လီဗာပူးအသင်းနည်းပြဟောင်း ဂျရတ်ဟူလီယာ ကွယ်လွန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနည်းပြဟောင်းဖြစ်တဲ့ ဂျရတ်ဟူလီယာ ဟာအသက် ၇၃ နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။ ပြင်သစ်သားဖြစ်တဲ့ ဟူလီယာ ဟာလီဗာပူးကို ၆ နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး ပဲရစ်မြို့မှာ နှလုံးခွဲစိတ်ကုသမှုပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

သူဟာနှလုံးခွဲစိတ်ကုသပြီးနောက် တနင်္ဂနွေနေ့ကမှ နေအိမ်ကိုပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။

ဟူလီယာ ဟာလီဗာပူးအသင်းရဲ့အောင်မြင်မှုအရှိဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၀၁ မှာ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူအီးအက်ဖ်အေ ဖလား ၃ လုံးကိုတစ်နှစ်တည်းဆွတ်ခူးစေခဲ့သူပါ။

သူဟာ ၂၀၀၁ အောက်တိုဘာလက ပရီးမီးယားလိဂ် မှာ လိဒ်ယူနိုက်တက်နဲ့ပွဲကို ကြီးကြပ်နေရင်း နေမကောင်းဖြစ်ခဲ့လို့ အရေးပေါ်နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသေးသူဖြစ်ပါတယ်။ အဲဒီတုန်းက ဟူလီယာ ဟာ ၅ လကြာအနားယူခဲ့ပြီး လီဗာပူးကိုပြန်လည်ဦးဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၀၄ မှာ လီဗာပူးနဲ့လမ်းခွဲခဲ့ပြီး သူ့နေရာမှာ ဘင်နီတက်ဇ်အစားဝင်ခဲ့ပါတယ်။

သူဟာ လီဗာပူးနဲ့လမ်းခွဲပြီး တစ်နှစ်အကြာမှာ လိုင်ယွန်ကိုကိုင်တွယ်ခဲ့ပြီး ၂၀၁၀ မှာ အင်္ဂလန်ကိုပြန်လာကာ ဗီလာကို ကြီးကြပ်ခဲ့သေးပေမယ့် ကျန်းမာရေးကြောင့် ၉ လသာတာဝန်ယူပြီး လမ်းခွဲခဲ့ရပြန်ပါတယ်။ သူဟာ လန်းစ်၊ ပီအက်စ်ဂျီ တို့အပြင် ၁၉၉၂ ကနေ ၁၉၉၃ အထိပြင်သစ်လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

၁၉၉၈ မှာလီဗာပူးကိုသူရောက်လာတုန်းက နည်းပြရွိုင်းအီဗန်နဲ့ ပူးတွဲတာဝန်ယူခဲ့ရပေမယ့် နိုဝင်ဘာလမှာတော့ တစ်ဦးတည်းကိုင်တွယ်ခဲ့ရပါတယ်။ သူကွယ်လွန်ရတဲ့အကြောင်းဟာ နှလုံးကြောင့်ဘဲဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပေမယ့် ဘယ်လိုရောဂါအခံကြောင့်လည်းဆိုတာသေချာစွာမသိရသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေမှာ ကျန်းမာရေးတော်တော်လေးချို့တဲ့ခဲ့တယ်လို့တော့ သိရပါတယ်။ သူကွယ်လွန်ကြောင်း ကြားသိရပြီးနောက် လီဗာပူးအသင်းက ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟူလီယာ ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေနည်းတူ ကလပ်မှာရှိတဲ့သူအကုန်လုံးဟာ ဒီနည်းပြကြီးကို သတိတရရှိနေကြပြီလို့ ဆိုခဲ့ပါတယ်။

ဟူလီယာလက်ထက်မှာ ခြေစွမ်းပိုမိုတောက်ပလာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်ကလည်း လုံးဝကို စိတ်ထိခိုက်ခဲ့ရပြီး ကြီးကျယ်ခမ်းနားလှပြီး ပါရမီရှိတဲ့သူကို ဆုံးရှုံးလိုက်ရပြီ လို့သူ့ရဲ့တွစ်တာစာမျက်နှာကနေ ပြောခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးဟောင်းနောက်တစ်ဦးဖြစ်တဲ့ လိုင်နီကာကလည်း ဟူလီယာ ကွယ်လွန်သွားရှာပြီ. စမတ်ကျပြီး နွေးထွေးပျူငှာတဲ့စိတ်သဘောရှိသူဖြစ်တာကြောင့် ဘောလုံးလောကမှာ လူချစ်ခင်မှုအရှိဆုံးသူတွေထဲကတစ်ဦး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးအသင္းနည္းျပေဟာင္း ဂ်ရတ္ဟူလီယာ ကြယ္လြန္

