
ဝက်ဖို့ဒ်နဲ့ပွဲတွင်လီဗာပူးအသင်းရရှိတဲ့တတိယဂိုးကြောင့်လူကျွံဘော
စည်းမျဉ်းအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုမှုများရှိလာခဲ့ပါတယ်။
လီဗာပူးက၂-ဝဂိုးဖြင့်ဦးဆောင်နေစဉ်အင်ဒီရောဘတ်ဆင်ဟာ
မိုဟာမက်ဆာလက်ထံသို့ ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်
ဝက်ဖို့ဒ်ကစားသမားခရစ်ကက်ကတ်ကလူကျွံနေတဲ့မိုဟာမက်ဆာလက်ထံသို့
ဘောလုံးကိုလျောထိုးတားဆီးခဲ့ပါတယ်။ နောက်ခံလူနဲ့ထိလာတဲ့ဘောလုံးကို
ဂိုးသမားဖော်စတာကကာကွယ်မှုပြုလုပ်ခဲ့ရပြီးဘောလုံးမှာပြန်အံထွက်လာကာ
ဖာမီနိုကလီဗာပူးရဲ့တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။
မိုဟာမက်ဆာလက်မှာ ဘောလုံးနဲ့ထိခဲ့ခြင်းမရှိရာဒိုင်လူကြီးက လူကျွံဘောမပေးခဲ့ပါဘူး။
ဒါပေမယ့်ကက်ကတ်မှာအီဂျစ်တောင်ပံကစားသမားထံသို့
ဘောလုံးမရောက်အောင် တားဆီးမှုပြုလုပ်ခဲ့ရပါတယ်။
ဒါကြောင့်လည်း BT Sport မှအစီအစဉ်တင်ဆက်သူဂျာမိန်းဂျီးနပ်စ်က
ယင်းဂိုးမှာခွင့်ပြုရရန်သေချာနေသော်လည်း စည်းမျဉ်းမှာမှားယွင်းနေတဲ့
ယူဆရပြီးအပြောင်းအလဲလုပ်ရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။
ဒိုင်လူကြီးဟာဘောလုံးမှာဆာလက်နဲ့ထိခဲ့ခြင်းမရှိမှုနဲ့အတူ VAR ကြည့်ခဲ့ခြင်းလည်းမရှိပါဘူး။
အထက်ပါမတော်တဆမျိုးကိုပြင်သစ်နှင့်စပိန်တို့ရဲ့ယူအီးအက်ဖ်အေနေးရှင်း
ဖလားဗိုလ်လုပွဲမှာလည်းဖြစ်ပျက်ခဲ့ဖူးပါတယ်။
ကိုင်လီယန်ဘက်ပေးဟာလူကျွံနေခဲ့ပေမယ့်သူ့ဆီသို့ပေးပို့လိုက်တဲ့
ဘောလုံးမှာစပိန်နောက်ခံလူအဲရစ်ဂါစီယာနဲ့ထိမှုနဲ့အတူ လူကျွံဘောမဖြစ်ဘဲ
ပြင်သစ်အတွက်အငြင်းပွားဖွယ်အနိုင်ဂိုးသွင်းခဲ့ပါတယ်။
ပရိသတ်တစ်ဦးက “ဘောလုံးကဆာလက်ဆီကိုပေးလိုက်တာလေ။
ဒီတော့နောက်ခံလူဘာပဲလုပ်လုပ်လူကျွံဘောပါ။နောက်ခံလူကလည်း
ဆာလက်ရှိလို့ဘဲဖျက်ထုတ်လိုက်တာ။ဖီဖာ၊ယူအီးအက်ဖ်အေနဲ့
ပရီးမီးယားလိဂ်တို့ရေ ငါတို့ဘောလုံးပွဲကိုရုပ်ဆိုးအောင်မလုပ်ကြနဲ့”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “တစ်ချို့လည်းလက်ခံကြမှာမဟုတ်ပါဘူး။
