လုံးဝကို လက်ခံနိုင်စရာမရှိတဲ့ အနီကတ်လို့ ဇာခါကို အာတီတာအပြင်းအထန်ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘန်လေနဲ့ပွဲက ကွင်းလယ်လူ ဇာခါရဲ့အနီကတ်ပြစ်ဒဏ်ဟာလုံးဝကိုလက်ခံနိုင်စရာမရှိတဲ့အပြင် အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ သူ့လိုလူရဲ့လုပ်ရပ်ဟာ တကယ့်ကိုဘောင်ကျော်သွားပြီလို့ အပြင်းအထန်ဝေဖန်လိုက်ပါတယ်။

ဒီပွဲမှာ ဇာခါဟာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ပွဲရဲ့အဓိကကျတဲ့ အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ခဲ့တာပါ။ ပွဲချိန် ၅၅ မိနစ်လောက်မှာ ဘန်လေတောင်ပံကစားသမား ဒွိုက်မက်နေးလ်ကို ဖျက်ထုတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ကစားသမားအချို့အခြေအတင်ဖြစ်ခဲ့ကြပြီး ဇာခါကစိတ်မထိန်းနိုင်ဘဲ အက်ရှ်လေဝက်စ်ဝုဒ် ကိုလည်ပင်းညှစ်ပြီးတွန်းခဲ့တာပါ။

ဒီဖြစ်ရပ်အတွက် ဒိုင်လူကြီးဂရေဟမ် စကော့က အဝါကတ်အရင်ပြခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးနောက် တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

သူအထုတ်ခံရပြီး သိပ်မကြာခင်မှာ အူဘာမီယန်က ကိုယ့်ဂိုးကိုယ်ခေါင်းတိုက်သွင်းယူမှုကြောင့် ဘန်လေကဂိုးရသွားပြီး တစ်ယောက်လျော့နေတဲ့ အာဆင်နယ်ဟာ ပြန်လည်ချေပနိုင်ခဲ့ခြင်းမရှိဘဲ ၁-၀ နဲ့အရှုံးပေးခဲ့ရပါတယ်။

ပွဲအပြီးမှာ ဒီရာသီအစောပိုင်းက လိဒ်နဲ့ပွဲမှာ ပြိုင်ဘက်ကိုခေါင်းနဲ့တိုက်ခဲ့လို့ ပီပီထုတ်ပယ်ခံခဲ့ရမှုနဲ့ယှဉ်ပြီးမေးမြန်းမှုကို အာတီတာက” အဲဒီတုန်းကနဲ့ တူညီတဲ့ စကားလုံးအချို့ကိုဘဲ ဆက်သုံးရမှာပေါ့။ ဒါပေမယ့် ဇာခါရဲ့လုပ်ရပ်က အများကြီးပိုဆိုးပါတယ်။ လုံးဝကို လက်ခံနိုင်စရာမရှိတာပါ။ ကျွန်တော်တို့အသာစီရနေချိန်မှာ သူအမှားကျူးလွန်လိုက်တာပါ။ ပွဲကိုအနိုင်ရမယ့် အခွင့်အရေးတွေရှိနေ ရဲ့သားနဲ့ ၁၀ ယောက်ဖြစ်သွားတာဟာ ပြိုင်ဘက်ကို အခွင့်အရေး ပေးလိုက်သလိုပါဘဲ။

အခုဖြစ်တဲ့ ပြဿနာဟာ အနိုင်ရလိုစိတ်နဲ့တိုက်ပွဲဝင်မယ့် စိတ်တွေပြင်းထန် မှုနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါပေမယ့် ဇာခါရဲ့လုပ်ပုံက ဘောင်ကျော်သွားတယ်ဗျ။ ဒါဟာမှားယွင်းတဲ့ ချဉ်းကပ်မှုကိုဖြစ်စေတဲ့အတွက် ဒီလိုအမှားမျိုးလုပ်လို့မရပါဘူး။

ကျွန်တော်လိုချင်တာက ပြိုင်ဘက်ကိုရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်တာမျိုးကိုပါ။ သူဟာအတွေ့အကြုံရင့်ကျက်သူဖြစ်လို့ ဒါမျိုးမလုပ်ရဘူးဆိုတာ သိသင့်ပါတယ်” လို့ပြောသွားပါတယ်။

ပီပီတုန်းက ၃ ပွဲပယ်ခံခဲ့ရလို့ ဇာခါဟာလည်း အနည်းဆုံး ၃ ပွဲပယ်ခံရနိုင်ပေမယ့် ဒီဆွစ်ဇာလန်သားရဲ့လုပ်ရပ်ဟာ ရုန့်ရင်းကြမ်းတမ်း မှုဖြစ်လို့ ထပ်ဆောင်းပွဲပယ် လည်းခံရနိုင်ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လုံးဝကို လက္ခံႏိုင္စရာမရွိတဲ့ အနီကတ္လို႔ ဇာခါကို အာတီတာအျပင္းအထန္ေဝဖန္

