
ကိုဗစ်ရောဂါဆိုးရဲ့ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတဲ့အသင်းတွေထဲမှာ ချယ်လ်ဆီး
အသင်းလည်းပါဝင်လာပြီး အဲဗာတန်နဲ့ပွဲမတိုင်ခင် အဓိက,ကစားသမားတချို့ ကို
ဗစ်ရောဂါကူးစက်ခံထားရတာကြောင့် အဲဒီပွဲကို လွဲချော်ခဲ့ရပါတယ်။
မကြာသေးခင်ကမှ ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့ တိုက်စစ်မှူးလူကာကူဟာ
အခု ကိုဗစ်ရောဂါခံစားနေရပြီး သူနဲ့အတူ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း၊
ဗာနာအပြင် နောက်ခံလူ ချီဝဲလ်တို့လည်း ကိုဗစ်ဖြစ်နေတာကြောင့် အဲဗာတန်နဲ့
ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ပိုဆိုးတာက နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦး
ဖြစ်သူ ဟာဗတ်ဇ်ဟာလည်း ကိုဗစ်ရောဂါရှိ၊မရှိ စမ်းသပ်မှုအဖြေကို စောင့်ဆိုင်း
နေရပြီး သူလည်း အဲဗာတန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းမှာ အဓိက,ကစားသမားတချို့ ကိုဗစ်ရောဂါကူးစက်ခံစားနေရ
ပေမယ့် အဲဗာတန်နဲ့ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး လူမစုံတဲ့
အိမ်ရှင်အသင်းအတွက် မိနစ်(၇၀)မှာ မေဆင်မောင့်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့်
(၄)မိနစ်အကြာမှာပဲ ဘရန်းဝိတ်က အဲဗာတန်အသင်းရဲ့ချေပဂိုးကို သွင်းယူခဲ့တာ
ကြောင့် (၁-၁)ဂိုးစီသရေကျခဲ့တဲ့အတွက် အခုဆို ထိပ်ဆုံးက မန်စီးတီးနဲ့ချယ်လ်ဆီးတို့
(၄)မှတ်ကွာဟသွားပါပြီ။
အခုရက်ပိုင်းအတွင်း ပရီးမီးယားလိဂ်မှာ ကိုဗစ်ရောဂါ
ကူးစက်ခံစားနေရတဲ့အသင်းတွေ တဖြည်းဖြည်းပိုများလာနေပြီး မန်ချက်စတာ
ယူနိုက်တက်အသင်းမှာ ကိုဗစ်ရောဂါဖြစ်နေတဲ့သူတွေ ထပ်တွေ့ရတာကြောင့်
အခုတစ်ပတ်ကစားမယ့် ဘရိုက်တန်နဲ့ပွဲကို ရွှေ့ဆိုင်းလိုက်ရသလို အဲဒီပွဲအပါအဝင်
ဆောက်သမ်တန်-ဘရန့်ဖို့ဒ်၊ အဲဗာတန်-လက်စတာ၊ ဝက်စ်ဟမ်း-နောဝစ်ချ်၊
ဝက်ဖို့ဒ်-ပဲလေ့စ်ပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
Zawgyi
လူကာကူနဲ႔ ခ်ယ္လ္ဆီးကိုလည္း ကိုဗစ္ႏွိပ္စက္ၿပီ
ကိုဗစ္ေရာဂါဆိုးရဲ႕႐ိုက္ခတ္မႈဒဏ္ကို ခံစားေနရတဲ့အသင္းေတြထဲမွာ ခ်ယ္လ္ဆီး
အသင္းလည္းပါဝင္လာၿပီး အဲဗာတန္နဲ႔ပြဲမတိုင္ခင္ အဓိက,ကစားသမားတခ်ိဳ႕ ကို
ဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္ အဲဒီပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။ မၾကာေသး
ခင္ကမွ ဒဏ္ရာကေနျပန္လည္သက္သာလာတဲ့ တိုက္စစ္မႉးလူကာကူဟာ အခု
ကိုဗစ္ေရာဂါခံစားေနရၿပီး သူနဲ႔အတူ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ အိုဒြိဳင္း၊
ဗာနာအျပင္ ေနာက္ခံလူ ခ်ီဝဲလ္တို႔လည္း ကိုဗစ္ျဖစ္ေနတာေၾကာင့္ အဲဗာတန္နဲ႔
ပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ ပိုဆိုးတာက ေနာက္ထပ္တိုက္စစ္ကစားသမားတစ္ဦး
ျဖစ္သူ ဟာဗတ္ဇ္ဟာလည္း ကိုဗစ္ေရာဂါရွိ၊မရွိ စမ္းသပ္မႈအေျဖကို ေစာင့္ဆိုင္း
ေနရၿပီး သူလည္း အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းမွာ အဓိက,ကစားသမားတခ်ိဳ႕ ကိုဗစ္ေရာဂါကူးစက္ခံစားေနရ
ေပမယ့္ အဲဗာတန္နဲ႔ပြဲကို သတ္မွတ္ထားတဲ့အတိုင္း ယွဥ္ၿပိဳင္ကစားခဲ့ၿပီး လူမစုံတဲ့
အိမ္ရွင္အသင္းအတြက္ မိနစ္(၇၀)မွာ ေမဆင္ေမာင့္က ဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္
(၄)မိနစ္အၾကာမွာပဲ ဘရန္းဝိတ္က အဲဗာတန္အသင္းရဲ႕ေခ်ပဂိုးကို သြင္းယူခဲ့တာ
ေၾကာင့္ (၁-၁)ဂိုးစီသေရက်ခဲ့တဲ့အတြက္ အခုဆို ထိပ္ဆုံးက မန္စီးတီးနဲ႔ခ်ယ္လ္ဆီးတို႔
(၄)မွတ္ကြာဟသြားပါၿပီ။ အခုရက္ပိုင္းအတြင္း ပရီးမီးယားလိဂ္မွာ ကိုဗစ္ေရာဂါ
ကူးစက္ခံစားေနရတဲ့အသင္းေတြ တျဖည္းျဖည္းပိုမ်ားလာေနၿပီး မန္ခ်က္စတာ
ယူႏိုက္တက္အသင္းမွာ ကိုဗစ္ေရာဂါျဖစ္ေနတဲ့သူေတြ ထပ္ေတြ႕ရတာေၾကာင့္
အခုတစ္ပတ္ကစားမယ့္ ဘ႐ိုက္တန္နဲ႔ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ရသလို အဲဒီပြဲအပါအဝင္
ေဆာက္သမ္တန္-ဘရန႔္ဖို႔ဒ္၊ အဲဗာတန္-လက္စတာ၊ ဝက္စ္ဟမ္း-ေနာဝစ္ခ်္၊
ဝက္ဖို႔ဒ္-ပဲေလ့စ္ပြဲေတြကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။