လီဗာပူး-လိဒ်၊ဝုဗ်-ဝက်ဖို့ဒ်ပွဲစဉ်များ ကိုဗစ်ကြောင့် ရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ရဲ့ဘောက်ဆင်ဒေးပွဲစဉ်များဟာကိုဗစ်ကြောင့်

စတင်ရိုက်ခတ်မှုခံလာရပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်ရဲ့

ဘောက်ဆင်ဒေးပွဲနှစ်ပွဲကိုရွှေ့ဆိုင်းလိုက်ရပြီဖြစ်ပါတယ်။

ရွှေ့ဆိုင်းလိုက်ရတဲ့ပွဲများကတော့လီဗာပူး-လိဒ်၊ဝုဗ်-ဝက်ဖို့ဒ်ပွဲစဉ်များဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလိဒ်နှင့်ဝက်ဖို့ဒ်တို့မှာကိုဗစ်ကူးစက်မှုအကြီးအကျယ်ခံနေရပြီး

တနင်္ဂနွေနေ့ပွဲကိုကစားရန်လူလုံလောက်ခြင်းမရှိမှုကြောင့်

ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်းကြေညာသွားပါတယ်။

လိဒ်အသင်းတွင်ကိုဗစ်ကူးစက်မှုများဖြစ်ပွားနေပြီး

လေ့ကျင့်ရေးကွင်းကိုပိတ်ထားရပါတယ်။ဒါပေမဲ့ဝက်ဖို့ဒ်ဟာ

လာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့မှာကစားရမယ့်ဝက်စ်ဟမ်းနှင့်ပွဲကိုမူကစားလာနိုင်ဖို့ရှိနေပါတယ်။

ဒီဇင်ဘာလအတွင်းတွင်ကိုဗစ်ကြောင့်ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲစဉ်များစွာရှိနေပြီး

ကလပ်များဟာလာမယ့်၂၀၂၂ခုနှစ်မှာပွဲကြပ်များစွာကစားရတော့မှာလည်းဖြစ်ပါတယ်။

zawgyi

လီဗာပူး-လိဒ္၊ဝုဗ္-ဝက္ဖို႔ဒ္ပြဲစဥ္မ်ား ကိုဗစ္ေၾကာင့္ ေ႐ႊ႕ဆိုင္း

ပရီးမီးယားလိဂ္ရဲ႕ေဘာက္ဆင္ေဒးပြဲစဥ္မ်ားဟာကိုဗစ္ေၾကာင့္

စတင္႐ိုက္ခတ္မႈခံလာရၿပီျဖစ္ပါတယ္။ပရီးမီးယားလိဂ္ရဲ႕

ေဘာက္ဆင္ေဒးပြဲႏွစ္ပြဲကိုေ႐ႊ႕ဆိုင္းလိုက္ရၿပီျဖစ္ပါတယ္။

ေ႐ႊ႕ဆိုင္းလိုက္ရတဲ့ပြဲမ်ားကေတာ့လီဗာပူး-လိဒ္၊ဝုဗ္-ဝက္ဖို႔ဒ္ပြဲစဥ္မ်ားျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလိဒ္ႏွင့္ဝက္ဖို႔ဒ္တို႔မွာကိုဗစ္ကူးစက္မႈအႀကီးအက်ယ္ခံေနရၿပီး

တနဂၤေႏြေန႔ပြဲကိုကစားရန္လူလုံေလာက္ျခင္းမရွိမႈေၾကာင့္ေ႐ႊ႕ဆိုင္းခဲ့ရျခင္းျဖစ္ေၾကာင္း

ေၾကညာသြားပါတယ္။လိဒ္အသင္းတြင္ကိုဗစ္ကူးစက္မႈမ်ားျဖစ္ပြားေနၿပီး

ေလ့က်င့္ေရးကြင္းကိုပိတ္ထားရပါတယ္။ဒါေပမဲ့ဝက္ဖို႔ဒ္ဟာ

လာမယ့္ဒီဇင္ဘာလ၂၈ရက္ေန႔မွာကစားရမယ့္ဝက္စ္ဟမ္းႏွင့္ပြဲကိုမူကစားလာႏိုင္ဖို႔ရွိေနပါတယ္။

ဒီဇင္ဘာလအတြင္းတြင္ကိုဗစ္ေၾကာင့္ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ပြဲစဥ္မ်ားစြာရွိေနၿပီး

ကလပ္မ်ားဟာလာမယ့္၂၀၂၂ခုႏွစ္မွာပြဲၾကပ္မ်ားစြာကစားရေတာ့မွာလည္းျဖစ္ပါတယ္။