လူငယ်တွေကိုနေရာမပေးခြင်တဲ့ ပီလီရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ ဘောလုံးလောကမှာ လှပနိုင်ပါ့မလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုချိန်မှာ မှတ်တမ်းကောင်းတွေ၊ စံချိန်ကောင်းတွေ ယူနေတဲ့ ထိပ်တန်းကစားသမား နှစ်ယောက်ကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီပါ။

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အူဒီနီးနဲ့ပွဲမှာ အသင်းအတွက်၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပီလီရဲ့ သွင်းဂိုး ၇၅၇ ဂိုးစံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒီလိုကျော်ဖြတ်နိုင်ခဲ့လို့လည်း ရော်နယ်ဒိုကို ချီးကျူးပြောဆိုမှုတွေ အများအပြားရှိပါတယ်။

မက်ဆီကတော့ပီလီရဲ့ သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့လိုနေသေးပေမယ့် ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ပီလီတင်ထားခဲ့တဲ့ စံချိန်ကိုတော့ ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။ မက်ဆီ က ရော်နယ်ဒိုလို ဂိုးအများကြီး မသွင်းနိုင်တာကလည်း ပွဲစဉ်ရာကျော်နီးပါး လျော့နည်း ကစားထားရလို့ပါ။

စီရော်နယ်ဒိုကို ဘရာဇီးဂန္ထဝင်ကြီး ပီလီထက် ပိုတော်တဲ့ ကစားသမားလို့ပြောသူတွေရှိသလို၊ တစ်ဖက်မှာတော့ ပီလီက ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ထက် ပိုကောင်းတယ်ဆိုပြီး ရီးရဲလ်ဂန္ထဝင်ကစားသမားကြီး ဒီစတီဖာနိုက ပြောပါတယ်။

ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ကြိမ်နဲ့ လာလီဂါဖလား ၈ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ ဒီစတီဖာနိုက ”မက်ဆီနဲ့ ရော်နယ်ဒိုတို့က ထူးခြားတဲ့အရည်အသွေးတွေနဲ့အတူ ကြီးကျယ်ခမ်းနာတဲ့ကစားသမားတွေဖြစ်ပေမယ့် ပီလီက တော့သူတို့နှစ်ယောက်စလုံးထက် ပိုကောင်းပါတယ်။”

“မက်ဆီနဲ့ ဒိုလေးနှစ်ယောက်ထဲမှာ မက်ဆီက နည်းစနစ်ပိုင်းပိုကျပါတယ်။ ပင်နယ်တီဧရိယာထဲမှာဆို သူက ပိုကောင်းပါတယ်။ ဘောလုံးထိန်းရင်း နဲ့ ပြိုင်ဘက်ကို ကျော်ဖြတ်ရာမှာ ပိုကောင်းပါတယ်။ရော်နယ်ဒိုက တော့ကြံ့ခိုင်မှုပိုင်းပိုကောင်းပြီး အရမ်းကိုသန်မာတောင့်တင်းမြန်ဆန်ပါတယ်။ ပြီးတော့ ဘယ်ခြေ၊ ညာခြေလည်း ရွေးနေတဲ့ကစားသမားမျိုးမဟုတ်ဘူး”လို့ ပြောဆိုပါတယ်။

အခုအချိန်မှာတော့ ပီလီတစ်ယောက် ဒိုလေးပရိသတ်တွေရဲ့ ဒေါသထွက်တာခံနေရပါတယ်။ ဘာကြောင့်လဲဆိုရင် ပီလီကသူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အချက်အလက်ဖော်ပြမှုမှာ သူ့ရဲ့သွင်းဂိုးအရေအတွက်ကို ပြောင်းလဲသွားခဲ့လို့ပါ။ ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့တဲ့ ပီလီဟာ သူ့ရဲ့ သွင်းဂိုးအရေအတွက်နေရာမှာ ၁၂၈၃ ဂိုးလို့ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူငယ္ေတြကိုေနရာမေပးျခင္တဲ့ ပီလီရဲ႕ ေနာက္ဆံုးေနဝင္ခ်ိန္ဟာ ေဘာလံုးေလာကမွာ လွပႏိုင္ပါ့မလား…?

