လီဗာပူးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချပြီး ဘာစီလိုနာ ပြောင်းတော့မယ့် ဝှစ်ချ်နယ်ဒန်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွအရ လီဗာပူးကွင်းလယ်လူ ဝှစ်ချ်နယ်ဒန်ဟာ အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် ငယ်ဘဝကလပ် ဘာစီလိုနာကိုပြောင်းဖွယ်ရှိနေတယ်လို သိရပါတယ်။
နယ်သာလန်သားရဲ့စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ သေချာနေတာဖြစ်ပါတယ်။
ဝှစ်ချ်နယ်ဒန်ကတော့ နယ်သာလန်အသင်းနည်းပြဟောင်း ရော်နယ်ကိုးမန်းနဲ့ ဘာစီလိုနာအသင်းမှာ ပြန်လည်ပေါင်းဆုံချင်နေပါတယ်။
“ဘာစီလိုနာက သူ့ကို အမြဲတမ်းဆွဲဆောင်နေတာပါ။ ဂါရတ်ဘေးလ်အပြောင်းအရွှေ့တုန်းက အခြေအနေနဲ့ ဆင်တူပါတယ်”လို့ Daily Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဘက်ကတော့ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ ဝှစ်ချ်နယ်ဒန်ကို အသင်းမှာဆက်ရှိနေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါပေမဲ့ သီယာဂိုအယ်လ်ကန်တာရာရောက်လာခဲ့တာကြောင့် ဝှစ်ချ်နယ်ဒန်ဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေကဆိုနေကြတာဖြစ်ပါတယ်။
နည်းပြ ကလော့ပ်ကလည်း အခုလအစောပိုင်းတုန်းက ဝှစ်ချ်နယ်ဒန်ရဲ့အခြေအနေအကြောင်းကို ပြောကြားခဲ့သေးပါတယ်။ “ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှပြောစရာမရှိပါဘူး။ ကစားသမားတစ်ဦးမှာ ရွေးချယ်ခွင့်ရှိနေပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီမှာလည်း ကလော့ပ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ပရီးမီးယားလိဂ်မှာ ၁၅ ပွဲမှာ နဲ့ ချန်ပီယံလိဂ်မှာ ၄ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လီဗာပူးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချပြီး ဘာစီလိုနာ ပြောင်းတော့မယ့် ဝှစ်ခ်ျနယ်ဒန်
လီဗာပူးအသင်းဘက်ကတော့ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ ဝှစ်ခ်ျနယ်ဒန်ကို အသင်းမှာဆက်ရှိနေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ သီယာဂိုအယ်လ်ကန်တာရာရောက်လာခဲ့တာကြောင့် ဝှစ်ခ်ျနယ်ဒန်ဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေကဆိုနေကြတာဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ကလည်း အခုလအစောပိုင်းတုန်းက ဝှစ်ခ်ျနယ်ဒန်ရဲ့အခြေအနေအကြောင်းကို ပြောကြားခဲ့သေးပါတယ်။