လူငယ်တွေနဲ့ တည်ဆောက်နေတဲ့ သူ့ရဲ့စီမံကိန်းကို စိတ်ရှည်ပြီး ယုံကြည်ပေးဖို့ အာတီတာ တောင်းဆို

ရာသီအစ ၂ ပွဲဆက် သွင်းဂိုး ၁ ဂိုးမှမရပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် Arteta Out ဆိုတဲ့ အသံတွေဟာ လန်ဒန်မြောက်ပိုင်းမှာသာမက တကမ္ဘာလုံးမှာပါ ဆူညံနေခဲ့ပါပြီ။

ပြီးခဲ့တဲ့ ရာသီက ဥရောပဝင်ခွင့်နေရာတောင်မရခဲ့လို့ စိတ်ပျက်ခဲ့ရတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒီရာသီမှာလည်း အဖွင့် ၂ ပွဲမှာတင် ရှုံးပြနေတဲ့ အသင်းကို အတော်လေး ဒေါသထွက်နေကြပြီး နည်းပြဖြစ်သူ အာတီတာ ကို အမြန်ဆုံးထုတ်ပယ်လိုက်ဖို့ ဖိအားပေး တောင်းဆိုနေကြပါတယ်။

အာတီတာ ကတော့ လူငယ်တွေနဲ့အတူ သူတည်ဆောက်နေတဲ့ အနာဂတ်စီမံကိန်းကို စိတ်ရှည်ရှည်နဲ့ ဆက်လက်ယုံကြည်ပေးဖို့ အခုလို တောင်းဆိုလာခဲ့ပါတယ်။

“ ပထမဆုံးအနေနဲ့ ချဲလ်ဆီးနဲ့ပွဲကို မကန်ခင်တုန်းက ပရိသတ်တွေရဲ့ မယုံနိုင်စရာ အားပေးမှုအပေါ် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကစားသမားတွေရဲ့ နာမည်ကိုမိတ်ဆက်တဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းကိုထူးခြားလွန်းပါတယ်။

ဒီလိုပုံစံမျိုးကို အရင်တုန်းက တခါမှမရခဲ့ဘူးလို့တောင် ခံစားမိခဲ့ပြီး ကြက်သီးမွေးညင်းတွေလည်း ထခဲ့မိပါတယ်။

ပရိသတ်တွေက အသင်းကို အင်တိုက်အားတိုက်နဲ့ အားပေးဖို့ ကြိုးစားခဲ့ပေမဲ့ အသင်းက အိမ်ကွင်းမှာပဲ ရှုံးသွားတော့ သူတို့တွေ စိတ်ပျက်သွားကြတာလို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့် တုန့်ပြန်မှုလေးတွေရှိလာတာပါ။

ဒါပေမဲ့ ကျွန်တော်တို့ တည်ဆောက်နေတဲ့ စီမံကိန်းက အချိန်ပေးဖို့ လိုအပ်ပါတယ်။

ပြိုင်ပွဲတိုင်းမှာ တခြားအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမျိုးရောက်အောင် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်။

အခုအချိန်မှာ ဒီအသင်း ၊ ဒီလူငယ်ကစားသမားလေးတွေဟာ ပရိသတ်တွေဆီက ယုံကြည်မှုတွေ ၊ အားပေးမှုတွေ ၊ အင်အားတွေ လိုအပ်နေပါတယ် “ လို့ အာတီတာ က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒီနေ့ညမှာတော့ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက ဝက်စ်ဘရွန်းအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပါတယ်။

ဒီပွဲစဉ်မှာ နောက်ဆုံးခေါ်ယူထားတဲ့ ကစားသမားသစ်တွေဖြစ်တဲ့ အိုဒီဂတ် နဲ့ ရမ်စဒေးလ် တို့ကို ပွဲထွက်ကစားစေဖို့ရှိပြီး နောက်တဆင့်တက်နိုင်အောင် အာရုံစိုက်ပြီးသေချာ ယှဉ်ပြိုင်သွားမယ်လို့ အာတီတာ က ပြောကြားခဲ့ပါတယ်။

zawgyi

လူငယ္ေတြနဲ႔ တည္ေဆာက္ေနတဲ့ သူ႔ရဲ႕စီမံကိန္းကို စိတ္ရွည္ၿပီး ယုံၾကည္ေပးဖို႔ အာတီတာ ေတာင္းဆို

