လီဗာပူးနဲ့ ပွဲဟာ ကွင်းလယ်တိုက်ပွဲဖြစ်ခဲ့မယ်ဆိုရင် အချက်အလက်တွေအရ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကပိုသာတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်တနင်္ဂနွေမှာ ကစားရမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက် ပရိသတ်တွေက ဖာနန်ဒက်အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရှိနေကြပါတယ်။

ဖာနန်ဒက်အနေနဲ့ စပို့တင်းအသင်းမှာ ကစားစဉ်က ၂၀၁၉ ၊ ရာသီကြို ခြေစမ်းပွဲမှာ လီဗာပူးအသင်းနဲ့တွေ့ဆုံခဲ့ပြီး(၂-၂) သရေကျခဲ့တဲ့ပွဲမှာ ဖာနန်ဒက်က ပွဲအစ (၄)မိနစ်မှာ တစ်ဂိုးသွင်းခဲ့ပြီး၊ တစ်ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

အဲ့သည့်ပွဲစဉ်မှာ ယာဂန်ကလော့က ဖာနန်ဒက်ရဲ့ ခြေစွမ်းကိုချီးကျူးသွားခဲ့ပါတယ်။ ဒီတစ်ပတ် ပွဲစဉ်က ယူနိုက်တက် ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ယာဂန်ကလော့ရဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ( ၁၂ ) လအတွင်း ယူနိုက်တက်ရဲ့ ခြေစွမ်းတည်ငြိမ်မှု အရှိဆုံး ကစားသမားဖြစ်ပါတယ်။ ရာသီအစမှာရမှတ်တွေဆိုးရွားပြီး ဆိုလ်ရှားအထုတ်ခံရတော့မယ်လို့ သတင်းတွေထွက်ခဲ့ချိန်က လီဗာပူးအသင်းရဲ့ မြို့ခံပြိုင်ဘက် အဲဗာတန်နဲ့ မာဆေးဆိုဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာလည်း ( ၂ ) ဂိုး သွင်းယူထားခဲ့ပြီး ဆိုလ်ရှားကို ပြန်လည်ကယ်တင်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ကွင်းလယ်ပိုင်းမှာဘောလုံးဖြန့်ဝေမှုတွေကို အကောင်းဆုံးလုပ်နိုင်နေသလို အသင်းကိုလည်းဦးဆောင်မှုပေးနေတဲ့ ဖာနန်ဒက်ကို ဒီအချိန်မှာ ယူနိုက်တက်ပရိသတ်တွေအားကိုးနေတာကလည်း လွန်တယ်လို့ပြောလို့မရပါဘူး။ ဖာနန်ဒက်ပါဝင်ကစားတဲ့ပွဲနဲ့ မပါဝင်တဲ့ပွဲဟာလည်း အခုအချိန်မှာ အတော်ကိုသိသာနေသလို ပြိုင်ဘက်အသင်းတွေဟာလည်း ဒီအချက်ကိုသတိထားမိနေပြီး ဖာနန်ဒက် ဆီက ဘောလုံးမထွက်အောင်တားဆီးလာကြတာကိုလည်းတွေ့ရပါတယ်။ ယူနိုက်တက်အသင်းအတွက် သူ့ရဲ့ အရေးပါမှုကို သိရှိနိုင်ရန် ဖာနန်ဒက်ကို လီဗာပူးကွင်းလယ် တစ်ခုလုံးနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

ပင်နယ်တီ သွင်းဂိုးတွေကို ဖယ်ထားမယ်ဆိုရင်တောင် ဖာနန်ဒက်စ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးက လီဗာပူးကွင်းလယ်တစ်ခုလုံးရဲ့ သွင်းဂိုးထက် ပိုများနေပါတယ်။

ဖာနန်ဒက်စ်က လက်ရှိရာသီမှာ ပြိုင်ပွဲစုံ ( ၁၆ ) ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ ( ၁၁ ) ဂိုးသွင်းယူထားပါတယ်။ အဆိုပါ သွင်းဂိုး ( ၁၁ ) ဂိုးအနက် ( ၆ ) ဂိုးက open play ကနေ ရရှိတာဖြစ်ပြီး ( ၅ ) ဂိုးကို ပင်နယ်တီနေ တစ်ဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်က ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး သုံးဂိုးသာ ရရှိထားတာ တွေ့ရပါတယ်။ အဆိုပါသွင်းဂိုးတွေကို ဂျောင်ဒန် ဟန်ဒါဆင် ၊ ဝိုင်နယ်ဒန် နှင့် မီနာမီနိုတို့က တစ်ဂိုးစီ ရယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ ပေါလ်ပေါ့ဘာ နှင့် မက်တွမ်မီနေးတို့က ( ၂ ) ဂိုးစီ သွင်းယူထားသလို ဒွန်နီ ဗန်ဒဘိကလည်း ပရီးမီးယားလိဂ် သွင်းဂိုးတစ်ဂိုး ရရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးနဲ႔ ပြဲဟာ ကြင္းလယ္တိုက္ပြဲျဖစ္ခဲ့မယ္ဆိုရင္ အခ်က္အလက္ေတြအရ ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ကပိုသာတယ္…

