လီဗာပူးနဲ့ ယှဥ်ရင်မန်ယူက underdogs ဖြစ်နေဆဲဘဲလို့ ပေါ့ဂ်ဘာပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ပြိုင်ဘက်လီဗာပူးနဲ့ယှဥ်ရင် အဆင့်အတန်းနိမ့်နေတုန်းဘဲလို့ ကွင်းလယ်လူပေါ့ဂ်ဘာက ပြောလိုက်ပါတယ်။ မန်ယူဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့အဝေးကွင်းရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် နှစ်သင်းစလုံးအပေါ်အများကြီး သက်ရောက်မှုရှိမယ့် ပွဲအဖြစ်သတ်မှတ်ထားကြပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲနိုင်ကာ ၂ ပွဲသရေကျပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာ ပါ။ လီဗာပူးကိုထပ်နိုင်ခဲ့မယ်ဆိုရင် ၆ မှတ်အသာနဲ့ ဦးဆောင်ခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာ ဟာ နောက်ပိုင်းပွဲတွေမှာ မန်ယူအတွက်ခြေစွမ်းပြလာသူဖြစ်ပြီး သူ့အသင်းဖော်တွေအပေါ်ဖိအားမရှိအောင် အခုလိုပြောလိုက်ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

သူက” ကျွန်တော်တို့ဟာ အများကြီးတိုးတက်လာခဲ့ပါတယ်။ ဒီတိုးတက်မှုကိုလည်း ဆက်လက်ထိန်းထားရမှာ ပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ အရမ်းကိုငယ်ရွယ်သေးတဲ့အသင်းဖြစ်နေဆဲပါ။ ဒါကြောင့် လက်ရှိမှာ လီဗာပူး နဲ့ အဆင့်အတန်းတူတယ်လို့ ပြောလို့မရသေးပါဘူး။ သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လို့ ကျွန်တော်တို့က underdogs အသင်းဖြစ်နေဆဲပါဘဲ။ ကိုယ်က အကောင်းဆုံးအသင်းဖြစ်ချင်ရင် အသင်းကောင်းတွေကို အနိုင် ယူနိုင်ရမှာပါ။ လူတွေကတော့ လီဗာပူးဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျလာတယ်လို့ ဆိုကြပေမယ့် ဒီအ ချက်က ဘာမှမဆိုင်ပါဘူး။ လက်ရှိ ချန်ပီယံက ချန်ပီယံပါဘဲ” လို့ပြောသွားပါတယ်။

လီဗာပူးမှာ ဗန်ဂျစ်နဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာကိုယ်စီရှိနေကြတဲ့အပြင် နောက်ဆုံး ၃ ပွဲမှာလည်း ဝက်စ်ဘရွန်း၊ နယူး ကာဆယ်တို့ကို သရေကျခဲ့ပြီး ဆောက်သမ်တန်ကိုလည်း အံအားသင့်ဖွယ်ရာ ရှုံးနိမ့်ထားပါတယ်။ ပေါ့ဂ်ဘာ ဟာ ၂၀၁၆ ကမန်ယူကိုရောက်ရှိလာပြီးနောက် လီဗာပူးကို ပရီးမီးယားလိဂ်မှာအနိုင်ရ ဖူးခြင်းမရှိသေးပါဘူး။ ဒါ ပေမယ့် လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး လက်ရှိမှာ လည်း အကောင်းဆုံးအသင်းဖြစ်တုန်းဘဲလို့ ပေါ့ဂ်ဘာကဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Zawgyiမန္ယူအသင္းဟာ ၿပိဳင္ဘက္လီဗာပူးနဲ႔ယွဥ္ရင္ အဆင့္အတန္းနိမ့္ေနတုန္းဘဲလို႔ ကြင္းလယ္လူေပါ့ဂ္ဘာ က ေျပာလိုက္ပါတယ္။ မန္ယူဟာ တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔အေဝးကြင္းရင္ဆိုင္ရမွာျဖစ္ၿပီး ခ်န္ပီယံဆုအတြက္ ႏွစ္သင္းစလုံးအေပၚအမ်ားႀကီး သက္ေရာက္မႈရွိမယ့္ ပြဲအျဖစ္သတ္မွတ္ထားၾကပါတယ္။ မန္ယူဟာ ပရီးမီး ယားလိဂ္ေနာက္ဆုံး ၁၁ ပြဲမွာ ၉ ပြဲႏိုင္ကာ ၂ ပြဲသေရက်ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့တာ ပါ။ လီဗာပူးကိုထပ္ႏိုင္ခဲ့မယ္ဆိုရင္ ၆ မွတ္အသာနဲ႔ ဦးေဆာင္ခြင့္ကို ဆက္လက္ရရွိမွာျဖစ္ပါတယ္။

