လူးဝစ်ဆွာရက်ဇ်ဟာစနေနေ့တုန်းကအက်သလက်တီကိုမက်ဒရစ်ကဆီဗီလာကို
၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာလူစားလဲခြင်းခံခဲ့ရပြီးနောက်နည်းပြဒီယေဂိုဆီမြွန်နီကို
အကြီးအကျယ်ဆဲရေးတိုင်းတာခဲ့ကြောင်းသိရပါတယ်။
အက်သလက်တီကိုနှင့်ဆီဗီလာတို့တစ်ဂိုးစီသရေကျနေချိန်တွင်
အက်သလက်တီကိုနည်းပြဒီယေဂိုဆီမြွန်နီဟာလူးဝစ်ဆွာရက်ဇ်ကိုထုတ်ပြီး
မားသီးယပ်စ်ကန်ဟာကိုထည့်သွင်းခဲ့ပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာလူစားလဲခံရပြီးနောက်
ကွင်းအတွင်းထွက်လာချိန်တွင်ဆဲရေးတိုင်းထွာမှုပြုလုပ်နေခဲ့တာ
တွေ့ရပါတယ်။ဒါတင်မကသေးပါဘူး။
အသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးဟာအရန်ခုံမှာထိုင်နေချိန်မှာလည်း
ဆဲရေးတိုင်းထွာနေတာတွေ့ရပါတယ်။
Marca ရဲ့ဖော်ပြချက်အရ လူးဝစ်ဆွာရက်ဇ်က “သောက်ရူးနားကန်း
လုပ်လိုက်ရင်ဒီအတိုင်းချည်းပဲ”လို့ ဆဲရေးခဲ့ကြောင်းဖော်ပြသွားပါတယ်။
လူးဝစ်ဆွာရက်ဇ်ကိုလူစားလဲမှုကဒီယေဆီမြွန်နီအတွက်
နည်းဗျူဟာပြောင်းလဲမှုအမှားဖြစ်ကြောင်းတွေ့ရပါတယ်။ဆီဗီလာဟာ
အိုကမ်ပို့စ်ရဲ့နောက်ကျဂိုးနဲ့အက်သလက်တီကိုအား၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
zawgyi
လူစားလဲခံရလို့ ဆဲရေးတိုင်းထွာမှုပြုလုပ်နေခဲ့တဲ့ ဆွာရက်ဇ်