အာဆင္နယ္အသင္းနည္းျပ အာတီတာက ဘန္ေလနဲ႔ပြဲက ကြင္းလယ္လူ ဇာခါရဲ႕အနီကတ္ျပစ္ဒဏ္ဟာလုံးဝကိုလက္ခံႏိုင္စရာမရွိတဲ့အျပင္ အေတြ႕အႀကဳံရင့္ေနၿပီျဖစ္တဲ့ သူ႔လိုလူရဲ႕လုပ္ရပ္ဟာ တကယ့္ကိုေဘာင္ေက်ာ္သြားၿပီလို႔ အျပင္းအထန္ေဝဖန္လိုက္ပါတယ္။ ဒီပြဲမွာ ဇာခါဟာ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရသူျဖစ္ၿပီး ပြဲရဲ႕အဓိကက်တဲ့ အလွည့္အေျပာင္းတစ္ခုလည္း ျဖစ္ခဲ့တာပါ။ ပြဲခ်ိန္ ၅၅ မိနစ္ေလာက္မွာ ဘန္ေလေတာင္ပံကစားသမား ဒြိဳက္မက္ေနးလ္ကို ဖ်က္ထုတ္မႈနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္ကစားသမားအခ်ိဳ႕အေျခအတင္ျဖစ္ခဲ့ၾကၿပီး ဇာခါကစိတ္မထိန္းႏိုင္ဘဲ အက္ရွ္ေလဝက္စ္ဝုဒ္ ကိုလည္ပင္းညႇစ္ၿပီးတြန္းခဲ့တာပါ။

ဒီျဖစ္ရပ္အတြက္ ဒိုင္လူႀကီးဂေရဟမ္ စေကာ့က အဝါကတ္အရင္ျပခဲ့ေပမယ့္ VAR ျပန္ၾကည့္ၿပီးေနာက္ တိုက္႐ိုက္အနီကတ္ျပကာ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ သူအထုတ္ခံရၿပီး သိပ္မၾကာခင္မွာ အူဘာမီယန္က ကိုယ့္ဂိုးကိုယ္ေခါင္းတိုက္သြင္းယူမႈေၾကာင့္ ဘန္ေလကဂိုးရသြားၿပီး တစ္ေယာက္ေလ်ာ့ေနတဲ့ အာဆင္နယ္ဟာ ျပန္လည္ေခ်ပႏိုင္ခဲ့ျခင္းမရွိဘဲ ၁-၀ နဲ႔အရႈံးေပးခဲ့ရပါတယ္။

ပြဲအၿပီးမွာ ဒီရာသီအေစာပိုင္းက လိဒ္နဲ႔ပြဲမွာ ၿပိဳင္ဘက္ကိုေခါင္းနဲ႔တိုက္ခဲ့လို႔ ပီပီထုတ္ပယ္ခံခဲ့ရမႈနဲ႔ယွဥ္ၿပီးေမးျမန္းမႈကို အာတီတာက” အဲဒီတုန္းကနဲ႔ တူညီတဲ့ စကားလုံးအခ်ိဳ႕ကိုဘဲ ဆက္သုံးရမွာေပါ့။ ဒါေပမယ့္ ဇာခါရဲ႕လုပ္ရပ္က အမ်ားႀကီးပိုဆိုးပါတယ္။ လုံးဝကို လက္ခံႏိုင္စရာမရွိတာပါ။ ကြၽန္ေတာ္တို႔အသာစီရေနခ်ိန္မွာ သူအမွားက်ဴးလြန္လိုက္တာပါ။ ပြဲကိုအႏိုင္ရမယ့္ အခြင့္အေရးေတြရွိေန ရဲ႕သားနဲ႔ ၁၀ ေယာက္ျဖစ္သြားတာဟာ ၿပိဳင္ဘက္ကို အခြင့္အေရး ေပးလိုက္သလိုပါဘဲ။

အခုျဖစ္တဲ့ ျပႆနာဟာ အႏိုင္ရလိုစိတ္နဲ႔တိုက္ပြဲဝင္မယ့္ စိတ္ေတြျပင္းထန္ မႈနဲ႔လည္း သက္ဆိုင္ပါတယ္။ ဒါေပမယ့္ ဇာခါရဲ႕လုပ္ပုံက ေဘာင္ေက်ာ္သြားတယ္ဗ်။ ဒါဟာမွားယြင္းတဲ့ ခ်ဥ္းကပ္မႈကိုျဖစ္ေစတဲ့အတြက္ ဒီလိုအမွားမ်ိဳးလုပ္လို႔မရပါဘူး။ ကြၽန္ေတာ္လိုခ်င္တာက ၿပိဳင္ဘက္ကိုရဲရဲဝံ့ဝံ့နဲ႔ ရင္ဆိုင္တာမ်ိဳးကိုပါ။ သူဟာအေတြ႕အႀကဳံရင့္က်က္သူျဖစ္လို႔ ဒါမ်ိဳးမလုပ္ရဘူးဆိုတာ သိသင့္ပါတယ္” လို႔ေျပာသြားပါတယ္။ ပီပီတုန္းက ၃ ပြဲပယ္ခံခဲ့ရလို႔ ဇာခါဟာလည္း အနည္းဆုံး ၃ ပြဲပယ္ခံရႏိုင္ေပမယ့္ ဒီဆြစ္ဇာလန္သားရဲ႕လုပ္ရပ္ဟာ ႐ုန႔္ရင္းၾကမ္းတမ္း မႈျဖစ္လို႔ ထပ္ေဆာင္းပြဲပယ္ လည္းခံရႏိုင္ပါေသးတယ္။