လီဗာပူးလ်ကို ယူနိုက်တက် ယှဉ်နိုင်၊ မယှဉ်နိုင် ဖာနန်ဒက်စ်ရဲ့ အမြင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကတော့ ဗီလာကို နိုင်ပွဲအပြီး ၊ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲဆက် ရှူံးပွဲမရှိတဲ့မှတ်တမ်းနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ်တူ အနေအထားကို ရောက်ရှိခဲ့ပါပြီ။ယူနိုက်တက်ရဲ့ လက်ရှိအနေအထား၊ ဗီလာနိုင်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဖာနန်ဒက်စ်က အခုလိုပဲ ပြောဆိုထားပါတယ်။ “ကျွန်တော်တို့ ခုချိန်မှာတော့ လီဗာပူးနဲ့ ပုခုံးချင်းယှဉ်နိုင်နေပါပြီ။”

“ဒါပေမယ့် ပရီးမီးယားလိဂ် အဆုံးသတ်ဖို့က အဝေးကြီး ကျန်နေသေးတယ်ဆိုတော့ ကျွန်တော်တို့ ဆက်သွားရပါအုံးမယ်။ ကျွန်တော်တို့ ဆက်လက် အလုပ်ကြိုးစားသွားမှာ ဖြစ်ပြီး နိုင်ပွဲတွေကို ထိန်းသိမ်းသွားရမှာပါ။ အခုပွဲနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်တော်က ပွဲချိန် နောက်ဆုံး 10 မိနစ်ကို ကောင်းမွန်စွာ ပျော်ရွှင် ခံစား နိုင်တာမျိုးမရှိခဲ့ပါဘူး။”

“ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တွေဟာ ပွဲစဉ်ကို ပိုကောင်းတဲ့ နည်းလမ်း နဲ့ စောစီးစွာ ဖြတ်လိုက် နိုင်ခွင့် ရှိခဲ့ကြတယ်လို့ ကျွန်တော်တွေ့မြင်ခဲ့ရလို့ပါပဲ။ ဒါက ဘောလုံး ရာသီ တစ်ခု ရဲ့ နောက်ဆုံး ပွဲစဉ် ကစားခဲ့ရ သလိုမျိုး ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော်တို့တွေက ပွဲစဉ်ကို ဦးဆောင်ခွင့် ရရှိကြတဲ့ အချိန်တွေမှာ အခုထက် ပိုပြီး ကောင်းမွန်စွာ ကစား နိုင်အောင် ကြိုးစားဖို့ သင်ယူ ရပါ ဦးမယ်”

“အက်စတွန် ဗီလာ က အသင်းကောင်း ဆိုတာ ကျွန်တော်တို့ သိပါတယ် ။ သူတို့ အသင်းမှာ အရည်အသွေး ကောင်းတွေ ရှိနေပြီး အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ကြ ပါတယ်။ ကျွန်တော် တို့လည်း ကစားပုံ ကောင်းမွန်ခဲ့ကြပြီး အခွင့်အရေး တွေဖန်တီးနိုင်ဖို့ကြိုးစားခဲ့ကြ ပါတယ် ။ ဒါပေမယ့် သွင်းဂိုး ကတော့ နည်းပါး ခဲ့ကြ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ အရေး အကြီးဆုံး ကတော့ အနိုင် သုံးမှတ် ပါပဲ ”

“ပယ်နတီကနေ အနိုင်ဂိုးရလဒ်ကိုဖန်တီးရမယ်လို့ကျွန် တော်ခံစားမိပါတယ်။ ဒါပေမယ်လို့ဂိုးသွင်းရတာဟာအင် မတန်မှ အရေးပါမှုတွေရှိပါတယ်။ ပွဲကို ဘယ်လိုပုံစံနဲ့နိုင်ဖို့က အရေး မကြီးပါဘူး။ ဒါနဲ့အချိန်မရွေး ပယ်နတီကန်တော့မယ်ဆိုရင်ကျွန်တော့်ဆီမှာယုံကြည်မှုတွေရှိပါတယ်။ ” ဆိုပြီး ဖာနန်ဒက်စ်က ပြောပါတယ်။

ကွင်းလယ်လူဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ပထမဆုံးပရီးမီးယားလိဂ် ပွဲ(၃၀) ကစားပြီး နောက် သွင်းဂိုး (၃၃) ဂိုးအထိ ဂိုးပါဝင်ပတ်သတ်မှုရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ အသင်းသမိုင်းမှာ ပွဲ(၃၀) ကစားပြီးချိန်မှာ ဂိုးပါဝင်ပတ်သတ်မှု (၃၇) ဂိုးရှိတဲ့ တိုက်စစ်မှူး အင်ဒီကိုးလ်းနောက်မှာ ဂိုးပါဝင်ပတ်သတ်မှု ဒုတိယအများဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးလ္ကို ယူႏိုက္တက္ ယွဥ္ႏိုင္၊ မယွဥ္ႏိုင္ ဖာနန္ဒက္စ္ရဲ႕ အျမင္