ဒီတစ္ပတ္တနဂၤေႏြမွာ ကစားရမယ့္ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ ယူႏိုက္တက္ ပရိသတ္ေတြက ဖာနန္ဒက္အေပၚ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထားရွိေနၾကပါတယ္။ ဖာနန္ဒက္အေနနဲ႔ စပို႔တင္းအသင္းမွာ ကစားစဥ္က ၂၀၁၉ ၊ ရာသီႀကိဳ ေျခစမ္းပြဲမွာ လီဗာပူးအသင္းနဲ႔ေတြ႕ဆုံခဲ့ၿပီး(၂-၂) သေရက်ခဲ့တဲ့ပြဲမွာ ဖာနန္ဒက္က ပြဲအစ (၄)မိနစ္မွာ တစ္ဂိုးသြင္းခဲ့ၿပီး၊ တစ္ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။ အဲ့သည့္ပြဲစဥ္မွာ ယာဂန္ကေလာ့က ဖာနန္ဒက္ရဲ႕ ေျခစြမ္းကိုခ်ီးက်ူးသြားခဲ့ပါတယ္။ ဒီတစ္ပတ္ ပြဲစဥ္က ယူႏိုက္တက္ ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ယာဂန္ကေလာ့ရဲ႕အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ( ၁၂ ) လအတြင္း ယူႏိုက္တက္ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈ အရွိဆုံး ကစားသမားျဖစ္ပါတယ္။ ရာသီအစမွာရမွတ္ေတြဆိုး႐ြားၿပီး ဆိုလ္ရွားအထုတ္ခံရေတာ့မယ္လို႔ သတင္းေတြထြက္ခဲ့ခ်ိန္က လီဗာပူးအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အဲဗာတန္နဲ႔ မာေဆးဆိုဒ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာလည္း ( ၂ ) ဂိုး သြင္းယူထားခဲ့ၿပီး ဆိုလ္ရွားကို ျပန္လည္ကယ္တင္ထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ကြင္းလယ္ပိုင္းမွာေဘာလုံးျဖန႔္ေဝမႈေတြကို အေကာင္းဆုံးလုပ္ႏိုင္ေနသလို အသင္းကိုလည္းဦးေဆာင္မႈေပးေနတဲ့ ဖာနန္ဒက္ကို ဒီအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြအားကိုးေနတာကလည္း လြန္တယ္လို႔ေျပာလို႔မရပါဘူး။ ဖာနန္ဒက္ပါဝင္ကစားတဲ့ပြဲနဲ႔ မပါဝင္တဲ့ပြဲဟာလည္း အခုအခ်ိန္မွာ အေတာ္ကိုသိသာေနသလို ၿပိဳင္ဘက္အသင္းေတြဟာလည္း ဒီအခ်က္ကိုသတိထားမိေနၿပီး ဖာနန္ဒက္ ဆီက ေဘာလုံးမထြက္ေအာင္တားဆီးလာၾကတာကိုလည္းေတြ႕ရပါတယ္။ ယူႏိုက္တက္အသင္းအတြက္ သူ႔ရဲ႕ အေရးပါမႈကို သိရွိႏိုင္ရန္ ဖာနန္ဒက္ကို လီဗာပူးကြင္းလယ္ တစ္ခုလုံးနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ သိႏိုင္ပါတယ္။

ပင္နယ္တီ သြင္းဂိုးေတြကို ဖယ္ထားမယ္ဆိုရင္ေတာင္ ဖာနန္ဒက္စ္ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုးက လီဗာပူးကြင္းလယ္တစ္ခုလုံးရဲ႕ သြင္းဂိုးထက္ ပိုမ်ားေနပါတယ္။ ဖာနန္ဒက္စ္က လက္ရွိရာသီမွာ ၿပိဳင္ပြဲစုံ ( ၁၆ ) ဂိုး သြင္းယူထားၿပီး ပရီးမီးယားလိဂ္မွာ ( ၁၁ ) ဂိုးသြင္းယူထားပါတယ္။ အဆိုပါ သြင္းဂိုး ( ၁၁ ) ဂိုးအနက္ ( ၆ ) ဂိုးက open play ကေန ရရွိတာျဖစ္ၿပီး ( ၅ ) ဂိုးကို ပင္နယ္တီေန တစ္ဆင့္ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးကြင္းလယ္က ဒီရာသီမွာ ပရီးမီးယားလိဂ္ သြင္းဂိုး သုံးဂိုးသာ ရရွိထားတာ ေတြ႕ရပါတယ္။ အဆိုပါသြင္းဂိုးေတြကို ေဂ်ာင္ဒန္ ဟန္ဒါဆင္ ၊ ဝိုင္နယ္ဒန္ ႏွင့္ မီနာမီႏိုတို႔က တစ္ဂိုးစီ ရယူေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ယူႏိုက္တက္ ကြင္းလယ္ ကစားသမားေတြ ျဖစ္ၾကတဲ့ ေပါလ္ေပါ့ဘာ ႏွင့္ မက္တြမ္မီေနးတို႔က ( ၂ ) ဂိုးစီ သြင္းယူထားသလို ဒြန္နီ ဗန္ဒဘိကလည္း ပရီးမီးယားလိဂ္ သြင္းဂိုးတစ္ဂိုး ရရွိထားပါတယ္။