ဒါပေမယ့်ဆာလက်ကြောင့်လူကျွံအလံထောင်သင့်တယ်။သူကကစားကွက်မှ
ာအရေးပါနေတယ်။ကက်ကတ်ကိုကြားဝင်ဖြတ်ပြီးဂိုးဖြစ်အောင်
တွန်းပို့ခဲ့တာပါ”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်နောက်တစ်ဦးကလည်း “ကြောင်တောင်တောင်စည်းမျဉ်းပဲ။
ဆာလက်ကလူကျွံနေတယ်လေ။စည်းမျဉ်းကိုအပြောင်းအလဲလုပ်ဖို့လိုနေတယ်။
သူ(ဆာလက်)ကိုလူကျွံတယ်လို့ကစားသမား(ကက်ကတ်)ကမသိမှုအတွ
က်ပြင်းထန်လွန်းတဲ့ပြစ်ဒဏ်ပါ”လို့ပြောကြားသွားပါတယ်။
ကစားသမားဟောင်းဒန်နီဟစ်ဂီဘိုသမ်ကလည်း “လူကျွံစည်းမျဉ်းအပြောင်းအလဲ
လုပ်ဖို့လိုအပ်နေကြောင်းပြသနေတဲ့နောက်ထပ်သာဓကတစ်ခုပါ။
ဆာလက်ကလူကျွံနေတယ်။ဒါပေမယ့်ကက်ကတ်ကကြားဝင်ဖြတ်လိုက်တော့
လူမကျွံတော့ဘူး။ဒါကဆိုးရွားလှတယ်။ဆာလက်သာအဲဒီနေရာမှာမရှိသူ
ကက်ကတ်လည်းဖျက်ထုတ်မှုမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
zawgyi
လူကြၽံစည္းမ်ဥ္းအေျပာင္းအလဲလုပ္ဖို႔လိုအပ္ေနေၾကာင္ းျပသေနတဲ့ေနာက္ထပ္သာဓကတစ္ခုပါ။ ဆာလက္ကလူကြၽံေနတယ္ – ဒန္နီဟစ္ဂီဘိုသမ္
ဝက္ဖို႔ဒ္နဲ႔ပြဲတြင္လီဗာပူးအသင္းရရွိတဲ့တတိယဂိုးေၾကာင့္လူကြၽံေဘ
ာစည္းမ်ဥ္းအေျပာင္းအလဲျပဳလုပ္ရန္ေတာင္းဆိုမႈမ်ားရွိလာခဲ့ပါတယ္။
လီဗာပူးက၂-ဝဂိုးျဖင့္ဦးေဆာင္ေနစဥ္အင္ဒီေရာဘတ္ဆင္ဟာ
မိုဟာမက္ဆာလက္ထံသို႔ ေဘာလုံးေပးပို႔မႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္
ဝက္ဖို႔ဒ္ကစားသမားခရစ္ကက္ကတ္ကလူကြၽံေနတဲ့မိုဟာမက္ဆာလက္ထံသို႔
ေဘာလုံးကိုေလ်ာထိုးတားဆီးခဲ့ပါတယ္။ ေနာက္ခံလူနဲ႔ထိလာတဲ့ေဘာလုံးကို
ဂိုးသမားေဖာ္စတာကကာကြယ္မႈျပဳလုပ္ခဲ့ရၿပီးေဘာလုံးမွာျပန္အံထြက္လာကာ
ဖာမီႏိုကလီဗာပူးရဲ႕တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။
မိုဟာမက္ဆာလက္မွာ ေဘာလုံးနဲ႔ထိခဲ့ျခင္းမရွိရာဒိုင္လူႀကီးက လူကြၽံေဘာမေပးခဲ့ပါဘူး။
ဒါေပမယ့္ကက္ကတ္မွာအီဂ်စ္ေတာင္ပံကစားသမားထံသို႔
ေဘာလုံးမေရာက္ေအာင္ တားဆီးမႈျပဳလုပ္ခဲ့ရပါတယ္။
