လီဗာပူးအတွက် အသင့်သုံးတွေကို ငွေအများကြီးမပေးရဘဲ အရခေါ်ပြပြီး ဆရာကျတဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ခေတ် ဘောလုံးလောကမှာ ကစားသမားအပြောင်းအရွှေ့ အရောင်းအဝယ်ကိစ္စ တွေကို အဓိကလုပ်ကိုင်ရတဲ့ အားကစားဒါရိုက်တာတစ်ယောက်ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ နည်းပြတွေ အသင်းနဲ့ ကြာရှည်မရှိတတ်ကြပေမယ့် အားကစား ဒါရိုက်တွေကတော့ နည်းပြပြောင်းသွားရင်တောင် အသင်းအတွက် ဆက်အလုပ်လုပ် နေဆဲပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူအသင်းရဲ့ကစားသမားခေါ်ယူမှုတွေ ခက်ခဲနေတာ နဲ့ပတ်သက်ပြီး ဆီဗီလာအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ဂုရုဖြစ်တဲ့ မွန်ချီက မန် ယူလိုအသင်းမျိုးမှာ အားကစားဒါရိုက်တာမရှိတာဟာ ယုံတောင်မယုံနိုင်ဘူးလို့ ပြောခဲ့ဖူး ပါတယ်။

ဝုဒ်ဝက်ဒ်က ဒုဥက္ကဋ္ဌဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စတွေထက် ဘောလုံးစီးပွား ရေးကို ပိုကျွမ်းကျင်တဲ့သူပါ။ အားကစားဒါရိုက်တာတစ်ယောက်ဟာ ဘောလုံးသမား ဟောင်းတစ်ဦးဖြစ်ခဲ့ရင် ပိုကောင်းမှာဖြစ်ပေမယ့် သူ့ရဲ့အဓိကတာဝန်ကတော့ အ သင်းရဲ့လက်ရှိနည်းပြအတွက် အသုံးတည့်အောင်နဲ့ အသင်းအတွက် အကျိုးပြုနိုင်မယ့် ကစားသမားတွေကို ခေါ်ယူရတာဖြစ်ပြီး ပြန်ရောင်းချခဲ့ရင် မရှုံးအောင် အဓိကပစ်မှတ် ထားတာပါ။ ဒါ့အပြင် အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမားမျိုးကို ဈေးနှိမ်မခံ ရဘဲ ရောင်းထုတ်နိုင်အောင်လည်း စီစဉ်ရပါတယ်။

အသင်း တစ်သင်းနဲ့တစ်သင်း အားကစားဒါရိုက်တာတွေရဲ့ လစာနဲ့ လုပ်ပိုင်ခွင့်တွေ မတူညီနိုင်ပါဘူး။ စပါးအသင်းမှာဆိုရင် လီဗိုင်း ဟာ ထရီဗာ ဘရ် ကို အားကစားဒါရိုက်တာခန့်အပ်ထားပေမယ့် ကစားသမားအပြောင်းအရွှေ့မှာသူ့ရဲ့ပါဝင်ပတ်သတ်မှုက အရမ်းကြီးမားကျယ်ပြန့်ပါတယ်။ လီဗာပူးအသင်း ပြီးခဲ့တဲ့ရာသီက အကြီးအကျယ်အောင် မြင်မှုရခဲ့တဲ့နေရာမှာ သတိပြုမိလာတဲ့သူရှိပါတယ်

သူကတော့ လီဗာပူးရဲ့အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်ပါပဲ။ သူဟာ ဒီရာထူးကို ၂၀၁၆ ခုနှစ်မှ ရောက်ရှိလာတာဖြစ်ပေမယ့် နည်းပြဂျာဂင်ကလော့ပ်အတွက် အကျိုးရှိမယ့် ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ကစားသမားရောင်းချ တဲ့ စကေးကလည်း အပျံစားပါပဲ။ ပရီးမီးယားလိဂ်မှာ တစ်ဂိုးပဲရတဲ့ ဆိုလန်ကီကို ပေါင် သန်း ၂၀ နဲ့ ရောင်းချခဲ့သလို တစ်ဂိုးမှမရခဲ့တဲ့ ဘရူးစတားကိုလည်း ပေါင် ၂၃ သန်း ဝန်း ကျင်နဲ့ ရောင်းထုတ်နိုင်ခဲ့ပါတယ်။

အားလုံးအံ့အားသင့်သွားခဲ့တဲ့ ရောင်းထုတ်မှုကတော့ ကော်တင်ဟိုအတွက် ပေါင် ၁၄၅ သန်းရယူပြနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေး ကွက်မှာဆိုရင်လည်း သူဟာ ဂျိုတာ၊ အယ်ကန်တာရာနဲ့ ဆီမီတာတို့ကိုခေါ်ယူခဲ့ပြီး အ သင်းကနေထုတ်လိုက်တဲ့ ကစားသမား ၁၂ ယောက် ရှိပါတယ်။ ခေါ်ယူလိုက်တဲ့ ၃ ယောက်ဟာ အသင့်သုံးနိုင်တဲ့ကစားသမားတွေဖြစ်ပြီး ထုတ်ရောင်းခဲ့တဲ့ ၁၂ ယောက်က တော့ လီဗာပူးရဲ့အနာဂတ်မှာမပါဝင်တဲ့သူတွေပါ။

