လူစားလဲခံရလို့အကြီးအကျယ်ပေါက်ကွဲခဲ့တဲ့ ဂျာအိုးဖိလစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်နဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ကက်စ်မဲရိုးရဲ့ဦးဆောင်ဂိုး၊ ကာဗာဂျယ် ရဲ့ ဗော်လီဆွဲကန်သွင်းချက်တို့နဲ့ ရီးရဲလ်တို့ အဖိုးတန်အနိုင်၃မှတ်ကိုရယူသွားနိုင်ခဲ့ပါတယ်။အေတီကို ဟာ ပွဲ အစပိုင်း ကတည်းက အိမ်ရှင် ရီးရဲ မက်ဒရစ် ကို နည်းဗျူဟာ ပိုင်းအရရော ၊ စွမ်းဆောင်ရည်ပိုင်းမှာပါ လုံး၀ ယှဉ်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဲဒီပွဲစဉ်မှာ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ က ပထမပိုင်း၄၅မိနစ်အပြီးမှာ လူစား၃ဦးအထိလဲသွားခဲ့ပြီး နောက်ခံလူဖိလစ်ပီ၊ကွင်းလယ်လူ ကာရက်စ်ကိုနဲ့ ဟာရဲရားတို့ကိုထုတ်ကာ ရီနန်လော်ဒီ၊သောမတ်စ်လီမာနဲ့ ကော်ရဲရားတို့ကိုထည့်သွင်းခဲ့ပါတယ်။

ဒါ့အပြင် မိနစ်၆၀မှာ ပေါ်တူဂီစတားဖိလစ်ကိုပါ ဆောနီဂက်ဇ်နဲ့လူစားလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလိုလုပ်တာဟာ နံပါတ်၇ ကစားသမားလေးအတွက် အံ့အားသင့်စိတ်ပျက်စရာဖြစ်သွားခဲ့ရပါတယ်။ ဖိလစ်ဟာအစောပိုင်းမှာ တည်တည်ငြိမ်ငြိမ်ပဲကွင်းပြင်ထိထွက်လာခဲ့ပေမယ့် အရံခုံတန်းလျားအရောက်မှာတော့ အပြင်းအထန်ကိုပေါက်ကွဲပြခဲ့ပါတော့တယ်။

ဖိလစ်ဟာ ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်မှာ ပုံမှန်ခြေစွမ်းရနေခဲ့ပြီး ပြိုင်ပွဲစုံ၁၇ပွဲမှာ ၈ဂိုးသွင်း၃ဂိုးဖန်တီးပေးထားနိုင်ခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့နိုဝင်ဘာလရဲ့လာလီဂါအကောင်းဆုံးဆုရှင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာလည်း take-ons ၂ကြိမ်မှာ ၂ကြိမ်လုံးအောင်မြင်ပြီး ပွဲရဲ့ဒုတိယtake-ons အများဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အက်သလက်တီကို အသင်းဟာ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းသမိုင်းရဲ့ လာလီဂါပွဲဆက်ရှုံးပွဲမရှိစံချိန်ဖြစ်တဲ့ (၂၆)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းမှာ ရပ်တန့်သွားခဲ့ပါပြီ။ အက်သလက်တီကိုအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဉ်မတိုင်မီ လာလီဂါနောက်ဆုံး (၂၆)ပွဲဆက်ရှုံးပွဲမရှိကစားခဲ့တာဖြစ်ပြီး (၁၇)ပွဲနိုင်၊ (၉)ပွဲသရေရလဒ်ကိုရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်အသင်း အနေအထားကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ တစ်ပတ်တုန်း ကတော့ ရီးရဲလ်မက်ဒရစ်ဟာအနေချန်ပီယံလိဂ် ရှုံးထွက် အဆင့်လည်း တက်ရောက်ဖို့ မသေချာခဲ့တာကြောင့် ဇီဒန်းတစ်ယောက် ရာထူးကနေ နှုတ်ထွက်ရတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်လောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပြင်သစ် သားကြီးဟာ မိုချန် ဂလာဘတ် ကို ပြတ်ပြတ်သားသား အနိုင်ယူပြီး ချန်ပီယံ ရှုံးထွက် အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ့ တက်ရောက်နိုင်အောင် လုပ်ပြသွားခဲ့သလို ၊ စပိန်ကခြေအစွာဆုံး အသင်းတွေဖြစ်တဲ့ ဆီဗီလာ ၊ အေတီကို တို့ကို ဆက်တိုက် အနိုင်ယူပြရင်း ဖိအားတွေ အောက်ကနေ ပြန်လည် ရုန်းထွက် ပြနိုင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူစားလဲခံရလို႔အႀကီးအက်ယ္ေပါက္ကြဲခဲ့တဲ့ ဂ်ာအိုးဖိလစ္