ယူႏိုက္တက္ကေတာ့ ဗီလာကို ႏိုင္ပြဲအၿပီး ၊ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၀ ပြဲဆက္ ရႉံးပြဲမရွိတဲ့မွတ္တမ္းနဲ႔ အတူ အမွတ္ေပးဇယား ထိပ္ဆုံးက လီဗာပူးနဲ႔ ရမွတ္တူ အေနအထားကို ေရာက္ရွိခဲ့ပါၿပီ။ယူႏိုက္တက္ရဲ႕ လက္ရွိအေနအထား၊ ဗီလာႏိုင္ပြဲနဲ႔ ပတ္သက္တဲ့ အေျခအေနေတြကို ဖာနန္ဒက္စ္က အခုလိုပဲ ေျပာဆိုထားပါတယ္။ “ကြၽန္ေတာ္တို႔ ခုခ်ိန္မွာေတာ့ လီဗာပူးနဲ႔ ပုခုံးခ်င္းယွဥ္ႏိုင္ေနပါၿပီ။”

“ဒါေပမယ့္ ပရီးမီးယားလိဂ္ အဆုံးသတ္ဖို႔က အေဝးႀကီး က်န္ေနေသးတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ဆက္သြားရပါအုံးမယ္။ ကြၽန္ေတာ္တို႔ ဆက္လက္ အလုပ္ႀကိဳးစားသြားမွာ ျဖစ္ၿပီး ႏိုင္ပြဲေတြကို ထိန္းသိမ္းသြားရမွာပါ။ အခုပြဲနဲ႔ ပတ္သက္ၿပီး ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္က ပြဲခ်ိန္ ေနာက္ဆုံး 10 မိနစ္ကို ေကာင္းမြန္စြာ ေပ်ာ္႐ႊင္ ခံစား ႏိုင္တာမ်ိဳးမရွိခဲ့ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြၽန္ေတာ္တို႔ ေတြဟာ ပြဲစဥ္ကို ပိုေကာင္းတဲ့ နည္းလမ္း နဲ႔ ေစာစီးစြာ ျဖတ္လိုက္ ႏိုင္ခြင့္ ရွိခဲ့ၾကတယ္လို႔ ကြၽန္ေတာ္ေတြ႕ျမင္ခဲ့ရလို႔ပါပဲ။ ဒါက ေဘာလုံး ရာသီ တစ္ခု ရဲ႕ ေနာက္ဆုံး ပြဲစဥ္ ကစားခဲ့ရ သလိုမ်ိဳး ျဖစ္ခဲ့ရ ပါတယ္ ။ ကြၽန္ေတာ္တို႔ေတြက ပြဲစဥ္ကို ဦးေဆာင္ခြင့္ ရရွိၾကတဲ့ အခ်ိန္ေတြမွာ အခုထက္ ပိုၿပီး ေကာင္းမြန္စြာ ကစား ႏိုင္ေအာင္ ႀကိဳးစားဖို႔ သင္ယူ ရပါ ဦးမယ္”

“အက္စတြန္ ဗီလာ က အသင္းေကာင္း ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္ ။ သူတို႔ အသင္းမွာ အရည္အေသြး ေကာင္းေတြ ရွိေနၿပီး အမွတ္ေပး ဖလား ၿပိဳင္ပြဲမွာ ကစားပုံ ေကာင္းမြန္ခဲ့ၾက ပါတယ္။ ကြၽန္ေတာ္ တို႔လည္း ကစားပုံ ေကာင္းမြန္ခဲ့ၾကၿပီး အခြင့္အေရး ေတြဖန္တီးႏိုင္ဖို႔ႀကိဳးစားခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ သြင္းဂိုး ကေတာ့ နည္းပါး ခဲ့ၾက ပါတယ္ ။ ဘယ္လိုပဲ ျဖစ္ေန ပါေစ ၊ အေရး အႀကီးဆုံး ကေတာ့ အႏိုင္ သုံးမွတ္ ပါပဲ။ ပယ္နတီကေန အႏိုင္ဂိုးရလဒ္ကိုဖန္တီးရမယ္လို႔ကြၽန္ ေတာ္ခံစားမိပါတယ္။ ဒါေပမယ္လို႔ဂိုးသြင္းရတာဟာအင္ မတန္မွ အေရးပါမႈေတြရွိပါတယ္။ ပြဲကို ဘယ္လိုပုံစံနဲ႔ႏိုင္ဖို႔က အေရး မႀကီးပါဘူး။ ဒါနဲ႔အခ်ိန္မေ႐ြး ပယ္နတီကန္ေတာ့မယ္ဆိုရင္ကြၽန္ေတာ့္ဆီမွာယုံၾကည္မႈေတြရွိပါတယ္။ ” ဆိုၿပီး ဖာနန္ဒက္စ္က ေျပာပါတယ္။

ကြင္းလယ္လူဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းရဲ႕ပထမဆုံးပရီးမီးယားလိဂ္ ပြဲ(၃၀) ကစားၿပီး ေနာက္ သြင္းဂိုး (၃၃) ဂိုးအထိ ဂိုးပါဝင္ပတ္သတ္မႈရွိခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ အသင္းသမိုင္းမွာ ပြဲ(၃၀) ကစားၿပီးခ်ိန္မွာ ဂိုးပါဝင္ပတ္သတ္မႈ (၃၇) ဂိုးရွိတဲ့ တိုက္စစ္မႉး အင္ဒီကိုးလ္းေနာက္မွာ ဂိုးပါဝင္ပတ္သတ္မႈ ဒုတိယအမ်ားဆုံး ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။