ချီးကျူးရမှာက အယ်ကန်တာရာကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့ပြီး ကနဦးပေးချေမှုက ပေါင် ၅ သန်းသာရှိပြီး ဂျိုတာအတွက် ကလည်း ပေါင် ၄၁ သန်းအထိပေးရမှာဖြစ်ပေမယ့် လက်ငင်းပေးချေရမှာက ပေါင် ၉ သန်းဝန်းကျင်ပဲ ရှိပါတယ်။ သူဟာ လက်ရှိမှာတော့ လီဗာပူးမှာ လူသိပ်မသိသေးတဲ့ နောက်ကွယ်က ဈေးကွက်ဂုရုတစ်ဦးပါပဲ။

အခုဆိုရင် အက်ဝပ်ဒ်ဟာ ဒဏ်ရာကြောင့်ကာလရှည်အနားယူရတော့မယ့် ဗန်ဒိုက်စ်နေရာမှာအစားထိုးဖို့အတွက် အက်သလက်တီကိုက အသက် ၂၀ သာရှိသေးတဲ့ ခံစစ်ကစားသမား ဂျူအန်မန်နူရယ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ၂၀၁၈က ဥရုဂွေးကလပ် နာစီယွန်နယ်မှာ ကစားနေတဲ့ ဂျူအန်ဟာ တီကိုကိုမရောက်ခင် လီဗာပူး လူငယ်အသင်းမှာ လေ့ကျင့်ခန်းလာဆင်းဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် တီကို အသင်းကို ရွေးချယ်သွားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးအတြက္ အသင့္သံုးေတြကို ေငြအမ်ားႀကီးမေပးရဘဲ အရေခၚျပၿပီး ဆရာက်တဲ့ အားကစားဒါရိုက္တာ မုိက္ကယ္အက္ဒ္၀ပ္

ဒီေန႔ေခတ္ ေဘာလံုးေလာကမွာ ကစားသမားအေျပာင္းအေရႊ႕ အေရာင္းအ၀ယ္ကိစၥ ေတြကို အဓိကလုပ္ကိုင္ရတဲ့ အားကစားဒါရိုက္တာတစ္ေယာက္ရဲ႕ အခန္းက႑က ပိုၿပီး အေရးပါလာပါတယ္။ နည္းျပေတြ အသင္းနဲ႔ ၾကာရွည္မရွိတတ္ၾကေပမယ့္ အားကစား ဒါရိုက္ေတြကေတာ့ နည္းျပေျပာင္းသြားရင္ေတာင္ အသင္းအတြက္ ဆက္အလုပ္လုပ္ ေနဆဲပါပဲ။ ၿပီးခဲ့တဲ့ရက္ပိုင္းက မန္ယူအသင္းရဲ႕ကစားသမားေခၚယူမႈေတြ ခက္ခဲေနတာ နဲ႔ပတ္သက္ၿပီး ဆီဗီလာအသင္းရဲ႕ ကစားသမားအေျပာင္းအေရႊ႕ဂုရုျဖစ္တဲ့ မြန္ခ်ီက မန္ ယူလိုအသင္းမ်ဳိးမွာ အားကစားဒါရိုက္တာမရွိတာဟာ ယံုေတာင္မယံုႏိုင္ဘူးလို႔ ေျပာခဲ့ဖူး ပါတယ္။

၀ုဒ္၀က္ဒ္က ဒုဥကၠ႒ျဖစ္ၿပီး အေျပာင္းအေရႊ႕ကိစၥေတြထက္ ေဘာလံုးစီးပြား ေရးကို ပိုကၽြမ္းက်င္တဲ့သူပါ။ အားကစားဒါရိုက္တာတစ္ေယာက္ဟာ ေဘာလံုးသမား ေဟာင္းတစ္ဦးျဖစ္ခဲ့ရင္ ပိုေကာင္းမွာျဖစ္ေပမယ့္ သူ႕ရဲ႕အဓိကတာ၀န္ကေတာ့ အ သင္းရဲ႕လက္ရွိနည္းျပအတြက္ အသံုးတည့္ေအာင္နဲ႔ အသင္းအတြက္ အက်ဳိးျပဳႏိုင္မယ့္ ကစားသမားေတြကို ေခၚယူရတာျဖစ္ၿပီး ျပန္ေရာင္းခ်ခဲ့ရင္ မရႈံးေအာင္ အဓိကပစ္မွတ္ ထားတာပါ။ ဒါ့အျပင္ အသင္းအတြက္ မလိုအပ္ေတာ့တဲ့ ကစားသမားမ်ဳိးကို ေစ်းႏွိမ္မခံ ရဘဲ ေရာင္းထုတ္ႏုိင္ေအာင္လည္း စီစဥ္ရပါတယ္။