ဒါေၾကာင့္လည္း BT Sport မွအစီအစဥ္တင္ဆက္သူဂ်ာမိန္းဂ်ီးနပ္စ္က
ယင္းဂိုးမွာခြင့္ျပဳရရန္ေသခ်ာေနေသာ္လည္း စည္းမ်ဥ္းမွာမွားယြင္းေနတဲ့
ယူဆရၿပီးအေျပာင္းအလဲလုပ္ရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။
ဒိုင္လူႀကီးဟာေဘာလုံးမွာဆာလက္နဲ႔ထိခဲ့ျခင္းမရွိမႈနဲ႔အတူ VAR ၾကည့္ခဲ့ျခင္းလည္းမရွိပါဘူး။
အထက္ပါမေတာ္တဆမ်ိဳးကိုျပင္သစ္ႏွင့္စပိန္တို႔ရဲ႕ယူအီးအက္ဖ္ေအေနးရွင္း
ဖလားဗိုလ္လုပြဲမွာလည္းျဖစ္ပ်က္ခဲ့ဖူးပါတယ္။
ကိုင္လီယန္ဘက္ေပးဟာလူကြၽံေနခဲ့ေပမယ့္သူ႔ဆီသို႔ေပးပို႔လိုက္တဲ့
ေဘာလုံးမွာစပိန္ေနာက္ခံလူအဲရစ္ဂါစီယာနဲ႔ထိမႈနဲ႔အတူ လူကြၽံေဘာမျဖစ္ဘဲ
ျပင္သစ္အတြက္အျငင္းပြားဖြယ္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။
ပရိသတ္တစ္ဦးက “ေဘာလုံးကဆာလက္ဆီကိုေပးလိုက္တာေလ။
ဒီေတာ့ေနာက္ခံလူဘာပဲလုပ္လုပ္လူကြၽံေဘာပါ။ေနာက္ခံလူကလည္း
ဆာလက္ရွိလို႔ဘဲဖ်က္ထုတ္လိုက္တာ။ဖီဖာ၊ယူအီးအက္ဖ္ေအနဲ႔
ပရီးမီးယားလိဂ္တို႔ေရ ငါတို႔ေဘာလုံးပြဲကို႐ုပ္ဆိုးေအာင္မလုပ္ၾကနဲ႔”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “တစ္ခ်ိဳ႕လည္းလက္ခံၾကမွာမဟုတ္ပါဘူး။
ဒါေပမယ့္ဆာလက္ေၾကာင့္လူကြၽံအလံေထာင္သင့္တယ္။သူကကစားကြက္မွ
ာအေရးပါေနတယ္။ကက္ကတ္ကိုၾကားဝင္ျဖတ္ၿပီးဂိုးျဖစ္ေအာင္
တြန္းပို႔ခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ေနာက္တစ္ဦးကလည္း “ေၾကာင္ေတာင္ေတာင္စည္းမ်ဥ္းပဲ။
ဆာလက္ကလူကြၽံေနတယ္ေလ။စည္းမ်ဥ္းကိုအေျပာင္းအလဲလုပ္ဖို႔လိုေနတယ္။
သူ(ဆာလက္)ကိုလူကြၽံတယ္လို႔ကစားသမား(ကက္ကတ္)ကမသိမႈအတြ
က္ျပင္းထန္လြန္းတဲ့ျပစ္ဒဏ္ပါ”လို႔ေျပာၾကားသြားပါတယ္။
ကစားသမားေဟာင္းဒန္နီဟစ္ဂီဘိုသမ္ကလည္း “လူကြၽံစည္းမ်ဥ္းအေျပာင္းအလဲ
လုပ္ဖို႔လိုအပ္ေနေၾကာင္းျပသေနတဲ့ေနာက္ထပ္သာဓကတစ္ခုပါ။
ဆာလက္ကလူကြၽံေနတယ္။ဒါေပမယ့္ကက္ကတ္ကၾကားဝင္ျဖတ္လိုက္ေတာ့
လူမကြၽံေတာ့ဘူး။ဒါကဆိုး႐ြားလွတယ္။ဆာလက္သာအဲဒီေနရာမွာမရွိသူ
ကက္ကတ္လည္းဖ်က္ထုတ္မႈမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။