လုခ်ရှောနဲ့ ဘစ်ဆာကာ အခြေအနေကို နားလည်ရမယ်

ညာနောက်ခံ ကစားသမား ဘစ်ဆာကာ နဲ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက်နေရာ

မပျောက်ချင်ရင် အခုထက်ပိုပြီး အလုပ်ကြိုးစားရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘစ်ဆာကာဟာ နည်းပြဆိုးလ်ရှားလက်ထက်တုန်းက ပွဲတိုင်း ပုံမှန်

ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒဏ်ရာပြဿနာကြောင့်

နည်းပြသစ် ရန်းနစ်လက်ထက်မှာ ပွဲထွက်ခွင့်မရသေးတာဖြစ်ပါတယ်။

နောက်ထပ် ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒါလော့ကတော့ ဘစ်ဆာကာ

ဒဏ်ရာရနေတုန်း ရလာတဲ့ အခွင့်အရေးကိုအသုံးချပြီး ကောင်းမွန်တဲ့ ခြေစွမ်း

တစ်ခုပြသထားတာကြောင့် နည်းပြသစ် ရဲ့ ကစားကွက် နဲ့ အံမဝင် နိုင်တဲ့

ဘစ်ဆာကာတစ်ယောက် အလုပ်ပိုကြိုးစားရတော့မယ့်လို့ ဖာဒီနန်က

သတိပေးလိုက်တာဖြစ်ပါတယ်။

” အခုရောက်လာတဲ့ နည်းပြသစ် က အချိန်တိုင်း ဘောလုံးကိုပေးပို့မှုတွေ ပြုလုပ်ပြီး

ကစားတာကို နှစ်သက်တဲ့ လူဗျ။ ဒါ့အပြင် သူက ဘောလုံး ခဏခဏ ပျက်တတ်တဲ့

ကစားသမားမျိုးဆိုရင် သဘောကျနေမှာ မဟုတ်တာတော့ အသေအချာပဲ။

အဲ့ဒီလို ဘောလုံး ခဏခဏ ပျက်တတ်တာကလည်း ဘစ်ဆာ အတွက်

အကြီးမားဆုံး အားနည်းချက်ကြီးဖြစ်နေတယ်။ ဒီတော့ ဘစ်ဆာကာအနေနဲ

အရင်တိုင်း ပုံမှန်ပွဲထွက်ခွင့် ရချင်နေသေးတယ်ဆိုရင် အရင်ထက် ပိုပြီး

အလုပ်ကြိုးစားပြမှ ရတော့မယ်။ လုခ်ရှောလည်း အတူတူပါပဲ” လို့

ဖာဒီနန်ကပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်တဲ့ ဘယ်စွန် နဲ့ ညာစွန် အဓိက

ခံစစ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ လုခ်ရှော နဲ့ ဘစ်ဆာကာတို့

နှစ်ယောက်လုံးဟာ ဒဏ်ရာပြဿနာကြောင့် နည်းပြသစ် လက်ထက်မှာ

ပွဲထွက်ခွင့် မရကြသေးဘဲ ၎င်းတို့ရဲ့ နေရာမှာ အရန်ကစားသမားတွေဖြစ်တဲ့

တဲလက်စ် နဲ့ ဒါလော့တို့ က ပါဝင်ကစားပြီး ပုံစံကောင်းတွေ ပြသထားတာဖြစ်ပါတယ်။

zawgyi

လုခ္ေရွာနဲ႔ ဘစ္ဆာကာ အေျခအေနကို နားလည္ရမယ္

ညာေနာက္ခံ ကစားသမား ဘစ္ဆာကာ နဲ႔အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္အတြက္ေနရာ

မေပ်ာက္ခ်င္ရင္ အခုထက္ပိုၿပီး အလုပ္ႀကိဳးစားရေတာ့မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဘစ္ဆာကာဟာ နည္းျပဆိုးလ္ရွားလက္ထက္တုန္းက ပြဲတိုင္း ပုံမွန္

ပြဲထြက္ခြင့္ရခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေၾကာင့္

နည္းျပသစ္ ရန္းနစ္လက္ထက္မွာ ပြဲထြက္ခြင့္မရေသးတာျဖစ္ပါတယ္။

ေနာက္ထပ္ ညာေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဒါေလာ့ကေတာ့ ဘစ္ဆာကာ

ဒဏ္ရာရေနတုန္း ရလာတဲ့ အခြင့္အေရးကိုအသုံးခ်ၿပီး ေကာင္းမြန္တဲ့ ေျခစြမ္း

တစ္ခုျပသထားတာေၾကာင့္ နည္းျပသစ္ ရဲ႕ ကစားကြက္ နဲ႔ အံမဝင္ ႏိုင္တဲ့

ဘစ္ဆာကာတစ္ေယာက္ အလုပ္ပိုႀကိဳးစားရေတာ့မယ့္လို႔ ဖာဒီနန္က

သတိေပးလိုက္တာျဖစ္ပါတယ္။

” အခုေရာက္လာတဲ့ နည္းျပသစ္ က အခ်ိန္တိုင္း ေဘာလုံးကိုေပးပို႔မႈေတြ ျပဳလုပ္ၿပီး

ကစားတာကို ႏွစ္သက္တဲ့ လူဗ်။ ဒါ့အျပင္ သူက ေဘာလုံး ခဏခဏ ပ်က္တတ္တဲ့

ကစားသမားမ်ိဳးဆိုရင္ သေဘာက်ေနမွာ မဟုတ္တာေတာ့ အေသအခ်ာပဲ။

အဲ့ဒီလို ေဘာလုံး ခဏခဏ ပ်က္တတ္တာကလည္း ဘစ္ဆာ အတြက္

အႀကီးမားဆုံး အားနည္းခ်က္ႀကီးျဖစ္ေနတယ္။ ဒီေတာ့ ဘစ္ဆာကာအေနနဲ

အရင္တိုင္း ပုံမွန္ပြဲထြက္ခြင့္ ရခ်င္ေနေသးတယ္ဆိုရင္ အရင္ထက္ ပိုၿပီး

အလုပ္ႀကိဳးစားျပမွ ရေတာ့မယ္။ လုခ္ေရွာလည္း အတူတူပါပဲ” လို႔

ဖာဒီနန္ကေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္တဲ့ ဘယ္စြန္ နဲ႔ ညာစြန္ အဓိက

ခံစစ္ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ လုခ္ေရွာ နဲ႔ ဘစ္ဆာကာတို႔

ႏွစ္ေယာက္လုံးဟာ ဒဏ္ရာျပႆနာေၾကာင့္ နည္းျပသစ္ လက္ထက္မွာ

ပြဲထြက္ခြင့္ မရၾကေသးဘဲ ၎တို႔ရဲ႕ ေနရာမွာ အရန္ကစားသမားေတြျဖစ္တဲ့

တဲလက္စ္ နဲ႔ ဒါေလာ့တို႔ က ပါဝင္ကစားၿပီး ပုံစံေကာင္းေတြ ျပသထားတာျဖစ္ပါတယ္။