ရီးရဲလ္မက္ဒရစ္နဲ႔အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ရဲ႕ မက္ဒရစ္ဒါဘီပြဲစဥ္မွာ ကက္စ္မဲ႐ိုးရဲ႕ဦးေဆာင္ဂိုး၊ ကာဗာဂ်ယ္ ရဲ႕ ေဗာ္လီဆြဲကန္သြင္းခ်က္တို႔နဲ႔ ရီးရဲလ္တို႔ အဖိုးတန္အႏိုင္၃မွတ္ကိုရယူသြားႏိုင္ခဲ့ပါတယ္။ေအတီကို ဟာ ပြဲ အစပိုင္း ကတည္းက အိမ္ရွင္ ရီးရဲ မက္ဒရစ္ ကို နည္းဗ်ဴဟာ ပိုင္းအရေရာ ၊ စြမ္းေဆာင္ရည္ပိုင္းမွာပါ လုံး၀ ယွဥ္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ အဲဒီပြဲစဥ္မွာ အက္သလက္တီကိုနည္းျပ ဆီျမြန္နီ က ပထမပိုင္း၄၅မိနစ္အၿပီးမွာ လူစား၃ဦးအထိလဲသြားခဲ့ၿပီး ေနာက္ခံလူဖိလစ္ပီ၊ကြင္းလယ္လူ ကာရက္စ္ကိုနဲ႔ ဟာရဲရားတို႔ကိုထုတ္ကာ ရီနန္ေလာ္ဒီ၊ေသာမတ္စ္လီမာနဲ႔ ေကာ္ရဲရားတို႔ကိုထည့္သြင္းခဲ့ပါတယ္။

ဒါ့အျပင္ မိနစ္၆၀မွာ ေပၚတူဂီစတားဖိလစ္ကိုပါ ေဆာနီဂက္ဇ္နဲ႔လူစားလဲဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒီလိုလုပ္တာဟာ နံပါတ္(၇) ကစားသမားေလးအတြက္ အံ့အားသင့္စိတ္ပ်က္စရာျဖစ္သြားခဲ့ရပါတယ္။ ဖိလစ္ဟာအေစာပိုင္းမွာ တည္တည္ၿငိမ္ၿငိမ္ပဲကြင္းျပင္ထိထြက္လာခဲ့ေပမယ့္ အရံခုံတန္းလ်ားအေရာက္မွာေတာ့ အျပင္းအထန္ကိုေပါက္ကြဲျပခဲ့ပါေတာ့တယ္။ ဖိလစ္ဟာ ဒီရာသီမွာ အက္သလက္တီကိုမက္ဒရစ္မွာ ပုံမွန္ေျခစြမ္းရေနခဲ့ၿပီး ၿပိဳင္ပြဲစုံ၁၇ပြဲမွာ ၈ဂိုးသြင္း၃ဂိုးဖန္တီးေပးထားႏိုင္ခဲ့သူျဖစ္ကာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလရဲ႕လာလီဂါအေကာင္းဆုံးဆုရွင္လည္းျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီပြဲမွာလည္း take-ons ၂ႀကိမ္မွာ ၂ႀကိမ္လုံးေအာင္ျမင္ၿပီး ပြဲရဲ႕ဒုတိယtake-ons အမ်ားဆုံးကစားသမားလည္း ျဖစ္ခဲ့ပါတယ္။

အက္သလက္တီကို အသင္းဟာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းသမိုင္းရဲ႕ လာလီဂါပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ျဖစ္တဲ့ (၂၆)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းမွာ ရပ္တန႔္သြားခဲ့ပါၿပီ။ အက္သလက္တီကိုအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ပြဲစဥ္မတိုင္မီ လာလီဂါေနာက္ဆုံး (၂၆)ပြဲဆက္ရႈံးပြဲမရွိကစားခဲ့တာျဖစ္ၿပီး (၁၇)ပြဲႏိုင္၊ (၉)ပြဲသေရရလဒ္ကိုရရွိခဲ့တာ ျဖစ္ပါတယ္။

တစ္ဖက္အသင္း အ​ေနအထားကိုၾကည့္မယ္ဆိုရင္ လြန္ခဲ့တဲ့ တစ္ပတ္တုန္း ကေတာ့ ရီးရဲလ္မက္ဒရစ္ဟာအေနခ်န္ပီယံလိဂ္ ရႈံးထြက္ အဆင့္လည္း တက္ေရာက္ဖို႔ မေသခ်ာခဲ့တာေၾကာင့္ ဇီဒန္းတစ္​ေယာက္ ရာထူးကေန ႏႈတ္ထြက္ရေတာ့မယ္ ဆိုတဲ့ သတင္းေတြ က်ယ္ေလာင္ခဲ့ပါတယ္။အဲဒီေနာက္ပိုင္းမွာေတာ့ ျပင္သစ္ သားႀကီးဟာ မိုခ်န္ ဂလာဘတ္ ကို ျပတ္ျပတ္သားသား အႏိုင္ယူၿပီး ခ်န္ပီယံ ရႈံးထြက္ အဆင့္ကို အုပ္စုဗိုလ္ အျဖစ္နဲ႔ တက္ေရာက္ႏိုင္ေအာင္ လုပ္ျပသြားခဲ့သလို ၊ စပိန္ကေျခအစြာဆုံး အသင္း​ေတြျဖစ္တဲ့ ဆီဗီလာ ၊ ေအတီကို တို႔ကို ဆက္တိုက္ အႏိုင္ယူျပရင္း ဖိအားေတြ ေအာက္ကေန ျပန္လည္ ႐ုန္းထြက္ ျပႏိုင္ခဲ့ပါၿပီ။