လီယွန်တိုက်စစ်မှူး ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ အက်သလက်တီကိုအသင်း သဘောတူညီမှုရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းဟာ လီယွန်အသင်းတိုက်စစ်မှူး ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီး အငှားသက်တမ်းကုန်ဆုံးချိန်မှာ ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ Goal သတင်းဌာနက အတည်ပြုပါတယ်။

ဒမ်ဘီလီဟာ ၂၀၁၈ နွေရာသီက ဆဲလ်တစ်ကနေ ပေါင်သန်း ၂၀ နဲ့ ရောက်လာပြီးနောက် ၂နှစ်ခွဲအတွင်း လီယွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၈ ပွဲမှာ ၄၅ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ၄၅ဂိုးထဲမှာ ယခုရာသီအတွင်း သွင်းထားတဲ့ဂိုးအရေအတွက်က ၁ဂိုးပဲ ပါဝင်ပြီး လီယွန်အသင်း အားကစားဒါရိုက်တာ ဂျူနင်ဟိုက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဒမ်ဘီလီရဲ့ တွန်းအား Level က နိမ့်ကျနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

စနေညက ရန်းနက်စ်အသင်းနဲ့ ၂-၂ ဂိုးသရေကျခဲ့ပြီးနောက် ဂျူနင်ဟိုက ”ဒမ်ဘီလီက လက်ရှိအချိန်မှာ အပြောင်းအလဲပြုလုပ်ရမယ့်အချိန်ပဲလို့ ထင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တွန်းအားတွေပျောက်ဆုံးနေလို့ပါ”လို့ ပြောပါတယ်။

Goal သတင်းဌာနရဲ့ဖော်ပြချက်အရ ဒမ်ဘီလီဟာ တနင်္လာနေ့မှာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်ဆေးမှုခံယူမှာဖြစ်ပြီး အဲဒီပြီးရင်တော့ ရာသီကုန်အထိရှိမယ့် ၆လအငှားစာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။

အက်သလက်တီကိုအသင်းဟာ ဒီဇင်ဘာလအတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်းသွားတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရာမှာ အစားထိုးဖို့ ဒမ်ဘီလီကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဒမ်ဘီလီအနေနဲ့ ဒုတိယရာသီဝက်အတွင်း ခြေစွမ်းပြနိုင်ရင် အက်သလက်တီကိုအသင်းက အပြီးသတ်ခေါ်ယူခွင့်ရရှိမှာဖြစ်ပေမယ့် အင်္ဂါနေ့မှာ ကစားရမယ့် ဆီဗီလာနဲ့ပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်နိုင်ဖို့ကတော့ အရမ်းစောလွန်းပါသေးတယ်။

ဒမ်ဘီလီဟာ တံတောင်ဆစ်အရိုးကျိုးဒဏ်ရာကနေ ပြန်ကောင်းလာတာ သိပ်မကြာသေးဘဲ ထရိန်နင်ပြန်ဆင်းနိုင်တာလည်း သိပ်မကြာသေးလို့ ယခုလ ၂၁ ရက်နေ့မှာ ကစားရမယ့် အီဘာနဲ့အဝေးကွင်းပွဲစဉ်မတိုင်ခင်အထိ အက်သလက်တီကိုအတွက် ကစားပေးဖို့အဆင်သင့်မဖြစ်နိုင်လောက်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီယြန္တုိက္စစ္မွဴး ဒမ္ဘီလီကို အငွားနဲ႔ ေခၚယူဖုိ႔ အက္သလက္တီကိုအသင္း သေဘာတူညီမႈရရွိ

