရဲ့လုပ်ရပ်ကို ချီးကျူးပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးနဲ႔ပဲြအျပီး ဥမင္ထဲအထိလိုက္ျပီး ဖာဘင္ဟိုထံကေန အက်ီျပန္လည္ေတာင္းယူခဲ့တဲ့ လူ၀ီဘယ္ရီ

အက္စတြန္ဗီလာအသင္းလူငယ္ကစားသမားေလး လူ၀ီဘယ္ရီကေတာ့ ေသာၾကာေန႔က အက္ဖ္ေအဖလားပြဲအျပီးမွာ လီဗာပူးကြင္းလယ္လူ ဖာဘင္ဟိုရဲဲ႕အျပဳအမူအတြက္ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ လီဗာပူးအသင္းဟာ အက္ဖ္ေအဖလား တတိယအဆင့္မွာ ဗီလာအသင္းကို ၄-၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။ ဗီလာအသင္းဟာ စီနီယာကစားသမားေတြ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာေၾကာင့္ လီဗာပူးကို လူငယ္ကစားသမားေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

သို႔ေပမယ့္ ဗီလာအသင္းဟာ လီဗာပူးအသင္းကို ပထမပိုင္းအျပီးမွာ ၁-၁ ဂုိးအထိ သေရက်ေအာင္ ကစားထားႏိုင္ခဲ့ပါတယ္။ လီဗာပူးအတြက္ မာေနးက ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ေပမယ့္ ဆယ္ေက်ာ္ကစားသမား ဘယ္ရီက ဗီလာအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ လီဗာပူးက ၀ွစ္ခ်္နယ္ဒန္ ၊ မာေနး ၊ ဆာလက္တို႔ရဲ႕ဂိုးေတြနဲ႔အတူ ဗီလာကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးကို အေရးနိမ့္ခဲ့ေပမယ့္ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားေလး နဲ႔ အသင္းေဖာ္ေတြအတြက္ ဒီေန႔ညက အမွတ္တရညတစ္ခုျဖစ္ခဲ့တယ္လို႔ ဆုိရမွာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ဘယ္ရီက ဖာဘင္ဟိုထံကေန အက်ီခ်င္းလဲခဲ့ေပမယ့္ သူနဲ႔ရင္းႏွီးတဲ့ ဗီလာ အသင္းရဲ႕ဝန္ထမ္းက သူ႔ကို အက်ႌနဲ႔ပတ္သက္လို႔ သတိေပးလိုက္ခ်ိန္မွာ သူ႔ရဲ႕ပထမဆုံးပြဲဦးထြက္ ဗီလာအသင္းအက်ီျဖစ္ေနတာ ကို သိတရသြားခဲ့ၿပီး ဥမင္ထဲအထိ လိုက္သြားၿပီး ဖာဘင္ဟိုကို ျပန္လည္ရွင္းျပကာ ဗီလာအသင္းအက်ီကိုပါ ျပန္လည္ေတာင္းယူခဲ့ပါတယ္။

ဖာဘင္ဟုိကလည္း အက်ီခ်င္းလဲထားေပမယ့္ ဘယ္ရီရဲ႕အက်ီကို ျပန္လည္ေပးအပ္ခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ့္အက်ီကို ေပးလိုက္ဖို႔ ေတာ္ေတာ္ေလးနီးစပ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီအက်ီက ကြ်န္ေတာ့္ရဲ႕ပြဲဦးထြက္အက်ီဆိုတာကို သတိရသြားခဲ့တာေၾကာင့္ ဖာဘင္ဟိုထံကေန ျပန္လည္ေတာင္းယူခဲ့ျပီး သူက ကြ်န္ေတာ့္ကို အသာတၾကည္ျပန္ေပးခဲ့တာေၾကာင့္ အက်ီ ၂ခုစလံုးကို ရရွိခဲ့ပါတယ္”လို႔ ပြဲအျပီး အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးတိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကလည္း ပြဲအျပီးမွာျပဳလုပ္ခဲ့တဲ့ ဖာဘင္ဟိုရဲ႕လုပ္ရပ္ကို ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။