လူကျွံဘောသွင်းဂိုးဟက်ထရစ်နဲ့ ကံဆိုးခဲ့ရတဲ့ မိုရာတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိမ်ကွင်းမှာ ဘာစီလိုနာကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရမှုဟာ စီရော်နယ်ဒိုမပါတဲ့ဂျူဗင်တပ်အတွက် စိတ်ပျက်စရာရလဒ်ပါပဲ။ တစ်ပွဲလုံးခြေစွမ်းအရ ဘာစီလိုနာထက်ပိုနိမ့်ခဲ့သလို  အနီကတ်လည်းထိ ပင်နယ်လည်း ပေးခဲ့ရသေးတာကြောင့် ပိုလို့တောင် စိတ်ပျက်စရာဖြစ်စေခဲ့မှာပါ။

ဒါပေမဲ့ အဲဒီပွဲမှာ စိတ်အပျက်ရဆုံးသူက ဂျူဗင်တပ်တိုက်စစ်မှုးမိုရာတာပဲ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် မိုရာတာဟာ အဲဒီပွဲမှာ ဟက်ထရစ်ဘောလုံးပိုက်ရနိုင်တဲ့အနေအထားရှိခဲ့ပါတယ်။

ဒါပေမဲ့ သူသွင်းယူခဲတဲ့ ၃ ဂိုးစလုံးဟာ လူကျွံဘောအဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒမ်ဘီလီ ဦးဆောင်ဂိုးသွင်းပြီး ချက်ချင်းပဲ သူဟာ ဂျူဗင်တပ်အတွက် ပြန်လည်ချေပခဲ့ပေမယ့် စည်းကြပ်ဒိုင်က အလံထောင်လိုက်ပါတယ်။

မိနစ် ၃၀ လောက်မှာလည်း သူဟာ ဘာစီလိုနာဂိုးပေါက်ထဲ ဘောလုံးထည့်နိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က နောက်ထပ်တစ်ကြိမ်အလံထောင်ခဲ့ပြီး ကွာဒရာဒိုက ဘောလုံးတင်ပေးတဲ့အချိန်မှာ သူလူကျွံနေခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ကွာဒရာဒိုရဲ့ဖန်တီးပေးမှုနဲ့ သူသွင်းလိုက်နိုင်ခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ သူတကယ်သွင်းလိုက်နိုင်ပြီလို့ထင်ပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံကာ ဘောလုံးကို ကွင်းလယ်စည်းအထိတောင် ပြန်ယူလာခဲ့တာပါ။ ဒါပေမဲ့ VAR က သူ့ကို အသည်းခွဲလိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူကၽြံေဘာသြင္းဂိုးဟက္ထရစ္နဲ႔ ကံဆိုးခဲ့ရတဲ့ မုိရာတာ

အိမ္ကြင္းမွာ ဘာစီလုိနာကို ၂-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ရမႈဟာ စီေရာ္နယ္ဒိုမပါတဲ့ဂ်ဴဗင္တပ္အတြက္ စိတ္ပ်က္စရာရလဒ္ပါပဲ။ တစ္ပြဲလုံးေျခစြမ္းအရ ဘာစီလိုနာထက္ပိုနိမ့္ခဲ့သလို  အနီကတ္လည္းထိ ပင္နယ္လည္း ေပးခဲ့ရေသးတာေၾကာင့္ ပိုလို႔ေတာင္ စိတ္ပ်က္စရာျဖစ္ေစခဲ့မွာပါ။

ဒါေပမဲ့ အဲဒီပြဲမွာ စိတ္အပ်က္ရဆုံးသူက ဂ်ဴဗင္တပ္တိုက္စစ္မႈးမုိရာတာပဲ ျဖစ္ပါလိမ့္မယ္။ တကယ္ဆိုရင္ မိုရာတာဟာ အဲဒီပြဲမွာ ဟက္ထရစ္ေဘာလုံးပိုက္ရႏိုင္တဲ့အေနအထားရွိခဲ့ပါတယ္။

ဒါေပမဲ့ သူသြင္းယူခဲတဲ့ ၃ ဂိုးစလုံးဟာ လူကၽြံေဘာအျဖစ္နဲ႔သာ အဆုံးသတ္ခဲ့ရပါတယ္။ ဒမ္ဘီလီ ဦးေဆာင္ဂိုးသြင္းၿပီး ခ်က္ခ်င္းပဲ သူဟာ ဂ်ဴဗင္တပ္အတြက္ ျပန္လည္ေခ်ပခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က အလံေထာင္လိုက္ပါတယ္။

မိနစ္ ၃၀ ေလာက္မွာလည္း သူဟာ ဘာစီလိုနာဂိုးေပါက္ထဲ ေဘာလုံးထည့္ႏိုင္ခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က ေနာက္ထပ္တစ္ႀကိမ္အလံေထာင္ခဲ့ၿပီး ကြာဒရာဒိုက ေဘာလုံးတင္ေပးတဲ့အခ်ိန္မွာ သူလူကၽြံေနခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ကြာဒရာဒိုရဲ႕ဖန္တီးေပးမႈနဲ႔ သူသြင္းလိုက္ႏိုင္ခဲ့ျပန္ပါတယ္။

ဒီတစ္ခါေတာ့ သူတကယ္သြင္းလိုက္ႏိုင္ၿပီလုိ႔ထင္ၿပီး အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံကာ ေဘာလုံးကို ကြင္းလယ္စည္းအထိေတာင္ ျပန္ယူလာခဲ့တာပါ။ ဒါေပမဲ့ VAR က သူ႔ကို အသည္းခြဲလုိက္ပါတယ္။