ရာသီအစ ၂ ပြဲဆက္ သြင္းဂိုး ၁ ဂိုးမွမရပဲ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ Arteta Out ဆိုတဲ့ အသံေတြဟာ လန္ဒန္ေျမာက္ပိုင္းမွာသာမက တကမာၻလုံးမွာပါ ဆူညံေနခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ ရာသီက ဥေရာပဝင္ခြင့္ေနရာေတာင္မရခဲ့လို႔ စိတ္ပ်က္ခဲ့ရတဲ့ အာဆင္နယ္ ပရိသတ္ေတြဟာ ဒီရာသီမွာလည္း အဖြင့္ ၂ ပြဲမွာတင္ ရႈံးျပေနတဲ့ အသင္းကို အေတာ္ေလး ေဒါသထြက္ေနၾကၿပီး နည္းျပျဖစ္သူ အာတီတာ ကို အျမန္ဆုံးထုတ္ပယ္လိုက္ဖို႔ ဖိအားေပး ေတာင္းဆိုေနၾကပါတယ္။

အာတီတာ ကေတာ့ လူငယ္ေတြနဲ႔အတူ သူတည္ေဆာက္ေနတဲ့ အနာဂတ္စီမံကိန္းကို စိတ္ရွည္ရွည္နဲ႔ ဆက္လက္ယုံၾကည္ေပးဖို႔ အခုလို ေတာင္းဆိုလာခဲ့ပါတယ္။

“ ပထမဆုံးအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲကို မကန္ခင္တုန္းက ပရိသတ္ေတြရဲ႕ မယုံႏိုင္စရာ အားေပးမႈအေပၚ ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ ကစားသမားေတြရဲ႕ နာမည္ကိုမိတ္ဆက္တဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ အားေပးမႈက အရမ္းကိုထူးျခားလြန္းပါတယ္။ ဒီလိုပုံစံမ်ိဳးကို အရင္တုန္းက တခါမွမရခဲ့ဘူးလို႔ေတာင္ ခံစားမိခဲ့ၿပီး ၾကက္သီးေမြးညင္းေတြလည္း ထခဲ့မိပါတယ္။ ပရိသတ္ေတြက အသင္းကို အင္တိုက္အားတိုက္နဲ႔ အားေပးဖို႔ ႀကိဳးစားခဲ့ေပမဲ့ အသင္းက အိမ္ကြင္းမွာပဲ ရႈံးသြားေတာ့ သူတို႔ေတြ စိတ္ပ်က္သြားၾကတာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေၾကာင့္ တုန္႔ျပန္မႈေလးေတြရွိလာတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ တည္ေဆာက္ေနတဲ့ စီမံကိန္းက အခ်ိန္ေပးဖို႔ လိုအပ္ပါတယ္။ ၿပိဳင္ပြဲတိုင္းမွာ တျခားအသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္တဲ့ အေနအထားမ်ိဳးေရာက္ေအာင္ အျမန္ဆုံးလုပ္ေဆာင္ေပးဖို႔ တာဝန္ရွိတယ္ဆိုတာကို ကြၽန္ေတာ္သိပါတယ္။ အခုအခ်ိန္မွာ ဒီအသင္း ၊ ဒီလူငယ္ကစားသမားေလးေတြဟာ ပရိသတ္ေတြဆီက ယုံၾကည္မႈေတြ ၊ အားေပးမႈေတြ ၊ အင္အားေတြ လိုအပ္ေနပါတယ္ “ လို႔ အာတီတာ က ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဒီေန႔ညမွာေတာ့ ကာရာေဘာင္း လိဂ္ဖလားၿပိဳင္ပြဲ ရႈံးထြက္ပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းက ဝက္စ္ဘ႐ြန္းအသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားရဖို႔ ရွိေနပါတယ္။ ဒီပြဲစဥ္မွာ ေနာက္ဆုံးေခၚယူထားတဲ့ ကစားသမားသစ္ေတြျဖစ္တဲ့ အိုဒီဂတ္ နဲ႔ ရမ္စေဒးလ္ တို႔ကို ပြဲထြက္ကစားေစဖို႔ရွိၿပီး ေနာက္တဆင့္တက္ႏိုင္ေအာင္ အာ႐ုံစိုက္ၿပီးေသခ်ာ ယွဥ္ၿပိဳင္သြားမယ္လို႔ အာတီတာ က ေျပာၾကားခဲ့ပါတယ္။