လီဗာပူးအစွန်းရောက် ပရိသတ်တွေရဲ့ ခြိမ်းခြောက်စာတွေကြောင့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် သက်တော်စောင့်အဖွဲ့ ငှားရမ်းထားရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ဖျက်ထုတ်မှုကြောင့် အဲဗာ တန်ဂိုးသမားပစ်ဖို့ဒ်တစ်ယောက် အခုချိန်မှာတော့ အသက်အန္တရာယ် ခြိမ်းခြောက် ခံရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဗန်ဒိုက်ဟာ ပစ်ဖို့ဒ်ရဲ့ဖျက်ထုတ်မှုကြောင့် ဒူး အရွတ်ကြောပြတ်သွားတဲ့ဒဏ်ရာရသွားပြီး အနည်းဆုံး ၇ လခန့် အနားယူရဖို့ရှိ တာကြောင့် လီဗာပူးအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်း ဖြစ်ခဲ့တာပါ။

ဒီဒဏ်ရာမျိုးက ဘောလုံးသမားတွေအတွက် အတော်လေးဆိုးရွားတဲ့ဒဏ်ရာဖြစ် တာကြောင့် ပြန်ကောင်းလာခဲ့ရင်တောင် အရင်လိုမျိုး ကြံ့ခိုင်မှုအပြည့်နဲ့ အကောင်းဆုံးကစားနိုင်ဖို့ မသေချာတဲ့အနေအထားမှာ ရှိနေပါတယ်။

ဒါကြောင့် လည်း အခုချိန်မှာ လီဗာပူးပရိသတ်အချို့က အတော်လေးပေါက်ကွဲနေကြပြီး ပစ် ဖို့ဒ်ကို ဆိုရှယ်မီဒီယာအပေါ်ကနေ ခြိမ်းခြောက်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။

သူတင်မဟုတ်ဘဲ သူ့ရဲ့မိသားစုအတွက်ပါ စိုးရိမ်ရတာကြောင့် အခုချိန်မှာ ပစ် ဖို့ဒ်က လုံခြုံရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်တော်စောင့်တွေ ငှားရမ်း ခေါ်ယူထားတယ်လို့ သိရပါတယ်။

ပစ်ဖို့ဒ်အတွက်အပြင် မိသားစုဝင်တွေအတွက် လည်း အခုလိုမျိုး သက်တော်စောင့်တွေခေါ်ယူထားတာကြောင့် လီဗာပူးပရိသတ် တွေရဲ့ ခြိမ်းခြောက်မှုကို ပစ်ဖို့ဒ်တစ်ယောက် ဘယ်လောက်အလေးထားလဲဆိုတာ သိသာပါတယ်။

ဘောလုံးသမားတွေအနေနဲ့ သက်တော်စောင့်ကိုယ်ရံတော်တွေ ငှားရမ်းတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စရပ်မျိုးဖြစ်ပေမယ့် ပစ်ဖို့ဒ်အတွက်ကတော့ ဒီလိုပြဿနာမျိုး တစ်ခါမှမကြုံတွေ့ခဲ့ဖူးတာကြောင့် အခြေအနေကို ကာယကံရှင် က အတော်လေးစိုးရိမ်နေတယ်လို့လည်း ပစ်ဖို့ဒ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြော ကြားထားတာ သိရပါတယ်။

လီဗာပူးအသင်းရဲ့ အစွန်းရောက်ပရိသတ်တွေဟာ ပစ်ဖို့ဒ်ရဲ့မိသားစုဝင်တွေဆီကို ခြိမ်းခြောက်စာတွေ အဆက်မပြတ်ပေးပို့တာမျိုး တွေရှိတဲ့အတွက် လီဗာပူးမြို့ ရဲတပ်ဖွဲ့ဆီမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ခွန်အားသုံးပြီး အင်တိုက်အားတိုက်ကစားရတဲ့ ဘောလုံးပွဲတွေမှာ ပြိုင်ဆိုင် မှုပြင်းထန်တဲ့အချိန်မျိုးမှာ မတော်တဆဖျက်ထုတ်မှုတွေရှိနေတတ်ပြီး ဒါဘီပွဲလို မျိုးပွဲစဉ်မျိုးတွေမှာ ပွဲရဲ့အရှိန်က ပိုတက်လေ့ရှိတာကြောင့် ဗန်ဒိုက်အပေါ် ပစ်ဖို့ဒ် ရဲ့ဖျက်ထုတ်မှုက ဘောလုံးလောကအနေနဲ့ကြည့်ရင် အပြစ်တင်လို့တော့ မရပါ ဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးအစြန္းေရာက္ ပရိသတ္ေတြရဲ႕ ၿခိမ္းေျခာက္စာေတြေၾကာင့္ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ သက္ေတာ္ေစာင့္အဖြဲ႕ ငွားရမ္းထားရ

မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ကို ဖ်က္ထုတ္မႈေၾကာင့္ အဲဗာ တန္ဂိုးသမားပစ္ဖို႔ဒ္တစ္ေယာက္ အခုခ်ိန္မွာေတာ့ အသက္အႏၱရာယ္ ၿခိမ္းေျခာက္ ခံရမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဗန္ဒိုက္ဟာ ပစ္ဖို႔ဒ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ဒူး အရြတ္ေၾကာျပတ္သြားတဲ့ဒဏ္ရာရသြားၿပီး အနည္းဆံုး ၇ လခန္႔ အနားယူရဖို႔ရွိ တာေၾကာင့္ လီဗာပူးအသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္လည္း ျဖစ္ခဲ့တာပါ။

ဒီဒဏ္ရာမ်ဳိးက ေဘာလံုးသမားေတြအတြက္ အေတာ္ေလးဆိုးရြားတဲ့ဒဏ္ရာျဖစ္ တာေၾကာင့္ ျပန္ေကာင္းလာခဲ့ရင္ေတာင္ အရင္လိုမ်ဳိး ႀကံ့ခိုင္မႈအျပည့္နဲ႔ အေကာင္းဆံုးကစားႏိုင္ဖို႔ မေသခ်ာတဲ့အေနအထားမွာ ရွိေနပါတယ္။

ဒါေၾကာင့္ လည္း အခုခ်ိန္မွာ လီဗာပူးပရိသတ္အခ်ဳိ႕က အေတာ္ေလးေပါက္ကြဲေနၾကၿပီး ပစ္ ဖို႔ဒ္ကို ဆိုရွယ္မီဒီယာအေပၚကေန ၿခိမ္းေျခာက္မႈေတြျပဳလုပ္လာတာျဖစ္ပါတယ္။

သူတင္မဟုတ္ဘဲ သူ႕ရဲ႕မိသားစုအတြက္ပါ စိုးရိမ္ရတာေၾကာင့္ အခုခ်ိန္မွာ ပစ္ ဖို႔ဒ္က လံုၿခံဳေရးကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သက္ေတာ္ေစာင့္ေတြ ငွားရမ္း ေခၚယူထားတယ္လို႔ သိရပါတယ္။

ပစ္ဖို႔ဒ္အတြက္အျပင္ မိသားစု၀င္ေတြအတြက္ လည္း အခုလိုမ်ဳိး သက္ေတာ္ေစာင့္ေတြေခၚယူထားတာေၾကာင့္ လီဗာပူးပရိသတ္ ေတြရဲ႕ ၿခိမ္းေျခာက္မႈကို ပစ္ဖို႔ဒ္တစ္ေယာက္ ဘယ္ေလာက္အေလးထားလဲဆိုတာ သိသာပါတယ္။

ေဘာလံုးသမားေတြအေနနဲ႔ သက္ေတာ္ေစာင့္ကိုယ္ရံေတာ္ေတြ ငွားရမ္းတာဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ကိစၥရပ္မ်ဳိးျဖစ္ေပမယ့္ ပစ္ဖို႔ဒ္အတြက္ကေတာ့ ဒီလိုျပႆနာမ်ဳိး တစ္ခါမွမႀကံဳေတြ႕ခဲ့ဖူးတာေၾကာင့္ အေျခအေနကို ကာယကံရွင္ က အေတာ္ေလးစိုးရိမ္ေနတယ္လို႔လည္း ပစ္ဖို႔ဒ္နဲ႔နီးစပ္တဲ့အသိုင္းအ၀ိုင္းက ေျပာ ၾကားထားတာ သိရပါတယ္။

လီဗာပူးအသင္းရဲ႕ အစြန္းေရာက္ပရိသတ္ေတြဟာ ပစ္ဖို႔ဒ္ရဲ႕မိသားစု၀င္ေတြဆီကို ၿခိမ္းေျခာက္စာေတြ အဆက္မျပတ္ေပးပို႔တာမ်ဳိး ေတြရွိတဲ့အတြက္ လီဗာပူးၿမိဳ႕ ရဲတပ္ဖြဲ႕ဆီမွာ အမႈဖြင့္ထားတယ္လုိ႔လည္း သိရပါတယ္။

ခြန္အားသံုးၿပီး အင္တိုက္အားတိုက္ကစားရတဲ့ ေဘာလံုးပြဲေတြမွာ ၿပိဳင္ဆိုင္ မႈျပင္းထန္တဲ့အခ်ိန္မ်ဳိးမွာ မေတာ္တဆဖ်က္ထုတ္မႈေတြရွိေနတတ္ၿပီး ဒါဘီပြဲလို မ်ဳိးပြဲစဥ္မ်ဳိးေတြမွာ ပြဲရဲ႕အရွိန္က ပိုတက္ေလ့ရွိတာေၾကာင့္ ဗန္ဒိုက္အေပၚ ပစ္ဖို႔ဒ္ ရဲ႕ဖ်က္ထုတ္မႈက ေဘာလံုးေလာကအေနနဲ႔ၾကည့္ရင္ အျပစ္တင္လို႔ေတာ့ မရပါ ဘူး။