လူငယ်ကစားသမား အာမက်ဒီယယ်လို ကျောနံပါတ် ၁၉ ဂျာစီဝတ်ဆင်မယ်လို့ ယူနိုက်တက်အတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းက တောင်ပံကစားသမား အာမက်ဒီယယ်လိုအနေနဲ့ ယခုရာသီကုန်ဆုံးချိန်အထိ ကျောနံပါတ် ၁၉ ဂျာစီ ဝတ်ဆင်ကစားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီယယ်လိုဟာ ပြီးခဲ့တဲ့နွေရာသီက အတ္တလန္တာအသင်းကနေ ယူနိုက်တက်ကို ပြေင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမရာသီဝက်မှာ အဲဒီစီးရီးအေအသင်းနဲ့အတူ အငှားဆက်ကစားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကြာသပတေးနေ့က ဒီယယ်လိုကို ဆေးစစ်ဆေးမှုပြုလုပ်ကာ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးအဖြစ် ကနဦး ပေါင် ၁၉သန်းချက်ချင်းပေးချေရမှာဖြစ်ကာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အသင်းရဲ့အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ်အများဆုံး ပေါင် ၁၈သန်းပေးချေရမှာဖြစ်ပါတယ်။

ယူနိုက်တက်က အသင်းရဲ့တွစ်တာစာမျက်နှာကနေ ဗီဒီယိုဖိုင်တစ်ခုတင်သွားခဲ့ပြီး အဲဒီဗီဒီယိုကလစ်ထဲမှာ အာမက်ဆိုတဲ့အမည်နဲ့အတူ ကျောနံပါတ် ၁၉ ကို တံဆိပ်ရိုက်နှိပ်နေတာဖြစ်ပါတယ်။
အာမက်ဒီယယ်လိုအနေနဲ့ ဂန္ထဝင်ကြီးတွေ ဝတ်ဆင်ဖူးတဲ့ကျောနံပါတ်ကို ဆက်ခံရမှာဖြစ်သလို တချို့မအောင်မြင်တဲ့ ကစားသမားတွေလည်း ဝတ်ဆင်ခဲ့ဖူးပါတယ်။

Class of ’92 အဖွဲ့ဝင် ကွင်းလယ်လူဟောင်း နစ်ကီဘတ်က ကစားသမားဘဝအစမှာ ကျောနံပါတ် ၁၉ ဂျာစီဝတ်ဆင်ပြီး ၇၈ ပွဲအထိ ကစားခဲ့သလို ၁၉၉၆ ခုနှစ်ရောက်မှသာ ကျောနံပါတ် ၈ ဂျာစီကို ပြောင်းလဲဝတ်ဆင်ခဲ့တာပါ။

၁၉၉၉ ဖလား ၃လုံးရချန်ပီယံအသင်းသားထဲက နစ်ကီဘတ်တစ်ဦးတည်း ကျောနံပါတ် ၁၉ ဂျာစီဝတ်ဆင်ဖူးတာမဟုတ်ဘဲ နော်ဝေနောက်ခံလူဟောင်း ရွန်နီဂျွန်ဆင်နဲ့ တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်တို့လည်း ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။

ထရီနီဒက်လက်ရွေးစင်ဟောင်း ဒွိုက်ယော့ခ်က ကျောနံပါတ် ၁၉ ဝတ်ဆင်ခဲ့သူတွေအနက် အထင်ပေါ်ဆုံးဖြစ်ပြီး ယူနိုက်တက်နဲ့အတူ ၄ရာသီကြာကစားခဲ့တဲ့အနက် ၆၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကျောနံပါတ် ၁၉ က အဆိုးအကောင်းရောပြွန်းနေပြီး ဂိုးသမား ရီကာဒိုနဲ့ ကွင်းလယ်လူ ဂျမ်ဘာဂျမ်ဘာတု့ိက ကျောနံပါတ် ၁၉ ဝတ်ဆင်ကစားခဲ့သူတွေအနက် အဆိုးရွားဆုံးကစားသမားတွေဖြစ်ပါတယ်။

