လီဗာပူးနဲ့အက်ဖ်အေဖလားပွဲကို လူငယ်ကစားသမားတွေနဲ့ ရင်ဆိုင်မှာဖြစ်တဲ့ အက်စတွန်ဗီလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာအသင်းဟာ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ပွဲကို ယူ -၂၃ ၊ ယူ – ၁၈ ကစားသမားတွေနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
စီနီယာအသင်းကစားသမားတွေ ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီးနောက် အားလုံးနီးပါး သီးသန့်ခွဲနေခဲ့ရတယ်လို့ သတင်းတွေကဆိုပါတယ်။

ဒါကြောင့် ဗီလာအသင်းဟာ ကလော့ပ်ရဲ့လီဗာပူးအသင်းကို ယူ -၂၃ ကစားသမား ၊ ယူ -၁၈ ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး ရင်ဆိုင်ဖွယ်ရှိနေပါတယ်။

ကြာသပတေးနေ့က ကိုဗစ်ပိုးစစ်ဆေးခဲ့ပြီးနောက် ပိုးတွေအခြေအနေမရှိတာကြောင့် ဗီလာအသင်းကို ယူ -၂၃ နည်းပြ ဒီလာနေးက ကိုင်တွယ်လာမယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။

ဗီလာအသင်းကတော့ ပိုးတွေ့အခြေအနေများခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပေမယ့် အက်ဖ်အေရဲ့စည်းမျည်းမှာ မည်သည့်ကလပ်အသင်းမဆို ကစားသမား ၁၄ ဦးလောက်အထိ ပိုးတွေ့မှ ပွဲကို ရွှေ့ဆိုင်းတာ ဖျက်သိမ်းတာမျိုးလုပ်ရမယ်လို့ ပါရှိတာကြောင့် ပွဲကို ဆက်လက်ကစားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဗီလာအသင်းရဲ့ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ တော့တင်ဟမ် ၊ အဲဗာတန်နဲ့ပွဲတွေကတော့ မသေချာတဲ့အနေအထားမှာရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း ဆောက်သမ်တန်အသင်း နဲ့ ရှူးစ်ဘူရီအသင်းတို့ရဲ့အက်ဖ်အေဖလားပွဲစဉ်ကလည်း လိဂ်ဝမ်းကလပ်ထံမှာ ပိုးတွေ့ရှိမှုများခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

အက်ဖ်အေကတော့ လာမယ့်အပတ်ထဲမှာ ပွဲစဉ်တွေကို ပြန်လည်စီမံသွားဖို့ ပြင်ဆင်နေပါတယ်။ မစ်ဒယ်ဘရော့စ်အသင်းမှာလည်း ပိုးပျံ့နှံ့ခဲ့တာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲကလည်း မသေမချာဖြစ်လာပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကာတာမှာ ကလပ်ကမ္ဘာ့ဖလားရင်ဆိုင်ရမှာဖြစ်တာကြောင့် ကာရာဘောင်ဖလားအတွက် ဗီလာကိုယူ -၂၃ ကစားသမားတွေရင်ဆိုင်ခဲ့ရကာ ဗီလာက ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးနဲ႔အက္ဖ္ေအဖလားပြဲကို လူငယ္ကစားသမားေတြနဲ႔ ရင္ဆုိင္မွာျဖစ္တဲ့ အက္စတြန္ဗီလာ

အက္စတြန္ဗီလာအသင္းဟာ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ လီဗာပူးအသင္းနဲ႔ပြဲကို ယူ -၂၃ ၊ ယူ – ၁၈ ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။ စီနီယာအသင္းကစားသမားေတြ ကိုဗစ္ပိုးကူးစက္ခံခဲ့ရျပီးေနာက္ အားလံုးနီးပါး သီးသန္႔ခြဲေနခဲ့ရတယ္လို႔ သတင္းေတြကဆိုပါတယ္။ ဒါေၾကာင့္ ဗီလာအသင္းဟာ ကေလာ့ပ္ရဲ႕လီဗာပူးအသင္းကို ယူ -၂၃ ကစားသမား ၊ ယူ -၁၈ ကစားသမားေတြနဲ႔ ေပါင္းစပ္ျပီး ရင္ဆုိင္ဖြယ္ရွိေနပါတယ္။

ၾကာသပေတးေန႔က ကိုဗစ္ပိုးစစ္ေဆးခဲ့ျပီးေနာက္ ပိုးေတြအေျခအေနမရွိတာေၾကာင့္ ဗီလာအသင္းကို ယူ -၂၃ နည္းျပ ဒီလာေနးက ကိုင္တြယ္လာမယ္လို႔ အသင္းက အတည္ျပဳခဲ့ပါတယ္။ ဗီလာအသင္းကေတာ့ ပိုးေတြ႕အေျခအေနမ်ားခဲ့တာေၾကာင့္ ပြဲကိုဖ်က္သိမ္းဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အက္ဖ္ေအရဲ႕စည္းမ်ည္းမွာ မည္သည့္ကလပ္အသင္းမဆို ကစားသမား ၁၄ ဦးေလာက္အထိ ပိုးေတြ႕မွ ပြဲကို ေရႊ႕ဆုိင္းတာ ဖ်က္သိမ္းတာမ်ိဳးလုပ္ရမယ္လုိ႔ ပါရွိတာေၾကာင့္ ပြဲကို ဆက္လက္ကစားရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ဗီလာအသင္းရဲ႕ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ ေတာ့တင္ဟမ္ ၊ အဲဗာတန္နဲ႔ပြဲေတြကေတာ့ မေသခ်ာတဲ့အေနအထားမွာရွိေနပါတယ္။ အျခားတစ္ဖက္မွာလည္း ေဆာက္သမ္တန္အသင္း နဲ႔ ရွဴးစ္ဘူရီအသင္းတို႔ရဲ႕အက္ဖ္ေအဖလားပြဲစဥ္ကလည္း လိဂ္၀မ္းကလပ္ထံမွာ ပိုးေတြ႕ရွိမႈမ်ားခဲ့တာေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။

အက္ဖ္ေအကေတာ့ လာမယ့္အပတ္ထဲမွာ ပြဲစဥ္ေတြကို ျပန္လည္စီမံသြားဖို႔ ျပင္ဆင္ေနပါတယ္။ မစ္ဒယ္ဘေရာ့စ္အသင္းမွာလည္း ပိုးပ်ံ႕ႏွံ႔ခဲ့တာေၾကာင့္ ဘရန္႔ဖို႔ဒ္နဲ႔ပြဲကလည္း မေသမခ်ာျဖစ္လာပါတယ္။ လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ရာသီတုန္းက ကာတာမွာ ကလပ္ကမၻာ့ဖလားရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ကာရာေဘာင္ဖလားအတြက္ ဗီလာကိုယူ -၂၃ ကစားသမားေတြရင္ဆိုင္ခဲ့ရကာ ဗီလာက ၅ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။