
ဂျွန်တယ်ရီဟာပရီးမီးလိဂ်သို့ကလပ်မန်နေဂျာအဖြစ်ပြန်လာရန်
ကြိုးပမ်းမှုမအောင်မမြင်ဖြစ်ပြီးနောက်အသင်းဟောင်းချဲလ်ဆီးသို့
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနည်းပြတစ်ဦးအဖြစ်အံ့ဩဖွယ်ပြန်လာတော့မှာဖြစ်ပါတယ်။
ချဲလ်ဆီးဂန္ထဝင်အသင်းခေါင်းဆောင်ဟာဗီလာရဲ့လက်ထောက်နည်းပြရာထူးမှ
နုတ်ထွက်လိုက်ပြီးနောက်ကလပ်လက်မဲ့နေခဲ့သူဖြစ်ပါတယ်။The Athletic ရဲ့
ဖော်ပြချက်အရဂျွန်တယ်ရီဟာပရီးမီးယားလိဂ်မန်နေဂျာရာထူးအတွက်
ယှဉ်ပြိုင်ရာတွင်ပြိုင်ဆိုင်မှုအလွန်ပြင်းထန်မှုနဲ့အတူလွန်စွာခက်ခဲခဲ့ကြောင်းသိရပါတယ်။
သူဟာကစားဖော်ဟောင်းလမ်းပတ်ကဲ့သို့ချန်ပီယံရှစ်ကလပ်အသင်း
တစ်သင်းကိုကိုင်တွယ်ရန်မျှော်လင့်ခဲ့ပေမယ့်လည်းခက်ခဲနေခဲ့ပါတယ်။
ယခုအခါသူဟာအသင်းဟောင်းချဲလ်ဆီးသို့ပြန်ကာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။
နည်းစနစ်ပိုင်နှင့်စွမ်းဆောင်မှုပိုင်းအကြံပေးပီတာချက်၊
အငှားတာဝန်ထမ်းဆောင်နေတဲ့နည်းစနစ်ပိုင်းအရာရှိကူဒီစီနီ၊အကယ်ဒမီ
ဒါရိုက်တာနေးလ်ဘတ်တို့ကဂျွန်တယ်ရီကိုအသင်းသို့တကျော့ပြန်လာအောင်
ပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
ဂျွန်တယ်ရီရဲ့နေအိမ်ကချဲလ်ဆီးရဲ့ဆာရေးလေ့ကျင့်ရေးကွင်းအနီးတွင်တည်ရှိမှုနဲ့အတူ
အလုပ်ကိုလက်ခံလိုက်တယ်လို့ယူဆရပါတယ်။
ချဲလ်ဆီးရဲ့လူငယ်ကစားသမားများဟာဂျွန်တယ်ရီရဲ့ဦးဆောင်လမ်းညွှန်မှုဖြင့်
ပိုမိုတောက်ပခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။
zawgyi
လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးနည္းျပတစ္ဦးအျဖစ္အံ့ဩဖြယ္ျပန္လာတဲ့ ဂြၽန္တယ္ရီ
ဂြၽန္တယ္ရီဟာပရီးမီးလိဂ္သို႔ကလပ္မန္ေနဂ်ာအျဖစ္ျပန္လာရန္
ႀကိဳးပမ္းမႈမေအာင္မျမင္ျဖစ္ၿပီးေနာက္အသင္းေဟာင္းခ်ဲလ္ဆီးသို႔
လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးနည္းျပတစ္ဦးအျဖစ္အံ့ဩဖြယ္ျပန္လာေတာ့မွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဂႏၴဝင္အသင္းေခါင္းေဆာင္ဟာဗီလာရဲ႕လက္ေထာက္နည္းျပရာထူးမွ
ႏုတ္ထြက္လိုက္ၿပီးေနာက္ကလပ္လက္မဲ့ေနခဲ့သူျဖစ္ပါတယ္။The Athletic ရဲ႕
ေဖာ္ျပခ်က္အရဂြၽန္တယ္ရီဟာပရီးမီးယားလိဂ္မန္ေနဂ်ာရာထူးအတြက္
ယွဥ္ၿပိဳင္ရာတြင္ၿပိဳင္ဆိုင္မႈအလြန္ျပင္းထန္မႈနဲ႔အတူလြန္စြာခက္ခဲခဲ့ေၾကာင္းသိရပါတယ္။
သူဟာကစားေဖာ္ေဟာင္းလမ္းပတ္ကဲ့သို႔ခ်န္ပီယံရွစ္ကလပ္အသင္း
တစ္သင္းကိုကိုင္တြယ္ရန္ေမွ်ာ္လင့္ခဲ့ေပမယ့္လည္းခက္ခဲေနခဲ့ပါတယ္။
ယခုအခါသူဟာအသင္းေဟာင္းခ်ဲလ္ဆီးသို႔ျပန္ကာလူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္
လုပ္ေဆာင္သြားေတာ့မွာျဖစ္ပါတယ္။
နည္းစနစ္ပိုင္ႏွင့္စြမ္းေဆာင္မႈပိုင္းအႀကံေပးပီတာခ်က္၊
အငွားတာဝန္ထမ္းေဆာင္ေနတဲ့နည္းစနစ္ပိုင္းအရာရွိကူဒီစီနီ၊အကယ္ဒမီ
ဒါ႐ိုက္တာေနးလ္ဘတ္တို႔ကဂြၽန္တယ္ရီကိုအသင္းသို႔တေက်ာ့ျပန္လာေအာင္
ေျပာဆိုခဲ့ၾကတာလည္းျဖစ္ပါတယ္။
ဂြၽန္တယ္ရီရဲ႕ေနအိမ္ကခ်ဲလ္ဆီးရဲ႕ဆာေရးေလ့က်င့္ေရးကြင္းအနီးတြင္တည္ရွိမႈနဲ႔အတူ
အလုပ္ကိုလက္ခံလိုက္တယ္လို႔ယူဆရပါတယ္။
ခ်ဲလ္ဆီးရဲ႕လူငယ္ကစားသမားမ်ားဟာဂြၽန္တယ္ရီရဲ႕ဦးေဆာင္လမ္းၫႊန္မႈျဖင့္
ပိုမိုေတာက္ပခြင့္ရရွိလာေတာ့မွာျဖစ္ပါတယ္။