လီဗာပူးလ်နဲ့ မန်စီးတီးကို ဂိုးသွင်းရတဲ့ ခံစားချက်က ရေလည်မိုက်တယ်- ရက်ရှ်ဖို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှူးတွေအတွက် ဂိုးသွင်းရတာက တကယ့်ပျော်စရာပါ။ ဒါပေမယ့် ယှဉ်ပြိုင်ရတဲ့ အသင်း၊ ပွဲအနေအထားနဲ့ တခြားအခြေအနေတွေပေါ်မူတည်ပြီး ဂိုးသွင်းရတဲ့ ခံစားချက်ကွာနိုင်ပါတယ်။ ခြေစွမ်းမရှိတဲ့ အသင်းကို တဒိုင်းဒိုင်း ဂိုးသွင်းရတာထက် ဆောင့်ကြွားကြွားဖြစ်နေတဲ့ အသင်းကို တစ်ချက်ကောင်း အပီသိပ်ရတဲ့ ဖလင်က ပိုကောင်းနိုင်ပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို‌ဒ့် ကတော့ လီဗာပူးလ် နဲ့ မန်စီးတီး အသင်းတွေဘက်ကို ဂိုးသွင်းတာထက် ပိုကောင်းတဲ့ ပွဲဆိုတာမရှိတော့ဘူးလို့ ပြောဆိုထားပါတယ်။

ယူနိုက်တက် ဟာ မကြာမီမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။အဲ ဒီပွဲမတိုင်ခင် ရက်ရှ်ဖို့က အခုလိုပြောတာကြောင့် ပွဲရဲ့အရှိန်ကို ဓါတ်ဆီထပ်လောင်းလိုက်သလိုပါပဲ။ လက်ရှိမှာ ယူနိုက်တက်အသင်းက လီဗာပူးလ်ကို ၃ မှတ်အသာစီးရယူထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်နဲ့ မန်စီးတီးအသင်းကို ဂိုးသွင်းရတာထက် ပိုပြီးကောင်းတဲ့ပွဲဆိုတာ မရှိပါဘူး၊ ခံစားချက်ကောင်းပါတယ်။ မန်ချက်စတာက ကလေးတစ်ယောက်အတွက်တော့ ဘယ်အရာကမှ သာယာတယ်ဆိုတာတော့မရှိပါဘူး။ မကြာမီကန်ရမယ့်ပွဲမျိုးက ကျွန်တော် အတိအကျစောင့်ဆိုင်းနေတဲ့ ပွဲမျိုးပါပဲ။ ယူနိုက်တက်အနိုင်ရမယ်လို့လည်း မျှော်လင့်ထားပါတယ်”

“တကယ်လို့ အမှတ်ပေးဇယားမှာ အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ နဲ့ ပြီးဆုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်မှာမဟုတ်ပါဘူး။ အဲဒီလိုပြီးဆုံးသွားဖို့အတွက် ရာသီအစကတည်းက ကျွန်တော်တို့ကြိုးစားခဲ့တာမဟုတ်ပါဘူး။ အခုထက်ပိုပြီးကောင်းနိုင်သမျှကောင်းအောင် ကျွန်တော်တို့ဆက်လက်ကြိုးစားရမှာပါ” လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးလ်အသင်းနဲ့ စုစုပေါင်း ၈ ပွဲအထိ ရင်ဆိုင်ထားခဲ့ဖူးပြီး ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရလဒ်အပိုင်းမှာတော့ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးကာ ငါးပွဲသရေကျထားခဲ့ပြီး အဝါကတ်သုံးကြိမ်အထိ ပြသခံထားရပါတယ်။ အသက်(၂၃)နှစ်အရွယ်ကစားသမား ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် (၂၈)ပွဲကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့ ဟာပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ပြီးတဲ့အခါမှာတော့ အက်ဖ်အေဖလား ပွဲစဉ်ကိုထပ်မံကစားကြရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးလ္နဲ႔ မန္စီးတီးကို ဂိုးသြင္းရတဲ့ ခံစားခ်က္က ေရလည္မိုက္တယ္- ရက္ရွ္ဖို႔

