
မန်ချက်စတာယူနိုက်တက်ဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်
ဝုဗ်အားရှုံးနိမ့်တဲ့ပွဲမှာပိုမိုစိတ်ပျက်စရာကောင်းတာကြုံခဲ့ရပါတယ်။
ဝုဗ်ကိုရှုံးနိမ့်တဲ့ပွဲမှာအဝါကတ်ပြသခြင်းခံခဲ့ရတဲ့လုခ်ရှောနှင့်စကော့မက်တိုမီနေးတို့ဟာ
လာမယ့်အက်စတွန်ဗီလာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ကြပါမယ်။
ဘယ်နောက်ခံလူလုခ်ရှောနှင့်ကွင်းလယ်ကစားသမားစကော့မက်တိုမီနေးတို့ဟာ
အိုးထရက်ဖို့ဒ်ကွင်းမှာဝုဗ်ကို၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ
သူတို့ရဲ့ငါးကြိမ်မြောက်အဝါကတ်အားပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါကြောင့်၎င်းတို့ဟာလာမယ့်ပရီးမီးယားလိဂ်ပွဲကိုအလိုအလျှောက်
ပွဲပယ်ခံထားရပြီးလာမယ့်ဇန်နဝါရီလ၁၅ရက်နေ့ဗီလာကိုဗီလာပါ့ခ်သို့
သွားကစားရမယ့်ပွဲကိုလွဲချော်ကြပါမယ်။
ဒါပေမဲ့၎င်းတို့ဟာဗီလာနှင့်ပရီးမီးယားလိဂ်ပွဲမတိုင်မီငါးရက်အလိုတွင်
အက်ဖ်အေဖလားပွဲစဉ်အဖြစ်ဗီလာနှင့်ပင်ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတော့ပါဝင်နိုင်ပါတယ်။
စကော့မက်တိုမီနေးဟာဝုဗ်တောင်ပံကစားသမားဒါနီရယ်ပိုဒန့်စ်ကို
ဖျက်ထုတ်မှုအတွက်ဒိုင်လူကြီးမိုက်ဒိန်းရဲ့အဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပြီး
လုခ်ရှောမှာလည်းပိုဒန့်စ်ကိုဖျက်ထုတ်မှုအတွက်ပင် ပွဲချိန်၅၆မိနစ်မှာ
အဝါကတ်ပြသခြင်းခံခဲ့ရတာပါ။ပရီးမီးယားလိဂ်စည်းမျဉ်းအရ
ပထမဆုံးပရီးမီးယားလိဂ်ပွဲ၁၉ပွဲတွင် အဝါကတ်ငါးကြိမ်ပြသခြင်းခံရပါက
တစ်ပွဲပယ်ခံရတဲ့စည်းမျဉ်းကိုသုံးနေပါတယ်။
စကော့မက်တိုမီနေးမပါဝင်နိုင်မှုက ရန်းနစ်ခ်အတွက်
ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ရန်းနစ်ခ်ဟာပဲလေ့စ်၊နော့ဝှစ်ချ်၊
နယူးကာဆယ်ပွဲတို့တွင်သုံးခဲ့တဲ့ အဲလက်စ်တဲလ်လက်စ်ကိုပြန်လည်အသုံးပြုလာပါမယ်။
zawgyi
လုခ္ေရွာႏွင့္ စေကာ့မက္တိုမီေနးတို႔ လာမယ့္အက္စတြန္ဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္မည္
မန္ခ်က္စတာယူႏိုက္တက္ဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္
ဝုဗ္အားရႈံးနိမ့္တဲ့ပြဲမွာပိုမိုစိတ္ပ်က္စရာေကာင္းတာႀကဳံခဲ့ရပါတယ္။
ဝုဗ္ကိုရႈံးနိမ့္တဲ့ပြဲမွာအဝါကတ္ျပသျခင္းခံခဲ့ရတဲ့လုခ္ေရွာႏွင့္စေကာ့မက္တိုမီေနးတို႔ဟာ
လာမယ့္အက္စတြန္ဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ၾကပါမယ္။
ဘယ္ေနာက္ခံလူလုခ္ေရွာႏွင့္ကြင္းလယ္ကစားသမားစေကာ့မက္တိုမီေနးတို႔ဟာ
အိုးထရက္ဖို႔ဒ္ကြင္းမွာဝုဗ္ကို၁-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္ရဲ႕ဒုတိယပိုင္းမွာ
သူတို႔ရဲ႕ငါးႀကိမ္ေျမာက္အဝါကတ္အားျပသျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္၎တို႔ဟာလာမယ့္ပရီးမီးယားလိဂ္ပြဲကိုအလိုအေလွ်ာက္
ပြဲပယ္ခံထားရၿပီးလာမယ့္ဇန္နဝါရီလ၁၅ရက္ေန႔ဗီလာကိုဗီလာပါ့ခ္သို႔
သြားကစားရမယ့္ပြဲကိုလြဲေခ်ာ္ၾကပါမယ္။
ဒါေပမဲ့၎တို႔ဟာဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲမတိုင္မီငါးရက္အလိုတြင္
အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ဗီလာႏွင့္ပင္ရင္ဆိုင္ရမယ့္ပြဲစဥ္မွာေတာ့ပါဝင္ႏိုင္ပါတယ္။
စေကာ့မက္တိုမီေနးဟာဝုဗ္ေတာင္ပံကစားသမားဒါနီရယ္ပိုဒန႔္စ္ကို
ဖ်က္ထုတ္မႈအတြက္ဒိုင္လူႀကီးမိုက္ဒိန္းရဲ႕အဝါကတ္ျပသျခင္းခံခဲ့ရတာျဖစ္ၿပီး
လုခ္ေရွာမွာလည္းပိုဒန႔္စ္ကိုဖ်က္ထုတ္မႈအတြက္ပင္ ပြဲခ်ိန္၅၆မိနစ္မွာ
အဝါကတ္ျပသျခင္းခံခဲ့ရတာပါ။ပရီးမီးယားလိဂ္စည္းမ်ဥ္းအရ
ပထမဆုံးပရီးမီးယားလိဂ္ပြဲ၁၉ပြဲတြင္ အဝါကတ္ငါးႀကိမ္ျပသျခင္းခံရပါက
တစ္ပြဲပယ္ခံရတဲ့စည္းမ်ဥ္းကိုသုံးေနပါတယ္။
စေကာ့မက္တိုမီေနးမပါဝင္ႏိုင္မႈက ရန္းနစ္ခ္အတြက္
ျပႆနာတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။ရန္းနစ္ခ္ဟာပဲေလ့စ္၊ေနာ့ဝွစ္ခ်္၊
နယူးကာဆယ္ပြဲတို႔တြင္သုံးခဲ့တဲ့ အဲလက္စ္တဲလ္လက္စ္ကိုျပန္လည္အသုံးျပဳလာပါမယ္။