ရီကာဒိုက ယူနိုက်တက်မှာကစားခဲ့တဲ့ ၃နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ၁ပွဲပဲ ကစားခွင့်ရခဲ့ပြီး ဂျမ်ဘာဂျမ်ဘာကလည်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။

ဂိုးသမား ဗန်ဒါဆာက ကျောနံပါတ် ၁ ဂျာစီမဝတ်ဆင်ခင် ကျောနံပါတ် ၁၉ ဂျာစီကို တစ်ရာသီကြာဝတ်ဆင်ကစားခဲ့သလို ဘာစီလိုနာကြယ်ပွင့် ပီကေးကလည်း ယူနိုက်တက်မှာ ကျောနံပါတ် ၁၉ ဂျာစီဝတ်ဆင်ကစားခဲ့တာပါ။

ဒီဘက်ခေတ်မှာတော့ လက်ရှိဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘတ်က ယူနိုက်တက်မှာ ကျောနံပါတ် ၁၉ ဂျာစီကို ၆ရာသီကြာဝတ်ဆင်ကစားခဲ့ပြီး တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကလည်း လက်ရှိကျောနံပါတ် ၁၀ ကို ပြောင်းမကစားခင် ကျောနံပါတ် ၁၉ ဂျာစီဝတ်ဆင်ကစားရင်း ၁၀၅ပွဲမှာ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူငယ္ကစားသမား အာမက္ဒီယယ္လို ေက်ာနံပါတ္ ၁၉ ဂ်ာစီ၀တ္ဆင္မယ္လုိ႔ ယူနုိက္တက္အတည္ျပဳ

ယူႏုိက္တက္အသင္းက ေတာင္ပံကစားသမား အာမက္ဒီယယ္လုိအေနနဲ႔ ယခုရာသီကုန္ဆုံးခ်ိန္အထိ ေက်ာနံပါတ္ ၁၉ ဂ်ာစီ ၀တ္ဆင္ကစားမယ္လုိ႔ အတည္ျပဳလုိက္ပါတယ္။ ဒီယယ္လုိဟာ ၿပီးခဲ့တဲ့ေႏြရာသီက အတၱလႏၱာအသင္းကေန ယူႏုိက္တက္ကို ေျပင္းေရႊ႕ခဲ့တာျဖစ္ၿပီး ပထမရာသီ၀က္မွာ အဲဒီစီးရီးေအအသင္းနဲ႔အတူ အငွားဆက္ကစားခ့ဲပါတယ္။ ယူႏုိက္တက္ဟာ ၾကာသပေတးေန႔က ဒီယယ္လုိကုိ ေဆးစစ္ေဆးမႈျပဳလုပ္ကာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးအျဖစ္ ကနဦး ေပါင္ ၁၉သန္းခ်က္ခ်င္းေပးေခ်ရမွာျဖစ္ကာ သူ႕ရဲ႕စြမ္းေဆာင္ရည္နဲ႔ အသင္းရဲ႕ေအာင္ျမင္မႈအေပၚ မူတည္ၿပီး ေနာက္ထပ္အမ်ားဆုံး ေပါင္ ၁၈သန္းေပးေခ်ရမွာျဖစ္ပါတယ္။

ယူႏုိက္တက္က အသင္းရဲ႕တြစ္တာစာမ်က္ႏွာကေန ဗီဒီယိုဖုိင္တစ္ခုတင္သြားခဲ့ၿပီး အဲဒီဗီဒီယုိကလစ္ထဲမွာ အာမက္ဆုိတဲ့အမည္နဲ႔အတူ ေက်ာနံပါတ္ ၁၉ ကို တံဆိပ္႐ုိက္ႏွိပ္ေနတာျဖစ္ပါတယ္။
အာမက္ဒီယယ္လုိအေနနဲ႔ ဂႏၳ၀င္ႀကီးေတြ ၀တ္ဆင္ဖူးတဲ့ေက်ာနံပါတ္ကို ဆက္ခံရမွာျဖစ္သလုိ တခ်ိဳ႕မေအာင္ျမင္တဲ့ ကစားသမားေတြလည္း ၀တ္ဆင္ခဲ့ဖူးပါတယ္။ Class of ’92 အဖြဲ႕၀င္ ကြင္းလယ္လူေဟာင္း နစ္ကီဘတ္က ကစားသမားဘ၀အစမွာ ေက်ာနံပါတ္ ၁၉ ဂ်ာစီ၀တ္ဆင္ၿပီး ၇၈ ပြဲအထိ ကစားခဲ့သလုိ ၁၉၉၆ ခုႏွစ္ေရာက္မွသာ ေက်ာနံပါတ္ ၈ ဂ်ာစီကို ေျပာင္းလဲ၀တ္ဆင္ခဲ့တာပါ။

