လုခ်ရှောကို ဝေဖန်လိုက်မှ စားဝင်အိပ်ပျော်တဲ့ မော်ရင်ဟို

လုခ်ရေှာက ချက် ရီပက်ဘလစ်နဲ့ပွဲစဥ်မှာ အင်္ဂလန်အတွက် ခြေစွမ်းပြကစားခဲ့ပေမယ့် မော်ရင်ဟိုကတော့ ဆက်လက်ဝေဖန်နေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံကစားသမားဟာ ထုံးစံအတိုင်း ခြေစွမ်းပြကစားနိုင်ခဲ့သလို ပရိသတ်တွေကလည်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် မော်ရင်ဟိုက ကြံဖန်ပြီး လုခ်ရှောရဲ့ ထောင့်ကန်ဘော ကန်တင်မှုကို ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဟောင်းက The Sun သတင်းစာနဲ့ တွေ့ဆုံရာမှာ “ အင်္ဂလန်က စတုံး ၊ မင်းဂိ ၊ မက်ဂွဲယား နှင့် ကိန်းတို့လို ခန္ဓာကိုယ်တောင့်တင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဖြတ်တင်ဘောတွေက ပထမလူကိုတောင် မကျော်နိုင်ပါဘူး။

လုခ်ရှောအတွက် ကောင်းမွန်တဲ့ ပွဲစဥ်တစ်ခုဆိုနိုင်ပေမယ့် သူရဲ့ တည်ကန်ဘော ပေးပို့မှုတွေက ကောင်းမွန်ခြင်းမရှိပါဘူး။”လို့ သုံးသပ်ခဲ့ပါတယ်။

တကယ်တော့ ရှောက အခွင့်အရေး ( ၂ ) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

နောက်ပြီး ရှောက ( ၂ ) ပွဲသာ ကစားထားပေမယ့် ယခုပြိုင်ပွဲမှာ အခြားသော အင်္ဂလန်ကစားသမားတွေထက် အခွင့်အရေးပိုမိုဖန်တီးထားနိုင်တာတွေ့ရပါတယ်။

လုခ်ရှောက လိုအပ်ချက်လေးတွေ ရှိသေးပေမယ့် မော်ရင်ဟိုအနေနဲ့ ကစားသမားရဲ့ တိုးတက်လာမှုကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။

ထောင့်ကန်ဘော ကန်တင်မှုကလည်း ပြီးခဲ့တဲ့ ( ၁၂ ) လအတွင်းမှာ လုခ်ရှောတိုးတက်လာတဲ့ စွမ်းဆောင်ရည်တစ်ခုလိုဆိုနိုင်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေး ဖန်တီးပေးမှုအများဆုံး ကစားသမား ( ၅ ) ဦးထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

လုခ္ေရွာကို ေဝဖန္လိုက္မွ စားဝင္အိပ္ေပ်ာ္တဲ့ ေမာ္ရင္ဟို

လုခ္ေရွာက ခ်က္ ရီပက္ဘလစ္နဲ႔ပြဲစဥ္မွာ အဂၤလန္အတြက္ ေျခစြမ္းျပကစားခဲ့ေပမယ့္ ေမာ္ရင္ဟိုကေတာ့ ဆက္လက္ေဝဖန္ေနခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံကစားသမားဟာ ထုံးစံအတိုင္း ေျခစြမ္းျပကစားႏိုင္ခဲ့သလို ပရိသတ္ေတြကလည္း ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္ ေမာ္ရင္ဟိုက ႀကံဖန္ၿပီး လုခ္ေရွာရဲ႕ ေထာင့္ကန္ေဘာ ကန္တင္မႈကို ေဝဖန္ခဲ့ပါတယ္။

ယူႏိုက္တက္ နည္းျပေဟာင္းက The Sun သတင္းစာနဲ႔ ေတြ႕ဆုံရာမွာ “ အဂၤလန္က စတုံး ၊ မင္းဂိ ၊ မက္ဂြဲယား ႏွင့္ ကိန္းတို႔လို ခႏၶာကိုယ္ေတာင့္တင္းတဲ့ ကစားသမားေတြ ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ ျဖတ္တင္ေဘာေတြက ပထမလူကိုေတာင္ မေက်ာ္ႏိုင္ပါဘူး ။ လုခ္ေရွာအတြက္ ေကာင္းမြန္တဲ့ ပြဲစဥ္တစ္ခုဆိုႏိုင္ေပမယ့္ သူရဲ႕ တည္ကန္ေဘာ ေပးပို႔မႈေတြက ေကာင္းမြန္ျခင္းမရွိပါဘူး။”လို႔ သုံးသပ္ခဲ့ပါတယ္။

တကယ္ေတာ့ ေရွာက အခြင့္အေရး ( ၂ ) ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့ၿပီး အဂၤလန္ကစားသမားေတြထဲမွာ အမ်ားဆုံးျဖစ္ပါတယ္။ ေနာက္ၿပီး ေရွာက ( ၂ ) ပြဲသာ ကစားထားေပမယ့္ ယခုၿပိဳင္ပြဲမွာ အျခားေသာ အဂၤလန္ကစားသမားေတြထက္ အခြင့္အေရးပိုမိုဖန္တီးထားႏိုင္တာေတြ႕ရပါတယ္။

လုခ္ေရွာက လိုအပ္ခ်က္ေလးေတြ ရွိေသးေပမယ့္ ေမာ္ရင္ဟိုအေနနဲ႔ ကစားသမားရဲ႕ တိုးတက္လာမႈကိုေတာ့ အသိအမွတ္ျပဳသင့္ပါတယ္။ ေထာင့္ကန္ေဘာ ကန္တင္မႈကလည္း ၿပီးခဲ့တဲ့ ( ၁၂ ) လအတြင္းမွာ လုခ္ေရွာတိုးတက္လာတဲ့ စြမ္းေဆာင္ရည္တစ္ခုလိုဆိုႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ရဲ႕ အခြင့္အေရး ဖန္တီးေပးမႈအမ်ားဆုံး ကစားသမား ( ၅ ) ဦးထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။