လီဗာပူးအသင္းနည္းျပေဟာင္းျဖစ္တဲ့ ဂ်ရတ္ဟူလီယာ ဟာအသက္ ၇၃ ႏွစ္အ႐ြယ္မွာကြယ္လြန္သြားခဲ့ၿပီလို႔သိရပါတယ္။ ျပင္သစ္သားျဖစ္တဲ့ ဟူလီယာ ဟာလီဗာပူးကို ၆ ႏွစ္ၾကာကိုင္တြယ္ခဲ့သူျဖစ္ၿပီး ပဲရစ္ၿမိဳ႕မွာ ႏွလုံးခြဲစိတ္ကုသမႈျပဳလုပ္ၿပီး ရက္အနည္းငယ္အၾကာမွာ ကြယ္လြန္သြားတာျဖစ္ပါတယ္။ သူဟာႏွလုံးခြဲစိတ္ကုသၿပီးေနာက္ တနဂၤေႏြေန႔ကမွ ေနအိမ္ကိုျပန္လည္ေရာက္ရွိလာသူျဖစ္ပါတယ္။ ဟူလီယာ ဟာလီဗာပူးအသင္းရဲ႕ေအာင္ျမင္မႈအရွိဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၀၁ မွာ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ယူအီးအက္ဖ္ေအ ဖလား ၃ လုံးကိုတစ္ႏွစ္တည္းဆြတ္ခူးေစခဲ့သူပါ။

သူဟာ ၂၀၀၁ ေအာက္တိုဘာလက ပရီးမီးယားလိဂ္ မွာ လိဒ္ယူႏိုက္တက္နဲ႔ပြဲကို ႀကီးၾကပ္ေနရင္း ေနမေကာင္းျဖစ္ခဲ့လို႔ အေရးေပၚႏွလုံးခြဲစိတ္ကုသမႈ ခံယူခဲ့ရေသးသူျဖစ္ပါတယ္။ အဲဒီတုန္းက ဟူလီယာ ဟာ ၅ လၾကာအနားယူခဲ့ၿပီး လီဗာပူးကိုျပန္လည္ဦးေဆာင္ခဲ့ပါတယ္။ သူဟာ ၂၀၀၄ မွာ လီဗာပူးနဲ႔လမ္းခြဲခဲ့ၿပီး သူ႔ေနရာမွာ ဘင္နီတက္ဇ္အစားဝင္ခဲ့ပါတယ္။ သူဟာ လီဗာပူးနဲ႔လမ္းခြဲၿပီး တစ္ႏွစ္အၾကာမွာ လိုင္ယြန္ကိုကိုင္တြယ္ခဲ့ၿပီး ၂၀၁၀ မွာ အဂၤလန္ကိုျပန္လာကာ ဗီလာကို ႀကီးၾကပ္ခဲ့ေသးေပမယ့္ က်န္းမာေရးေၾကာင့္ ၉ လသာတာဝန္ယူၿပီး လမ္းခြဲခဲ့ရျပန္ပါတယ္။ သူဟာ လန္းစ္၊ ပီအက္စ္ဂ်ီ တို႔အျပင္ ၁၉၉၂ ကေန ၁၉၉၃ အထိျပင္သစ္လက္ေ႐ြးစင္အသင္းကိုလည္း ကိုင္တြယ္ခဲ့ပါတယ္။

၁၉၉၈ မွာလီဗာပူးကိုသူေရာက္လာတုန္းက နည္းျပ႐ြိဳင္းအီဗန္နဲ႔ ပူးတြဲတာဝန္ယူခဲ့ရေပမယ့္ ႏိုဝင္ဘာလမွာေတာ့ တစ္ဦးတည္းကိုင္တြယ္ခဲ့ရပါတယ္။ သူကြယ္လြန္ရတဲ့အေၾကာင္းဟာ ႏွလုံးေၾကာင့္ဘဲျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကေပမယ့္ ဘယ္လိုေရာဂါအခံေၾကာင့္လည္းဆိုတာေသခ်ာစြာမသိရေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့လပိုင္းေတြမွာ က်န္းမာေရးေတာ္ေတာ္ေလးခ်ိဳ႕တဲ့ခဲ့တယ္လို႔ေတာ့ သိရပါတယ္။ သူကြယ္လြန္ေၾကာင္း ၾကားသိရၿပီးေနာက္ လီဗာပူးအသင္းက ဝမ္းနည္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ဟူလီယာ ရဲ႕မိသားစုေတြ၊ မိတ္ေဆြေတြနည္းတူ ကလပ္မွာရွိတဲ့သူအကုန္လုံးဟာ ဒီနည္းျပႀကီးကို သတိတရရွိေနၾကၿပီလို႔ ဆိုခဲ့ပါတယ္။

ဟူလီယာလက္ထက္မွာ ေျခစြမ္းပိုမိုေတာက္ပလာခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ေဟာင္း မိုက္ကယ္အိုဝင္ကလည္း လုံးဝကို စိတ္ထိခိုက္ခဲ့ရၿပီး ႀကီးက်ယ္ခမ္းနားလွၿပီး ပါရမီရွိတဲ့သူကို ဆုံးရႈံးလိုက္ရၿပီ လို႔သူ႔ရဲ႕တြစ္တာစာမ်က္ႏွာကေန ေျပာခဲ့ပါတယ္။ အဂၤလန္လက္ေ႐ြးေဟာင္းေနာက္တစ္ဦးျဖစ္တဲ့ လိုင္နီကာကလည္း ဟူလီယာ ကြယ္လြန္သြားရွာၿပီ. စမတ္က်ၿပီး ေႏြးေထြးပ်ဴငွာတဲ့စိတ္သေဘာရွိသူျဖစ္တာေၾကာင့္ ေဘာလုံးေလာကမွာ လူခ်စ္ခင္မႈအရွိဆုံးသူေတြထဲကတစ္ဦး ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။