၁၉၉၉ ဖလား ၃လုံးရခ်န္ပီယံအသင္းသားထဲက နစ္ကီဘတ္တစ္ဦးတည္း ေက်ာနံပါတ္ ၁၉ ဂ်ာစီ၀တ္ဆင္ဖူးတာမဟုတ္ဘဲ ေနာ္ေ၀ေနာက္ခံလူေဟာင္း ရြန္နီဂၽြန္ဆင္နဲ႔ တုိက္စစ္မွဴးေဟာင္း ဒြိဳက္ေယာ့ခ္တုိ႔လည္း ၀တ္ဆင္ကစားခဲ့ဖူးပါတယ္။ ထရီနီဒက္လက္ေရြးစင္ေဟာင္း ဒြိဳက္ေယာ့ခ္က ေက်ာနံပါတ္ ၁၉ ၀တ္ဆင္ခဲ့သူေတြအနက္ အထင္ေပၚဆုံးျဖစ္ၿပီး ယူႏုိက္တက္နဲ႔အတူ ၄ရာသီၾကာကစားခဲ့တဲ့အနက္ ၆၅ ဂိုးအထိသြင္းယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ေက်ာနံပါတ္ ၁၉ က အဆုိးအေကာင္းေရာျပြန္းေနၿပီး ဂိုးသမား ရီကာဒိုနဲ႔ ကြင္းလယ္လူ ဂ်မ္ဘာဂ်မ္ဘာတု႔ိက ေက်ာနံပါတ္ ၁၉ ၀တ္ဆင္ကစားခဲ့သူေတြအနက္ အဆုိးရြားဆုံးကစားသမားေတြျဖစ္ပါတယ္။

ရီကာဒိုက ယူႏုိက္တက္မွာကစားခဲ့တဲ့ ၃ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ၁ပြဲပဲ ကစားခြင့္ရခဲ့ၿပီး ဂ်မ္ဘာဂ်မ္ဘာကလည္း အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းရဲ႕ေနရာမွာ အစားထိုးဖို႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ေမွ်ာ္လင့္ထားသလုိျဖစ္မလာခဲ့ပါဘူး။ ဂုိးသမား ဗန္ဒါဆာက ေက်ာနံပါတ္ ၁ ဂ်ာစီမ၀တ္ဆင္ခင္ ေက်ာနံပါတ္ ၁၉ ဂ်ာစီကို တစ္ရာသီၾကာ၀တ္ဆင္ကစားခဲ့သလုိ ဘာစီလုိနာၾကယ္ပြင့္ ပီေကးကလည္း ယူႏုိက္တက္မွာ ေက်ာနံပါတ္ ၁၉ ဂ်ာစီ၀တ္ဆင္ကစားခဲ့တာပါ။ ဒီဘက္ေခတ္မွာေတာ့ လက္ရွိဘ႐ိုက္တန္တုိက္စစ္မွဴး ၀ဲလ္ဘတ္က ယူႏုိက္တက္မွာ ေက်ာနံပါတ္ ၁၉ ဂ်ာစီကို ၆ရာသီၾကာ၀တ္ဆင္ကစားခဲ့ၿပီး တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္ကလည္း လက္ရွိေက်ာနံပါတ္ ၁၀ ကို ေျပာင္းမကစားခင္ ေက်ာနံပါတ္ ၁၉ ဂ်ာစီ၀တ္ဆင္ကစားရင္း ၁၀၅ပြဲမွာ ၂၄ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။