ရိုမဲလူလူကာကူ ဒဏ်ရာကြောင့်တစ်လအထိအနားယူရမှာဖြစ်လို့ ပရီးမီးယားလိဂ်
ချန်ပီယံဆုအတွက်တိုက်ပွဲဝင်နေတဲ့ သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအတွက်
ကြီးမားတဲ့ထိုးနှက်ချက်ကြုံလာရပါတယ်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၉၇.၅သန်းဖြင့်ပြန်လည်ရောက်လာတဲ့လူကာကူဟာဗုဒ္ဓဟူးနေ့တုန်းက
မယ်လ်မိုအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ခြေကျင်းဝတ်အဆစ်
လွဲဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
သူဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်သုံးပတ်မှလေးပတ်အထိအနားယူရမှာဖြစ်
တာကြောင့်ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအလွန်အရေးပါတဲ့ပွဲများကို
လွဲချော်တော့မှာဖြစ်ပါတယ်။
သူဟာနော့ဝှစ်ချ်၊နယူးကာဆယ်၊ဘန်လေ၊လက်စတာတို့နှင့်ပွဲများကိုလွဲချော်မှာ
လည်းဖြစ်ပါတယ်။
ယင်းပွဲစဉ်များမှာချဲလ်ဆီးအတွက်အနိုင်ရတဲ့ပွဲများဖြစ်သလိုပြိုင်ဘက်လီဗာပူးနှင့်
မန်စီးတီးတို့ပွဲကျပ်များကစားနေရမှာဖြစ်လို့ပရီးမီးယားလိဂ်ဇယားထိပ်တွင်
အမှတ်များစွာဖြတ်ပြီးရပ်တည်နိုင်မယ့်အခွင့်အရေးကောင်းကြီးလည်းဖြစ်နေ
ပါတယ်။
လူကာကူဟာချဲလ်ဆီးရဲ့နောက်ဆုံးခုနှစ်ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ထားပေ
မယ့်သောမတ်စ်တူချယ်ရဲ့တိုက်စစ်ဗျူဟာတွင်အဓိကကျတဲ့နေရာမှပါဝင်နေသူ
ဖြစ်ပါတယ်။
တစ်ဖက်တွင်တီမိုဝါနာမှာလည်းတံကောက်ကြောဒဏ်ရာကြောင့်
အနားယူရမှာဖြစ်လို့ချဲလ်ဆီးအတွက်ပိုမိုထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။
တူချယ်ဟာကိုင်ဟာဗတ်ဇ်ကို False Nine ကစားသမားအဖြစ် အထောင်တိုက်စစ်မှာအသုံးပြုလာဖို့ရှိပါတယ်။
Zawgyi
လူကာကူကို တစ်လလောက် လက်လွှတ်ရမယ့် ချယ်လ်ဆီး..
မယ်လ်မိုအား၎-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ခြေကျင်းဝတ်အဆစ်
သူဟာနော့ဝှစ်ခ်ျ၊နယူးကာဆယ်၊ဘန်လေ၊လက်စတာတို့နှင့်ပွဲများကိုလွဲချော်မှာ
လည်းဖြစ်ပါတယ်။
ပါတယ်။