တိုက္စစ္မႉးေတြအတြက္ ဂိုးသြင္းရတာက တကယ့္ေပ်ာ္စရာပါ။ ဒါေပမယ့္ ယွဥ္ၿပိဳင္ရတဲ့ အသင္း၊ ပြဲအေနအထားနဲ႔ တျခားအေျခအေနေတြေပၚမူတည္ၿပီး ဂိုးသြင္းရတဲ့ ခံစားခ်က္ကြာႏိုင္ပါတယ္။ ေျခစြမ္းမရွိတဲ့ အသင္းကို တဒိုင္းဒိုင္း ဂိုးသြင္းရတာထက္ ေဆာင့္ႂကြားႂကြားျဖစ္ေနတဲ့ အသင္းကို တစ္ခ်က္ေကာင္း အပီသိပ္ရတဲ့ ဖလင္က ပိုေကာင္းႏိုင္ပါတယ္။ ယူႏိုက္တက္ တိုက္စစ္မႉး ရက္ရွ္ဖို‌ဒ့္ ကေတာ့ လီဗာပူးလ္ နဲ႔ မန္စီးတီး အသင္းေတြဘက္ကို ဂိုးသြင္းတာထက္ ပိုေကာင္းတဲ့ ပြဲဆိုတာမရွိေတာ့ဘူးလို႔ ေျပာဆိုထားပါတယ္။ ယူႏိုက္တက္ ဟာ မၾကာမီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူးလ္ အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။အဲ ဒီပြဲမတိုင္ခင္ ရက္ရွ္ဖို႔က အခုလိုေျပာတာေၾကာင့္ ပြဲရဲ႕အရွိန္ကို ဓါတ္ဆီထပ္ေလာင္းလိုက္သလိုပါပဲ။ လက္ရွိမွာ ယူႏိုက္တက္အသင္းက လီဗာပူးလ္ကို ၃ မွတ္အသာစီးရယူထားၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းကို ဂိုးသြင္းရတာထက္ ပိုၿပီးေကာင္းတဲ့ပြဲဆိုတာ မရွိပါဘူး၊ ခံစားခ်က္ေကာင္းပါတယ္။ မန္ခ်က္စတာက ကေလးတစ္ေယာက္အတြက္ေတာ့ ဘယ္အရာကမွ သာယာတယ္ဆိုတာေတာ့မရွိပါဘူး။ မၾကာမီကန္ရမယ့္ပြဲမ်ိဳးက ကြၽန္ေတာ္ အတိအက်ေစာင့္ဆိုင္းေနတဲ့ ပြဲမ်ိဳးပါပဲ။ ယူႏိုက္တက္အႏိုင္ရမယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္” “တကယ္လို႔ အမွတ္ေပးဇယားမွာ အဆင့္ ၂ ဒါမွမဟုတ္ အဆင့္ ၃ နဲ႔ ၿပီးဆုံးခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ေကာင္းမြန္တဲ့ရာသီတစ္ခုျဖစ္မွာမဟုတ္ပါဘူး။ အဲဒီလိုၿပီးဆုံးသြားဖို႔အတြက္ ရာသီအစကတည္းက ကြၽန္ေတာ္တို႔ႀကိဳးစားခဲ့တာမဟုတ္ပါဘူး။ အခုထက္ပိုၿပီးေကာင္းႏိုင္သမွ်ေကာင္းေအာင္ ကြၽန္ေတာ္တို႔ဆက္လက္ႀကိဳးစားရမွာပါ” လို႔ ရက္ရွ္ဖို႔ဒ္က ေျပာဆိုပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ လီဗာပူးလ္အသင္းနဲ႔ စုစုေပါင္း ၈ ပြဲအထိ ရင္ဆိုင္ထားခဲ့ဖူးၿပီး ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ပါတယ္။ ရလဒ္အပိုင္းမွာေတာ့ တစ္ပြဲႏိုင္၊ ႏွစ္ပြဲရႈံးကာ ငါးပြဲသေရက်ထားခဲ့ၿပီး အဝါကတ္သုံးႀကိမ္အထိ ျပသခံထားရပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္ကစားသမား ဟာ ဒီရာသီမွာ ယူႏိုက္တက္ အသင္းအတြက္ (၂၈)ပြဲကစားထားၿပီး (၁၄)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ယူႏိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းတို႔ ဟာပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ၿပီးတဲ့အခါမွာေတာ့ အက္ဖ္ေအဖလား ပြဲစဥ္ကိုထပ္မံကစားၾကရမွာျဖစ္ပါတယ္။