အခုခ်ိန္မွာ မွတ္တမ္းေကာင္းေတြ၊ စံခ်ိန္ေကာင္းေတြ ယူေနတဲ့ ထိပ္တန္းကစားသမား ႏွစ္ေယာက္ကေတာ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆီပါ။ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ အူဒီနီးနဲ႔ပြဲမွာ အသင္းအတြက္၂ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ပီလီရဲ႕ သြင္းဂိုး ၇၅၇ ဂိုးစံခ်ိန္ကို တစ္ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒီလိုေက်ာ္ျဖတ္ႏိုင္ခဲ့လို႔လည္း ေရာ္နယ္ဒိုကို ခ်ီးက်ဴးေျပာဆိုမႈေတြ အမ်ားအျပားရွိပါတယ္။

မက္ဆီကေတာ့ပီလီရဲ႕ သြင္းဂိုးအမ်ားဆံုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႕လိုေနေသးေပမယ့္ ကလပ္အသင္းတစ္သင္းတည္းအတြက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ပီလီတင္ထားခဲ့တဲ့ စံခ်ိန္ကိုေတာ့ ေက်ာ္ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ မက္ဆီ က ေရာ္နယ္ဒိုလို ဂိုးအမ်ားႀကီး မသြင္းႏိုင္တာကလည္း ပြဲစဥ္ရာေက်ာ္နီးပါး ေလ်ာ့နည္း ကစားထားရလို႔ပါ။ စီေရာ္နယ္ဒိုကို ဘရာဇီးဂႏၴဝင္ႀကီး ပီလီထက္ ပိုေတာ္တဲ့ ကစားသမားလို႔ေျပာသူေတြရွိသလို၊ တစ္ဖက္မွာေတာ့ ပီလီက ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုတို႔ထက္ ပိုေကာင္းတယ္ဆိုၿပီး ရီးရဲလ္ဂႏၴဝင္ကစားသမားႀကီး ဒီစတီဖာႏိုက ေျပာပါတယ္။ ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၅ႀကိမ္နဲ႔ လာလီဂါဖလား ၈ႀကိမ္အပါအဝင္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့တဲ့ ဒီစတီဖာႏိုက ”မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔က ထူးျခားတဲ့အရည္အေသြးေတြနဲ႔အတူ ႀကီးက်ယ္ခမ္းနာတဲ့ကစားသမားေတြျဖစ္ေပမယ့္ ပီလီက ေတာ့သူတို႔ႏွစ္ေယာက္စလုံးထက္ ပိုေကာင္းပါတယ္။”

“မက္ဆီနဲ႔ ဒိုေလးႏွစ္ေယာက္ထဲမွာ မက္ဆီက နည္းစနစ္ပိုင္းပိုက်ပါတယ္။ ပင္နယ္တီဧရိယာထဲမွာဆို သူက ပိုေကာင္းပါတယ္။ ေဘာလုံးထိန္းရင္း နဲ႔ ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ရာမွာ ပိုေကာင္းပါတယ္။ေရာ္နယ္ဒိုက ေတာ့ႀကံ့ခိုင္မႈပိုင္းပိုေကာင္းၿပီး အရမ္းကိုသန္မာေတာင့္တင္းျမန္ဆန္ပါတယ္။ ၿပီးေတာ့ ဘယ္ေျခ၊ ညာေျခလည္း ေ႐ြးေနတဲ့ကစားသမားမ်ိဳးမဟုတ္ဘူး”လို႔ ေျပာဆိုပါတယ္။ အခုအခ်ိန္မွာေတာ့ ပီလီတစ္ေယာက္ ဒိုေလးပရိသတ္ေတြရဲ႕ ေဒါသထြက္တာခံေနရပါတယ္။ ဘာ​ေၾကာင့္လဲဆိုရင္ ပီလီကသူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ အခ်က္အလက္ေဖာ္ျပမႈမွာ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ကို ေျပာင္းလဲသြားခဲ့လို႔ပါ။ ကမာၻ႔ဖလားကို သုံးႀကိမ္တိုင္တိုင္ဆြတ္ခူးခဲ့တဲ့ ပီလီဟာ သူ႔ရဲ႕ သြင္းဂိုးအေရအတြက္ေနရာမွာ ၁၂၈၃ ဂိုးလို႔ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။