လုခ်ဒီဂျောင်ကို ဖယ်ရှားဖို့ စဉ်းစားထားပြီးဖြစ်တဲ့ ဘာကာနည်းပြသစ်ဇာဗီး

ဘာစီလိုနာကယနေ့အစောပိုင်းတုန်းကဇာဗီးက၂နှစ်ခွဲစာချုပ်ဖြင့်

ဘာစီလိုနာနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဇာဗီးဟာတနင်္ဂနွေနေ့မှာဘာစီလိုနာသို့ရောက်လာမှာဖြစ်ပြီးတနင်္လာနေ့မှာ

စတင်ကာဘာစီလိုနာနည်းပြအဖြစ်စတင်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး

သတင်းစာရှင်းလင်းပွဲလည်းပြုလုပ်ပါမယ်။

ဇာဗီးဟာဘာစီလိုနာအသင်းကိုတစ်ကြိမ်မျှလေ့ကျင့်ပေးခြင်းမပြုရသေးမီ

ဘာစီလိုနာကစားသမားတစ်ဦးကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

အသင်းမှဖယ်ရှားဖို့ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။

SPORT ရဲ့ဖော်ပြချက်အရဇာဗီးဟာတိုက်စစ်မှူးလုခ်ဒီဂျောင်ကို ဇန်နဝါရီ

အပြောင်းအရွှေ့ဈေးကွက်တွင်အသင်းဟောင်းဆီဗီလာသို့ပြန်စေလွှတ်သွားမယ်လို့သိရပါတယ်။

လုခ်ဒီဂျောင်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်

ဆီဗီလာမှဘာစီလိုနာသို့တစ်ရာသီအငှားစာချုပ်ဖြင့်ရောက်လာသူဖြစ်ပါတယ်။

လုခ်ဒီဂျောင်ဟာနွေရာသီတွင်ဘာစီလိုနာသို့ရောက်လာပြီးနောက်ပြိုင်ပွဲ

အရပ်ရပ်တွင်၉ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဇာဗီးဟာလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာတိုက်စစ်မှူးသစ်

တစ်ဦးခေါ်ယူအားဖြည့်မှုပြုလုပ်သွားပါမယ်။

ဇာဗီးဟာဘာစီလိုနာနည်းပြရာထူးကိုရယူချင်လွန်းမှုကြောင့်အယ်ဆတ်နှင့်

စာချုပ်ဖျက်သိမ်းနိုင်ရေးနစ်နာကြေးယူရို၅သန်းကိုယ်တိုင်ပေးခဲ့ကြောင်း

သတင်းထွက်နေသူလည်းဖြစ်ပါတယ်။

zawgyi

လုခ္ဒီေဂ်ာင္ကို ဖယ္ရွားဖို႔ စဥ္းစားထားၿပီးျဖစ္တဲ့ ဘာကာနည္းျပသစ္ဇာဗီး

ဘာစီလိုနာကယေန႔အေစာပိုင္းတုန္းကဇာဗီးက၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္

ဘာစီလိုနာနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဇာဗီးဟာတနဂၤေႏြေန႔မွာဘာစီလိုနာသို႔ေရာက္လာမွာျဖစ္ၿပီးတနလၤာေန႔မွာ

စတင္ကာဘာစီလိုနာနည္းျပအျဖစ္စတင္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီး

သတင္းစာရွင္းလင္းပြဲလည္းျပဳလုပ္ပါမယ္။

ဇာဗီးဟာဘာစီလိုနာအသင္းကိုတစ္ႀကိမ္မွ်ေလ့က်င့္ေပးျခင္းမျပဳရေသးမီ

ဘာစီလိုနာကစားသမားတစ္ဦးကိုလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

အသင္းမွဖယ္ရွားဖို႔ဆုံးျဖတ္ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရဇာဗီးဟာတိုက္စစ္မႉးလုခ္ဒီေဂ်ာင္ကို ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းေဟာင္းဆီဗီလာသို႔ျပန္ေစလႊတ္သြားမယ္လို႔သိရပါတယ္။

လုခ္ဒီေဂ်ာင္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္

ဆီဗီလာမွဘာစီလိုနာသို႔တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ေရာက္လာသူျဖစ္ပါတယ္။

လုခ္ဒီေဂ်ာင္ဟာေႏြရာသီတြင္ဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲ

အရပ္ရပ္တြင္၉ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဇာဗီးဟာလာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာတိုက္စစ္မႉးသစ္

တစ္ဦးေခၚယူအားျဖည့္မႈျပဳလုပ္သြားပါမယ္။

ဇာဗီးဟာဘာစီလိုနာနည္းျပရာထူးကိုရယူခ်င္လြန္းမႈေၾကာင့္အယ္ဆတ္ႏွင့္

စာခ်ဳပ္ဖ်က္သိမ္းႏိုင္ေရးနစ္နာေၾကးယူ႐ို၅သန္းကိုယ္တိုင္ေပးခဲ့ေၾကာင္း

သတင္းထြက္ေနသူလည္းျဖစ္ပါတယ္။