အက္သလက္တီကိုအသင္းဟာ လီယြန္အသင္းတုိက္စစ္မွဴး ဒမ္ဘီလီကို အငွားနဲ႔ ေခၚယူဖုိ႔ သေဘာတူညီမႈရသြားၿပီး အငွားသက္တမ္းကုန္ဆုံးခ်ိန္မွာ ေပါင္သန္း ၃၀ နဲ႔ အၿပီးသတ္ေခၚယူခြင့္လည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔ Goal သတင္းဌာနက အတည္ျပဳပါတယ္။ ဒမ္ဘီလီဟာ ၂၀၁၈ ေႏြရာသီက ဆဲလ္တစ္ကေန ေပါင္သန္း ၂၀ နဲ႔ ေရာက္လာၿပီးေနာက္ ၂ႏွစ္ခြဲအတြင္း လီယြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၀၈ ပဲြမွာ ၄၅ဂုိးသြင္းယူေပးႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီ ၄၅ဂိုးထဲမွာ ယခုရာသီအတြင္း သြင္းထားတဲ့ဂိုးအေရအတြက္က ၁ဂိုးပဲ ပါ၀င္ၿပီး လီယြန္အသင္း အားကစားဒါ႐ိုက္တာ ဂ်ဴနင္ဟိုက ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ဒမ္ဘီလီရဲ႕ တြန္းအား Level က နိမ့္က်ေနတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။

စေနညက ရန္းနက္စ္အသင္းနဲ႔ ၂-၂ ဂိုးသေရက်ခဲ့ၿပီးေနာက္ ဂ်ဴနင္ဟိုက ”ဒမ္ဘီလီက လက္ရွိအခ်ိန္မွာ အေျပာင္းအလဲျပဳလုပ္ရမယ့္အခ်ိန္ပဲလုိ႔ ထင္ေနပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တြန္းအားေတြေပ်ာက္ဆုံးေနလုိ႔ပါ”လုိ႔ ေျပာပါတယ္။ Goal သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဒမ္ဘီလီဟာ တနလၤာေန႔မွာ အက္သလက္တီကိုအသင္းနဲ႔ ေဆးစစ္ေဆးမႈခံယူမွာျဖစ္ၿပီး အဲဒီၿပီးရင္ေတာ့ ရာသီကုန္အထိရွိမယ့္ ၆လအငွားစာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ေၾကာင္း သိရပါတယ္။ အက္သလက္တီကိုအသင္းဟာ ဒီဇင္ဘာလအတြင္း ပုဂၢိဳလ္ေရးဆိုင္ရာကိစၥေတြေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းသြားတဲ့ တုိက္စစ္မွဴး ဒီေယဂိုေကာ္စတာရဲ႕ေနရာမွာ အစားထုိးဖို႔ ဒမ္ဘီလီကိုေခၚယူခဲ့တာျဖစ္ပါတယ္။

တကယ္လုိ႔ ဒမ္ဘီလီအေနနဲ႔ ဒုတိယရာသီ၀က္အတြင္း ေျခစြမ္းျပနိုင္ရင္ အက္သလက္တီကိုအသင္းက အၿပီးသတ္ေခၚယူခြင့္ရရွိမွာျဖစ္ေပမယ့္ အဂၤါေန႔မွာ ကစားရမယ့္ ဆီဗီလာနဲ႔ပြဲမွာ ပြဲဦးထြက္အျဖစ္ ပါ၀င္ႏိုင္ဖို႔ကေတာ့ အရမ္းေစာလြန္းပါေသးတယ္။ ဒမ္ဘီလီဟာ တံေတာင္ဆစ္အ႐ိုးက်ိဳးဒဏ္ရာကေန ျပန္ေကာင္းလာတာ သိပ္မၾကာေသးဘဲ ထရိန္နင္ျပန္ဆင္းႏိုင္တာလည္း သိပ္မၾကာေသးလုိ႔ ယခုလ ၂၁ ရက္ေန႔မွာ ကစားရမယ့္ အီဘာနဲ႔အေ၀းကြင္းပြဲစဥ္မတုိင္ခင္အထိ အက္သလက္တီကိုအတြက္ ကစားေပးဖုိ႔အဆင္သင့္မျဖစ္ႏိုင္ေလာက္ပါဘူး။