ေပါ့ဂ္ဘာ ဟာ ေနာက္ပိုင္းပြဲေတြမွာ မန္ယူအတြက္ေျခစြမ္းျပလာသူျဖစ္ၿပီး သူ႔အသင္းေဖာ္ေတြအေပၚဖိအားမရွိေအာင္ အခုလိုေျပာလိုက္ျခင္းျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ သူက” ကြၽန္ေတာ္တို႔ဟာ အမ်ားႀကီးတိုးတက္လာခဲ့ပါတယ္။ ဒီတိုးတက္မႈကိုလည္း ဆက္လက္ထိန္းထားရမွာ ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ အရမ္းကိုငယ္႐ြယ္ေသးတဲ့အသင္းျဖစ္ေနဆဲပါ။ ဒါေၾကာင့္ လက္ရွိမွာ လီဗာပူး နဲ႔ အဆင့္အတန္းတူတယ္လို႔ ေျပာလို႔မရေသးပါဘူး။ သူတို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လို႔ ကြၽန္ေတာ္တို႔က underdogs အသင္းျဖစ္ေနဆဲပါဘဲ။ ကိုယ္က အေကာင္းဆုံးအသင္းျဖစ္ခ်င္ရင္ အသင္းေကာင္းေတြကို အႏိုင္ ယူႏိုင္ရမွာပါ။ လူေတြကေတာ့ လီဗာပူးဟာ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းက်လာတယ္လို႔ ဆိုၾကေပမယ့္ ဒီအ ခ်က္က ဘာမွမဆိုင္ပါဘူး။ လက္ရွိ ခ်န္ပီယံက ခ်န္ပီယံပါဘဲ” လို႔ေျပာသြားပါတယ္။

လီဗာပူးမွာ ဗန္ဂ်စ္နဲ႔ ဂိုမက္ဇ္တို႔ ဒဏ္ရာကိုယ္စီရွိေနၾကတဲ့အျပင္ ေနာက္ဆုံး ၃ ပြဲမွာလည္း ဝက္စ္ဘ႐ြန္း၊ နယူး ကာဆယ္တို႔ကို သေရက်ခဲ့ၿပီး ေဆာက္သမ္တန္ကိုလည္း အံအားသင့္ဖြယ္ရာ ရႈံးနိမ့္ထားပါတယ္။ ေပါ့ဂ္ဘာ ဟာ ၂၀၁၆ ကမန္ယူကိုေရာက္ရွိလာၿပီးေနာက္ လီဗာပူးကို ပရီးမီးယားလိဂ္မွာအႏိုင္ရ ဖူးျခင္းမရွိေသးပါဘူး။ ဒါ ေပမယ့္ လီဗာပူးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အဂၤလန္မွာ အေကာင္းဆုံးအသင္းျဖစ္ခဲ့ၿပီး လက္ရွိမွာ လည္း အေကာင္းဆုံးအသင္းျဖစ္တုန္းဘဲလို႔ ေပါ့ဂ္ဘာကဆိုခဲ့ပါတယ္။