အသင္း တစ္သင္းနဲ႔တစ္သင္း အားကစားဒါရိုက္တာေတြရဲ႕ လစာနဲ႔ လုပ္ပိုင္ခြင့္ေတြ မတူညီႏိုင္ပါဘူး။ စပါးအသင္းမွာဆုိရင္ လီဗိုင္း ဟာ ထရီဗာ ဘရ္ ကို အားကစားဒါရိုက္တာခန္႔အပ္ထားေပမယ့္ ကစားသမားအေျပာင္းအေရႊ႕မွာသူ႕ရဲ႕ပါဝင္ပတ္သတ္မႈက အရမ္းႀကီးမားက်ယ္ျပန္႔ပါတယ္။ လီဗာပူးအသင္း ၿပီးခဲ့တဲ့ရာသီက အႀကီးအက်ယ္ေအာင္ ျမင္မႈရခဲ့တဲ့ေနရာမွာ သတိျပဳမိလာတဲ့သူရွိပါတယ္

သူကေတာ့ လီဗာပူးရဲ႕အားကစားဒါရိုက္တာ မိုက္ကယ္အက္ဒ္၀ပ္ပါပဲ။ သူဟာ ဒီရာထူးကို ၂၀၁၆ ခုႏွစ္မွ ေရာက္ရွိလာတာျဖစ္ေပမယ့္ နည္းျပဂ်ာဂင္ကေလာ့ပ္အတြက္ အက်ဳိးရွိမယ့္ ကစားသမားေခၚယူမႈေတြကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ကစားသမားေရာင္းခ် တဲ့ စေကးကလည္း အပ်ံစားပါပဲ။ ပရီးမီးယားလိဂ္မွာ တစ္ဂိုးပဲရတဲ့ ဆိုလန္ကီကို ေပါင္ သန္း ၂၀ နဲ႔ ေရာင္းခ်ခဲ့သလို တစ္ဂိုးမွမရခဲ့တဲ့ ဘရူးစတားကိုလည္း ေပါင္ ၂၃ သန္း ၀န္း က်င္နဲ႔ ေရာင္းထုတ္ႏိုင္ခဲ့ပါတယ္။

အားလံုးအံ့အားသင့္သြားခဲ့တဲ့ ေရာင္းထုတ္မႈကေတာ့ ေကာ္တင္ဟိုအတြက္ ေပါင္ ၁၄၅ သန္းရယူျပႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ေစ်း ကြက္မွာဆိုရင္လည္း သူဟာ ဂ်ဳိတာ၊ အယ္ကန္တာရာနဲ႔ ဆီမီတာတို႔ကိုေခၚယူခဲ့ၿပီး အ သင္းကေနထုတ္လုိက္တဲ့ ကစားသမား ၁၂ ေယာက္ ရွိပါတယ္။ ေခၚယူလိုက္တဲ့ ၃ ေယာက္ဟာ အသင့္သံုးႏိုင္တဲ့ကစားသမားေတြျဖစ္ၿပီး ထုတ္ေရာင္းခဲ့တဲ့ ၁၂ ေယာက္က ေတာ့ လီဗာပူးရဲ႕အနာဂတ္မွာမပါ၀င္တဲ့သူေတြပါ။

ခ်ီးက်ဴးရမွာက အယ္ကန္တာရာကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူခဲ့ၿပီး ကနဦးေပးေခ်မႈက ေပါင္ ၅ သန္းသာရွိၿပီး ဂ်ဳိတာအတြက္ ကလည္း ေပါင္ ၄၁ သန္းအထိေပးရမွာျဖစ္ေပမယ့္ လက္ငင္းေပးေခ်ရမွာက ေပါင္ ၉ သန္း၀န္းက်င္ပဲ ရွိပါတယ္။ သူဟာ လက္ရွိမွာေတာ့ လီဗာပူးမွာ လူသိပ္မသိေသးတဲ့ ေနာက္ကြယ္က ေစ်းကြက္ဂုရုတစ္ဦးပါပဲ။

အခုဆိုရင္ အက္၀ပ္ဒ္ဟာ ဒဏ္ရာေၾကာင့္ကာလရွည္အနားယူရေတာ့မယ့္ ဗန္ဒိုက္စ္ေနရာမွာအစားထိုးဖို႕အတြက္ အက္သလက္တီကိုက အသက္ ၂၀ သာရွိေသးတဲ႔ ခံစစ္ကစားသမား ဂ်ဴအန္မန္ႏူရယ္ကို ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။ ၂၀၁၈က ဥရုေဂြးကလပ္ နာစီယြန္နယ္မွာ ကစားေနတဲ႔ ဂ်ဴအန္ဟာ တီကိုကိုမေရာက္ခင္ လီဗာပူး လူငယ္အသင္းမွာ ေလ႔က်င္႔ခန္းလာဆင္းဖို႔ ကမ္းလွမ္းခံခဲ႔ရေပမယ္႔ တီကို အသင္းကို ေရြးခ်ယ္သြားခဲ႔တာပါ။